သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Rio အိုလံပစ်ပွဲတော် ဖွင့်လှစ်


ရီယို ဒီဂျနေးရိုးမြို့က အိုလံပစ်ဖွင့်ပွဲမှာ ဘရာဇီးကို ချစ်မြတ်နိုးကြောင်းရေးဖွဲ့ထားတဲ့ တေးသီချင်းကိုသီဆိုရင်းထောင်သောင်းချီတဲ့ လူအုပ်ကြီးနဲ့ အိုလံပစ်အားကစားပွဲကို သောကြာနေ့ညက တရားဝင်ဖွင့်လှစ်လိုက်ပါတယ်။

ဖွင့်ပွဲရဲ့ အဆင့်မြင့်ထုတ်လုပ်ရေးမှူးဖြစ်တဲ့ Marcp Balich ဟာ ၂၀၀၆Turin နဲ့ ၂၀၁၄ ဆိုချီ ဆောင်းရာသီအိုလံပစ်ဖွင့်ပွဲတွေအပါအဝင် တိုက်ကြီး ငါးတိုက်က အခမ်းအနားပေါင်း ၁၇ ခုမှာ လုပ်သက် အတွေ့အကြုံရှိခဲ့သူဖြစ်ပါတယ်။ ရီယို အိုလံပစ် ဖွင့်ပွဲမှာတော့ ဘရာဇီးနိင်ငံရဲ့ လူမှုစီးပွားရေး စိန်ခေါ်ချက်တွေကို ထင်ဟပ်မှုမရှိဘဲ စိတ်လှုပ်ရှားစေတဲ့ ဖျော်ဖြေမှုဖြစ်စေချင်သလို သဘာဝပတ်ဝန်းကျင်နဲ့ ကမ္ဘာကြီးရဲ့ အနာဂတ်အတွက်လည်း သတင်းစကားပါးချင်တယ်လို့သူကပြောပါတယ်။

ဖွင့်ပွဲကို ရုပ်မြင်သံကြားကနေ လူ သန်းပေါင်းများစွာစောင့်ပြီး ကြည့်ရှုခဲ့ကြတာပါ။ နိုင်ငံပေါင်း ၂၀၀ ကျော်က အားကစားသမားတွေထဲမှာ ပထမဆုံးအနေနဲ့ ပါဝင်လာတဲ့ဒုက္ခသည်အားကစားသင်းမှာတော့ တောင်ဆူဒန်၊ အီသီယိုပီးယား၊ ဆီးရီးယားနဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတ နိုင်ငံက အားကစားသမား ၁၀ ဦး ပါဝင်ပြီး သူတို့အားလုံးကိုတော့ အိမ်ရှင်တိုင်းပြည်တွေဖြစ်ကြတဲ့ ကင်ညာ၊ လူဇင်ဘတ်ဂ်၊ ဘရာဇီး၊ ဘယ်လ်ဂျီယံနဲ့ ဂျာမနီနိုင်ငံတွေက အိုလံပစ် ကော်မတီတွေက ရွေးချယ်ခဲ့တာပါ။ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၄ ဦး ပါဝင်တဲ့ ဒုက္ခသည် အားကစားသင်းအား အပြေး၊ ဂျုဒိုနဲ့ ရေကူးပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဖွင့်ပွဲအခမ်းအနားကိုတော့ မီးရှုးမီးပန်းတွေပစ်ဖောက်ပြီး ဘရာဇီးနိုင်ငံသားတွေသဘောကျတဲ့ တောက်တောက်ပပ အရောင်စုံ အဝတ်အစား တွေ ဝတ်စားထားကြတဲ့ ဒါဇင်နဲ့ချီတဲ့ အကပညာရှင်တွေလည်း ဖျော်ဖြေခဲ့ကြတာပါ။ ဖွင့်ပွဲအခမ်းအနားမှာ ဘရာဇီးနိုင်ငံက ဂရမ်မီဆုရှင် Gilberto Gil ရေးစပ်တဲ့ Aquele Abraco သီချင်းနဲ့ ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။

Rio အိုလံပစ်ပွဲတော် ဖွင့်လှစ်
please wait

No media source currently available

0:00 0:01:38 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG