သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အိႏၵိယႏြယ္ဖြားတဦး ပထမဆုံး ၿဗိတိန္ဝန္ႀကီးခ်ဳပ္ျဖစ္လာ


Rishi Sunak in London

[[Zawgyi/Unicode]]

ၿဗိတိန္ႏိုင္ငံရဲ႕ဝန္ႀကီးခ်ဳပ္သစ္အျဖစ္ ဘ႑ာေရးဝန္ႀကီးေဟာင္း Rishi Sunak ကို လက္ရွိအာဏာရ ကြန္ဆာေဗးတစ္ပါတီက ေရြးခ်ယ္ တင္ေျမာက္လိုက္ပါၿပီ။

ရာထူးကႏုတ္ထြက္သြားတဲ့ဝန္ႀကီးခ်ဳပ္ Liz Truss ရဲ႕ေနရာကို အစားထိုးႏိုင္ေရး ဝန္ႀကီးခ်ဳပ္ရာထူးကိုဝင္ေရာက္ယွဥ္ၿပိဳင္လိုသူ ကိုယ္စားလွယ္ေလာင္းအေနနဲ႔ အာဏာရ ကြန္ဆာေဗးတစ္ပါတီက အမတ္ ၁၀၀ ရဲ႕ ေထာက္ခံမႈရရွိရမွာ ျဖစ္ပါတယ္။ အေစာပိုင္းမွာ ယွဥ္ၿပိဳင္လိုတဲ့ကိုယ္စားလွယ္ေလာင္းအမည္တခ်ဳိ႕ ထြက္လာခဲ့ေပမယ့္ ဒီကေန႔ ေနာက္ဆုံး အမည္စာရင္းတင္သြင္းရမယ့္ ေနာက္ဆုံးအခ်ိန္မွာ Rishi Sunak တဦးသာ လႊတ္ေတာ္အမတ္ ၁၀၀ ရဲ႕ ေထာက္ခံမဲရခဲ့တာေၾကာင့္ ဝန္ႀကီးခ်ဳပ္အျဖစ္ ကြန္ဆာေဗးတစ္ပါတီက တညီတၫြတ္တည္း ေရြးခ်ယ္ တင္ေျမွာက္လိုက္တာ ျဖစ္ပါတယ္။

ဝန္ႀကီးခ်ဳပ္သစ္ Rishi Sunak ဟာ ၄၅ ရက္အတြင္း တတိယေျမာက္ ဝန္ႀကီးခ်ဳပ္ျဖစ္လာသူလည္း ျဖစ္ပါတယ္။ ဝန္ႀကီးခ်ဳပ္သစ္အေနနဲ႔ လတ္တေလာ ၿဗိတိန္မွာ ရင္ဆိုင္ေနရတဲ့ စီးပြားေရးအက်ည္အတည္းကို ဦးစားေပးကိုင္တြယ္ ေျဖရွင္းရမွာျဖစ္သလို ပါတီတြင္း စည္းလုံးၫြတ္မႈကိုလည္း တဘက္က တည္ေဆာက္ရမွာ ျဖစ္ပါတယ္။

အသက္ ၄၂ အရြယ္ အိႏၵိယႏြယ္ဖြားဝန္ႀကီးခ်ဳပ္သစ္ဟာ ၿဗိတိန္ႏိုင္ငံမွာ ႏွစ္ေပါင္း ၂၀၀ အတြင္း ပထမဆုံး အသက္ အငယ္ဆုံးဝန္ႀကီးခ်ဳပ္လည္း ျဖစ္ပါတယ္။


#RishiSunak #UKPolicics #ၿဗိတိန္ႏုိင္ငံေရး #ဝန္ႀကီးခ်ဳပ္သစ္ #ကြန္ဆာေဗးတစ္ပါတီ
=================

[[Unicode]]

အိန္ဒိယနွယ်ဖွားတဦး ပထမဆုံး ဗြိတိန်ဝန်ကြီးချုပ်ဖြစ်လာ

ဗြိတိန်နိုင်ငံရဲ့ဝန်ကြီးချုပ်သစ်အဖြစ် ဘဏ္ဍာရေးဝန်ကြီးဟောင်း Rishi Sunak ကို လက်ရှိအာဏာရ ကွန်ဆာဗေးတစ်ပါတီက ရွေးချယ် တင်မြောက်လိုက်ပါပြီ။

ရာထူးကနုတ်ထွက်သွားတဲ့ဝန်ကြီးချုပ် Liz Truss ရဲ့နေရာကို အစားထိုးနိုင်ရေး ဝန်ကြီးချုပ်ရာထူးကိုဝင်ရောက်ယှဉ်ပြိုင်လိုသူ ကိုယ်စားလှယ်လောင်းအနေနဲ့ အာဏာရ ကွန်ဆာဗေးတစ်ပါတီက အမတ် ၁၀၀ ရဲ့ ထောက်ခံမှုရရှိရမှာ ဖြစ်ပါတယ်။ အစောပိုင်းမှာ ယှဉ်ပြိုင်လိုတဲ့ကိုယ်စားလှယ်လောင်းအမည်တချို့ ထွက်လာခဲ့ပေမယ့် ဒီကနေ့ နောက်ဆုံး အမည်စာရင်းတင်သွင်းရမယ့် နောက်ဆုံးအချိန်မှာ Rishi Sunak တဦးသာ လွှတ်တော်အမတ် ၁၀၀ ရဲ့ ထောက်ခံမဲရခဲ့တာကြောင့် ဝန်ကြီးချုပ်အဖြစ် ကွန်ဆာဗေးတစ်ပါတီက တညီတညွတ်တည်း ရွေးချယ် တင်မြှောက်လိုက်တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်သစ် Rishi Sunak ဟာ ၄၅ ရက်အတွင်း တတိယမြောက် ဝန်ကြီးချုပ်ဖြစ်လာသူလည်း ဖြစ်ပါတယ်။ ဝန်ကြီးချုပ်သစ်အနေနဲ့ လတ်တလော ဗြိတိန်မှာ ရင်ဆိုင်နေရတဲ့ စီးပွားရေးအကျည်အတည်းကို ဦးစားပေးကိုင်တွယ် ဖြေရှင်းရမှာဖြစ်သလို ပါတီတွင်း စည်းလုံးညွတ်မှုကိုလည်း တဘက်က တည်ဆောက်ရမှာ ဖြစ်ပါတယ်။

အသက် ၄၂ အရွယ် အိန္ဒိယနွယ်ဖွားဝန်ကြီးချုပ်သစ်ဟာ ဗြိတိန်နိုင်ငံမှာ နှစ်ပေါင်း ၂၀၀ အတွင်း ပထမဆုံး အသက် အငယ်ဆုံးဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။
#RishiSunak #UKPolicics #ဗြိတိန်နိုင်ငံရေး #ဝန်ကြီးချုပ်သစ် #ကွန်ဆာဗေးတစ်ပါတီ
=================

XS
SM
MD
LG