သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှအရေး အမေရိကန် အလေးပေး ဆောင်ရွက်သွားမည်


အာရှအရေး အမေရိကန် အလေးပေး ဆောင်ရွက်သွားမည်
အာရှအရေး အမေရိကန် အလေးပေး ဆောင်ရွက်သွားမည်

အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က အမေရိကန် ပြည်ထောင်စုဟာ အာရှဒေသအပေါ် အလေးအနက် ထားဆဲပဲလို့ စင်ကာပူနိုင်ငံမှာ မကြာခင် ကျင်းပတော့မယ့် လုံခြုံရေးရာ ထိပ်သီး ဆွေးနွေးပွဲမှာ အလေးပေး ပြောကြားမယ်လို့ ပြောဆိုလိုက်ပါတယ်။

အာရှ၊ ပစိဖိတ်ဒေသ တလွှားက ကာကွယ်ရေးဝန်ကြီးတွေ၊ စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေ တက်ရောက်ကြမယ့် ရှန်ဂရီလာခေါ် လုံခြုံရေးရာ ဆွေးနွေးပွဲကို အသွား ဟာဝိုင်ယီကျွန်းမှာ ခရီးတထောက် နားနေတုန်း မစ္စတာ ဂိတ်စ်က သတင်းထောက်တွေကို ပြောဆိုလိုက်တာပါ။

တရုတ်နိုင်ငံကလည်း ဒီအစည်းအဝေးမှာ ပထမဆုံးအကြိမ် ပါဝင်ဖို့အတွက် ကာကွယ်ရေးဝန်ကြီးကို စေလွှတ်မှာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ဘတ်ဂျက် ကန့်သတ်မှုတွေရှိတဲ့ အခြေအနေ ရှိပေမဲ့ အာရှဒေသက မဟာမိတ်တွေ၊ မိတ်ဆွေတွေရဲ့ ဆက်ဆံရေးကို ဆက်ပြီး တည်ဆောက်သွားမှာဆိုတဲ့ အရေးကြီးတဲ့ သတင်းစကားကို ပါးမယ်လို့ ဇွန်လမှာ ရာထူးက အနားယူတော့မယ့် မစ္စတာ ဂိတ်စ်က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုဘက်က ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ် စတိုင်းဘာ့ဂ် (James Steinberg) လည်း ဒီအစည်းအဝေး တက်ရောက်မှာဖြစ်ပြီး သူက ဟောင်ကောင်မှာ ခရီးတထောက် နားတဲ့အခါ ဟောင်ကောင်ရဲ့ ထိပ်တန်းအရာရှိတွေ၊ ဒေသခံတွေနဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG