သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ၆၀၀၀ ပထမ အသုတ် ဌာနေပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်စီစဉ်


ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ အမျိုးသမီးနဲ့ ကလေးငယ်များ
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ အမျိုးသမီးနဲ့ ကလေးငယ်များ

ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေသူတွေထဲက ပထမအသုတ်အဖြစ် ရိုဟင်ဂျာ ၆၀၀၀ ကို ပြန်ပို့ဖို့ စီစဉ်နေပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Abul Hassan Mahmood Ali က ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်း ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၂ နိုင်ငံကြား နားလည်မှုစာချွန်လွှာ ချုပ်ဆိုခဲ့ပြီး ၉ လကြာတဲ့အထိ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကို မစနိုင်သေးပဲ ဖြစ်နေတာပါ။

အခု ပထမအသုတ်အဖြစ် ရိုဟင်ဂျာ ၆၀၀၀ ကို ပြန်ပို့မှာ ဖြစ်ပြီး သူတို့နာမည်တွေနဲ့ သူတို့နေထိုင်ရာရွာတွေ ကိုက်ညီမှု ရှိမရှိ မြန်မာအစိုးရကို မေးထားကြောင်း တနင်္ဂနွေနေ့က Dhaka မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး Mahmood Ali က နိုင်ငံခြားသတင်းထောက်တွေကို ပြောပါတယ်။ ဒါ့အပြင် မြန်မာ- ဘင်္ဂလာဒေ့ရှ် ၂ နိုင်ငံပူးတွဲ အလုပ်အဖွဲ့ ဆွေးနွေးပွဲကိုလည်း အောက်တိုဘာလ ၂၈ ရက်နေ့မှာ ပြုလုပ်မယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အိန္ဒိယအစိုးရ ဆောက်လုပ်ပေးထားတဲ့ နေရပ်ရင်းပြန်မယ့် ရိုဟင်ဂျာတွေနေထိုင်မယ့် အိမ်တွေကို သြဂုတ်လတုန်းက ရဟတ်ယာဉ်နဲ့ သွားရောက်စစ်ဆေးခဲ့တယ်လို့ပြောပါတယ်။ ဒါ့အပြင် အခုဆို ဒီအိမ်တွေဟာ နေထိုင်ဖို့ အဆင်သင့်ဖြစ်နေပြီ လို့လည်းပြောပါတယ်။
အိန္ဒိယအစိုးရက ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအစီအစဉ်အတွက် ၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၅ သန်း အကူညီပေးဖို့လျာထား သလို ဒီအစီအစဉ်အရ ဌာနေပြန် ရိုဟင်ဂျာတွေ နေထိုင်ဖို့ နေအိမ် အလုံးပေါင်း ၂၅၀ ဆောက်လုပ်ပြီးစီးပြီဖြစ်ပါတယ်။

အိန္ဒိယက နေအိမ်တွေ စတင်ဆောက်လုပ်လာချိန်မှာ တရုတ်အစိုးရကလည်း ရိုဟင်ဂျာတွေ အတွက် နေအိမ် အလုံးပေါင်း တထောင် ဆောက်လုပ်ပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ကမ်းလှမ်းခဲ့ပါတယ်။

ရိုဟင်ဂျာ ၆,၀၀၀ ပထမအသုတ် ဌာနေပြန်ပို့ဖို့ Bangladesh စီစဉ်
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG