[[Zawgyi/Unicode]]
ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း ေရာက္ေနၾကတဲ့ ႐ိုဟင္ဂ်ာေတြ ျမန္မာႏိုင္ငံကို ေဘးကင္းလုံၿခဳံစြာ အျမန္ဆုံး ျပန္ႏိုင္ေရး ျမန္မာဘက္က ေဆာင္႐ြက္လာေအာင္ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ျဖစ္ႏိုင္တဲ့နည္းလမ္းစုံသုံးၿပီး စည္း႐ုံး ေျပာၾကားေပးဖို႔ အေမရိကန္လႊတ္ေတာ္မတ္ေတြကို ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရးဝန္ႀကီး ေဒါက္တာ A K Abdul Momen က ေတာင္းဆိုလိုက္ပါတယ္။
ေဂ်ာ္ဂ်ီယာျပည္နယ္ကိုယ္စားျပဳ ဒီမိုကရက္ပါတီက အထက္လႊတ္ေတာ္မတ္ John Assaf ၊ အာရွ-ပစိဖိတ္၊ ဗဟိုအာရွနဲ႔ လက္နက္မျပန႔္ပြားေရးဆိုင္ရာ ေအာက္လႊတ္ ေတာ္ ႏိုင္ငံျခားေရးရာေကာ္မီတီဥကၠ႒ ကာလီဖိုးနီးယားျပည္နယ္ ဒီမိုကရက္ပါတီ ေအာက္လႊတ္ေတာ္အမတ္ Amy Berer တို႔နဲ႔ ဝန္ႀကီး Momen တို႔ ေတြ႕ဆုံစဥ္ အဲဒီလို ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။
႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ဘဂၤလားေဒ့ရွ္က လက္ခံေပးထားတဲ့အေပၚ ေက်းဇူးတင္ေၾကာင္း လႊတ္ေတာ္အမတ္ေတြက ေျပာၾကားခဲ့ၿပီး သူတို႔ဘက္ကလည္း အတတ္ႏိုင္ဆုံး ဆက္လက္ ကူညီပံ့ပိုးေပးသြားမယ္လို႔ ဝန္ႀကီး Abdul Momen ကို ေျပာၾကားခဲ့တယ္လို႔ ဆိုပါတယ္။
႐ိုဟင္ဂ်ာလို႔ေခၚဆိုတာကို အာဏာသိမ္းစစ္ေကာင္စီက လက္မခံတဲ့အျပင္ ႐ိုဟင္ ဂ်ာဆိုတာ မရွိဘူးဆိုၿပီးေတာ့ပါ ျငင္းဆိုထားပါ တယ္။
===============
[[Unicode]]
ရိုဟင်ဂျာတွေ မြန်မာနိုင်ငံပြန်နိုင်ရေး အမေရိကန်တွန်းအားပေးဖို့ ဘင်္ဂလားဒေ့ရှ် တောင်းဆို
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရောက်နေကြတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံစွာ အမြန်ဆုံး ပြန်နိုင်ရေး မြန်မာဘက်က ဆောင်ရွက်လာအောင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဖြစ်နိုင်တဲ့နည်းလမ်းစုံသုံးပြီး စည်းရုံး ပြောကြားပေးဖို့ အမေရိကန်လွှတ်တော်မတ်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ A K Abdul Momen က တောင်းဆိုလိုက်ပါတယ်။
ဂျော်ဂျီယာပြည်နယ်ကိုယ်စားပြု ဒီမိုကရက်ပါတီက အထက်လွှတ်တော်မတ် John Assaf ၊ အာရှ-ပစိဖိတ်၊ ဗဟိုအာရှနဲ့ လက်နက်မပြန့်ပွားရေးဆိုင်ရာ အောက်လွှတ် တော် နိုင်ငံခြားရေးရာကော်မီတီဥက္ကဋ္ဌ ကာလီဖိုးနီးယားပြည်နယ် ဒီမိုကရက်ပါတီ အောက်လွှတ်တော်အမတ် Amy Berer တို့နဲ့ ဝန်ကြီး Momen တို့ တွေ့ဆုံစဉ် အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်က လက်ခံပေးထားတဲ့အပေါ် ကျေးဇူးတင်ကြောင်း လွှတ်တော်အမတ်တွေက ပြောကြားခဲ့ပြီး သူတို့ဘက်ကလည်း အတတ်နိုင်ဆုံး ဆက်လက် ကူညီပံ့ပိုးပေးသွားမယ်လို့ ဝန်ကြီး Abdul Momen ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာလို့ခေါ်ဆိုတာကို အာဏာသိမ်းစစ်ကောင်စီက လက်မခံတဲ့အပြင် ရိုဟင် ဂျာဆိုတာ မရှိဘူးဆိုပြီးတော့ပါ ငြင်းဆိုထားပါ တယ်။
===============