{{Zawgyi/Unicode}}
နိုင္ငံတကာက စိုးရိမ္မႈေတြရွိေနတဲ့ၾကားမွာပဲ ရိုဟင္ဂ်ာဒုကၡသည္ ေနာက္ထပ္ ရာနဲ႔ခ်ီၿပီး ဘဂၤလားပင္လယ္ေအာ္ထဲက Bhashan Char က်ြန္းဆီ ဘဂၤလားေဒ့ရွ္အစိုးရက ဒီကေန႔ စၿပီး ေရႊ႕ေျပာင္းေနပါတယ္။
ဒုကၡသည္ေျပာင္းေရႊ႕ေရးကို ၾကီးၾကပ္တဲ့ ဘဂၤလားေဒ့ရွ္တာဝန္ရွိသူ Shamsud Douza က ရိုဟင္ဂ်ာဒုကၡသည္ ၃၇၉ ေယာက္ကို ေရတပ္သေဘၤာနဲ ့ စစ္တေကာင္းကေန Bhasan Char က်ြန္းေပၚ ပို႔မယ္လုိ႔ေျပာပါတယ္။
ပိုမိုလံုျခံဳေကာင္းမြန္တဲ့ ဘ၀ေတြအတြက္ သူတို႔ဆႏၵအေလ်ာက္ သြားၾကတာျဖစ္ျပီး အစားအစာနဲ႔ ေဆးဝါးကအစ အာဏာပိုင္ေတြက စီစဥ္ေပးထားတယ္လို ့ဆိုပါတယ္။
လာမယ့္သီတင္းပတ္ေတြအတြင္းမွာလည္း ဒုကၡသည္ ၁,၅၀၀ ေလာက္ အသုတ္လိုက္ ပို႔သြားမယ္လို ဆိုပါတယ္။
လြန္ခဲ့တဲ့ ၁၁ လက စတင္ျပီး ရိုဟင္ဂ်ာဒုကၡသည္ေတြကို Bhasan Char က်ြန္းေပၚ ပို႔ခဲ့တာျဖစ္ျပီး အခုဆိုရင္ က်ြန္းေပၚမွာ လူ တသိန္းေက်ာ္ေလာက္ ေနထိုင္ဖို ့ အဆင္သင့္ျဖစ္ေနျပီလို႔ Douza က ေျပာပါတယ္။
ဒုကၡသည္ ေနာက္အသုတ္ကို ဘယ္ေတာ့ ကၽြန္းေပၚပို႔မယ္ဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။
=============
{{Unicode}}
ရိုဟင်ဂျာဒုက္ခသည် နောက်ထပ် ၃၈၀ နီးပါး Bhasan Char ကျွန်းပေါ် စတင်ပြောင်းရွှေ့
နိုင်ငံတကာက စိုးရိမ်မှုတွေရှိနေတဲ့ကြားမှာပဲ ရိုဟင်ဂျာဒုက္ခသည် နောက်ထပ် ရာနဲ့ချီပြီး ဘင်္ဂလားပင်လယ်အော်ထဲက Bhashan Char ကျွန်းဆီ ဘင်္ဂလားဒေ့ရှ်အစိုးရက ဒီကနေ့ စပြီး ရွှေ့ပြောင်းနေပါတယ်။
ဒုက္ခသည်ပြောင်းရွှေ့ရေးကို ကြီးကြပ်တဲ့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူ Shamsud Douza က ရိုဟင်ဂျာဒုက္ခသည် ၃၇၉ ယောက်ကို ရေတပ်သင်္ဘောနဲ့ စစ်တကောင်းကနေ Bhasan Char ကျွန်းပေါ် ပို့မယ်လို့ပြောပါတယ်။
ပိုမိုလုံခြုံကောင်းမွန်တဲ့ ဘဝတွေအတွက် သူတို့ဆန္ဒအလျောက် သွားကြတာဖြစ်ပြီး အစားအစာနဲ့ ဆေးဝါးကအစ အာဏာပိုင်တွေက စီစဉ်ပေးထားတယ်လို့ဆိုပါတယ်။
လာမယ့်သီတင်းပတ်တွေအတွင်းမှာလည်း ဒုက္ခသည် ၁,၅၀၀ လောက် အသုတ်လိုက် ပို့သွားမယ်လို ဆိုပါတယ်။
လွန်ခဲ့တဲ့ ၁၁ လက စတင်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေကို Bhasan Char ကျွန်းပေါ် ပို့ခဲ့တာဖြစ်ပြီး အခုဆိုရင် ကျွန်းပေါ်မှာ လူ တသိန်းကျော်လောက် နေထိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ Douza က ပြောပါတယ်။
ဒုက္ခသည် နောက်အသုတ်ကို ဘယ်တော့ ကျွန်းပေါ်ပို့မယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
#Rohingya #BhasanChar #voaburmese #ရိုဟင်ဂျာ #ဗွီအိုအေမြန်မာပိုင်း
=============