သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနယ်စပ်မှာထိမ်းသိမ်းထားတဲ့ရိုဟင်ဂျာကလေးတချို့ ထွက်ပြေးလွတ်မြောက်


ရိုဟင်ဂျာကလေးတွေထားခဲ့တဲ့အဆောင်
ရိုဟင်ဂျာကလေးတွေထားခဲ့တဲ့အဆောင်

ထိုင်းနဲ့ မလေးရှား နိုင်ငံနယ်စပ် ဆုန်ခလာခရိုင်၊ ရသဖုန်းနယ်မြေ ရဲစခန်းမှာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာကလေး ၁၃ ယောက်ဟာ ဇွန်လ ၂၅ ရက်နေ့က ထွက်ပြေးသွားခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ တဦးသာ ပြန်လည်ဖမ်းမိခဲ့ပြီး လိုက်လံရှာဖွေနေတယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်းထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမလေးနယ်စပ်ဆုံခလာပြည်နယ်ထဲမှာ တရားမဝင် ဝင်ရောက်မှုှုဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ ရိုဟင်ဂျာတွေထဲမှာ လူကြီးတွေကိုတော့ ရဲစခန်းအချုပ်မှာ ထိန်းသိမ်းထားပြီး အသက် ၁၃နှစ်ကနေ အသက် ၁၇ကြား ကလေး ၁၃ ဦးကိုတေ့ ရသဖုန်းရဲစခန်း အနောက်က အဆောင်တခုမှာထိမ်းသိမ်းထားခဲ့တာပါ။ ဒီထဲက ကလေးတွေကတော့ ဇွန်လ ၂၅ရက်နေ့က ထွက်ပြေးသွားခဲ့ကြောင်းဆုန်ခလာပြည်နယ် ရွှေပြောင်း အလုပ်သမားအခွင့်အရေးကွန်ယက် တာဝန်ခံ ဦးဘရီက အခုလိုပြောပြပါတယ်။

"ရိုဟင်ဂျာ ကလေး ၁၃ယောက် က ဆုန်ခလာပြည်နယ် ရသဖုန်းနယ်မြေထဲမှာ ဖမ်းခံထိပြီးတော့ ဆုန်ခလာရဲစခန်းမှာပဲထိမ်းသိမ်းထားပြီးတော့ ဒီကလေးတွေက အသက် ၁၈နှစ်မပြည့်သေးတော့ သူတို့ကို ရဲစခန်းထဲမှာ မထားပဲနဲ့ ရဲစခန်းအပိုင်ထဲက နောက်က အဆောင်မှာပဲသူတို့ု့ လွတ်လွတ်လပ်လပ်ထားတယ်၊ နောက်အဆောင်မှာထားတော့ သူတို့က ပြီးခဲ့တဲ့ ၂၅ရက်နေ့က ထွက်ပြေးကြတယ်၊ ထွက်ပြေးတော့ ပြန်ဖမ်းမိတာတယောက်ပဲရှိတယ်၊ ကျန်တဲ့ ၁၂ယောက်က လွတ်မြောက်သွားတယ် ဒီအတိုင်းအတာကို သုံးသပ်ကြည့်တာက ထွက်ပြေးတာ ပွဲစားနဲ့ဖြစ်နိုင်တယ် ယူဆလို့ရတာပေါ့ နိုမို့ဆိုရင် ဒီလောက်ဆို ဒီကလေးတွေကဖမ်းမိနေပြီ"

ရဲစခန်းဝင်းအတွင်းက အဆောင်မှာ ထားရာကနေ ထွက်ပြေးသွားခဲ့တာကြောင့် ဖမ်းမိတဲ့ ကလေးတဦးကိုတော့ အဆောင်မှာမထားတော့ပဲ ရဲစခန်းထဲက အချုပ်မှာ လက်ရှိထားထားတယ်လို့လည်း ပြောပါတယ်။ အခုလိုထွက်ပြေးတာမျိုး အရင်တုန်းကလည်း စဒေါင်ရဲစခန်းမှာ ဖြစ်ခဲ့ဖူးပြီး အဲဒီ ရဲစခန်းမှာတော့ ထွက်ပြေးသူတွေက လူကြီးတွေဖြစ်တယ်လို့ ဦးဘရီက ပြောပါတယ်။

ရိုဟင်ဂျာကလေးတွေနေခဲ့တဲ့ အခန်း
ရိုဟင်ဂျာကလေးတွေနေခဲ့တဲ့ အခန်း

"အရင်တုန်းကလည်းစဒေါင်ရဲစခန်းမှာဖြစ်ဖူးတယ်။ ကလေးတွေလည်းမဟုတ်ဘူး။ ရိုဟင်ဂျာတွေ ဆိုတော့ အနေကြာလာတော့ သူတို့ကို ကျန်းမာရေးအတွက်ဆိုပြီး အပြင်ထွက်ပြီး ၈နာရီဆိုလေ့ကျင့်ခန်းတွေ လုပ်ခိုင်းတယ်။ အပြင်မှာလမ်းလျောက်ခိုင်းတယ်။ သန့်ရှင်းရေးတွေ လုပ်ခိုင်းတယ်။ အပြင်မှာထားတော့ အခွင့်ရတော့ထွက်ပြေးဖူးတာတွေလည်းဖြစ်ဖူးပါတယ်"

အခု လွတ်မြောက်သွားတဲ့ မိန်းခလေးနဲ့ ယောက်ကျားလေး စုစုပေါင်း ၁၂ဦး ကိုပြန်လည်ဖမ်းဆီးနိုင်ဖို့ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေဟာ စီစီတီဗီ နဲ့ ပြည်သူတွေရဲ့ သတင်းပေးလာတဲ့ အချက်လက်တွေကို စစ်ဆေးပြီး လိုက်လံရှာဖွေနေကြပါတယ်။ အခုလို ထွက်‌ပြေးသွားခဲ့တဲ့ဖြစ်ရပ်ကြောင့် ညပိုင်း တာဝန်ကျတဲ့ ရဲအရာရှိကိုလည်း နယ်ပြောင်းရွေ့ အရေးယူလိုက်တယ်လို့ ဆန်ခလာပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ထိုင်း−မြန်မာနယ်စပ်နဲ့ ထိုင်း−မလေးနယ်စပ်တွေမှာ ရိုဟင်ဂျာတွေကိုအစုလိုက် ဖမ်းဆီးမိတာတွေ မကြာခဏ ရှိသလို အများစုကတော့ မလေးရှားကို ခိုးဝင်ဖို့ကြိုးစာရင်း လူကုန်ကူးသူတွေက လမ်းမှာစွန့်ပစ်ပြီးထားခဲ့တာကြောင့် ထိုင်းလုံခြုံရေးအဖွဲ့တွေက ဖမ်းမိကြသူတွေ များပါတယ်။ သူတို့ကိုတော့ တရားမဝင်ခိုးဝင်မှုတွေနဲ့ အရေးယူခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG