သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေရှ့် နဲ့ တရုတ် ရိုဟင်ဂျာ အရေး ပူးပေါင်းဖြေရှင်းမည်

Rohingya refugees
Rohingya refugees

ရိုဟင်ဂျာအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနေတာမှာ ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းဆောင်ရွက်မယ် လို့ တရုတ်နိုင်ငံက ကတိပြု ပြောဆိုလိုက်ပါတယ်။

နှစ်နိုင်ငံ အကြီးတန်းတာဝန်ရှိသူတွေ တက်ရောက်တဲ့ သောကြာနေ့ လုပ်ငန်းအစည်းအဝေး တခု အတွင်း တရုတ်နိုင်ငံက အခုလို အာမခံပြောဆိုတာလို့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal ကပြောပါတယ်။

တရုတ်နိုင်ငံ၊ လူူထုလုံခြုံရေးဆိုင်ရာဝန်ကြီး Zhao Kezhi ဦးဆောင်တဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီးဦးဆောင်တဲ့အဖွဲ့တို့ ဘင်္ဂလားဒေ့ရှ်၊ ဝန်ကြီးများရုံးမှာ တွေ့ဆုံ ဆွေးနွေးကြတာပါ။

ရိုဟင်ဂျာအကျပ်အတည်းကို ဖြေရှင်းတာမှာ တရုတ်အနေနဲ့ ပါဝင်လုပ်ဆောင်ပေးဖို့ အစည်းအဝေး အတွင်းမှာ ဘင်္ဂလားဒေ့ရှ်ဘက် က တိုက်တွန်းပါတယ်။

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Khan က “ဒီကိစ္စကို မကြာခင်မှာ ဖြေရှင်းနိုင်မယ်ဆိုတာ သူတို့က ကျနော်တို့ကို အာမခံ ပြောဆိုတယ်” လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံကို ဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ် က တိုက်တွန်းနေပါတယ်။

သုံးရက်ကြာခရီးစဉ်နဲ့ ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ တရုတ် လူထုလုံခြုံရေးဆိုင်ရာဝန်ကြီးဟာ ကြာသပတေးနေ့တုန်းကလည်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina နဲ့တွေ့ဆုံပြီး ရိုဟင်ဂျာအရေး ဆွေးနွေးပါတယ်။

အဲဒီအစည်းအဝေးအတွင်းမှာလည်း ရိုဟင်ဂျာအကျပ်အတည်းကို ဖြေရှင်းတာမှာ တရုတ်အနေနဲ့ အပြုသဘောဆောင်တဲ့ အခန်း ကဏ္ဍကနေ ပါဝင်လုပ်ဆောင်မယ်လို့ တရုတ်တာဝန်ရှိသူကက အာမခံပြောဆိုကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Khan ကပြောပါတယ်။

ဘင်္ဂလားဒေရှ့် နဲ့ တရုတ် Rohingya အရေး ပူးပေါင်းဖြေရှင်းမည်
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG