သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Cox's Bazar ရိုဟင်ဂျာဒုက္ခသည်များ နေထိုင်မှုဘဝ ကုလစိုးရိမ်


လွန်ခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကစပြီး မြန်မာနိုင်ငံမှာ ဖိနှပ် ညှင်းပမ်း ရက်စက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားကို ထွက်ပြေး တိမ်းရှောင်နေကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ ဖြစ်သလိုတည်ဆောက်ထားပြီး အခြေအနေ သိပ်ဆိုးရွားနေတဲ့ နေရာတွေမှာ နေထိုင်နေကြရတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်း အခြေချနေ ထိုင်သူများ အရေး ကူညီဆောင်ရွက်ပေးနေတဲ့ IOM အဖွဲ့ကြီးက ပြောပါတယ်။ IOM ဌာနချုပ်ရှိရာ ဂျနီဗာ ကနေ VOA သတင်းထောက် Lisa Schlein သတင်းပေးပို့ ထားတာကို ဦးစံမိုဝေက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲပြီးတဲ့နောက် ရက်ပေါင်း ၁၀၀ ကျော်လာပြီးချိန်မှာ ရိုဟင်ဂျာ ဒုက္ခ သည်ပေါင်း ၆ သိန်း ၂ သောင်း ၆ ထောင်လောက်ဟာ သူတို့ရဲ့လုံခြုံရေးအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေး ရောက်ရှိနေကြ ပါတယ်။

ဒီလို ပြွတ်သိပ်များပြားလှတဲ့ ဒုက္ခသည်တွေနေခိုင်နေရတဲ့ နေရာတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိဘဲ ကူးစက်ရောဂါတွေ ဖြစ်ပွားလာ နိုင်ခြေ ရှိနေတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချနေထိုင်သူများအရေး ကူညီဆောင်ရွက်ပေးနေတဲ့ IOM အဖွဲ့ကြီးက ပြောပါတယ်။

ရိုဟင်ဂျာဒုကဃသည်တွေနေထိုင်နေရတဲ့ အခြေနေဟာ တော်တော့်ကို ဆိုးပါတယ်။ အခုလိုများပြားလှတဲ့ ဒုက္ခသည်တွေ ဝင်ရောက် လာနေ ကြတဲ့ ကော့ဆက်ဘဇား ဒေသကလူမှုအသိုင်းဝိုင်း ကိုလည်း ဆင်းရဲတွင်းပိုနက်စေပါတယ်လို့ IOM အဖွဲ့ရဲ့ ပြောခွင့်ရသူ Joel Millman က ပြောပါတယ်။

“ရေ၊ အညစ်အကြေးနဲ့ ရောဂါ မပြန့်ပွာစေရေး ဆောင်ရွက်မှုတွေဟာ အခြေချနေထိုင်တဲ့ ဒုက္ခသည်တွေအတွက်တင် မကပါဘူး၊ အဲဒီက ရေတွေမှာ အဆိတ်အတောက်ဖြစ်စေတဲ့ အီကိုလီ ၆၀% ရှိနေပြီး အနီးနားက ဒေသခံတွေနေထိုင်နေကြတဲ့ ဒေသတွင်းမှာလည်း အလားတူ ရှိနေပါတယ်။ Cox’s Bazar မှာရှတဲ့ ဒေသခံပြည်သူတွေမှာလည်း အသက်ရှင်သန်ရေးအတွက် ကျိုးပမ်းနေကြရတယ်။” လို့ Millman ကပြောပါတယ်။

ဒီအခြေနေတွေကို သက်သာစေဖို့အတွက်၊ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူညီပေးရေး အစီအစဉ်တွေအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား သုံးသိန်းလေက်ကို ဝင်ရောက်ဆောင်ရွက်စေဖို့ ကုလသမဂ္ဂက စီစဉ်ထားကြောင်း သူကပြောပါတယ်။

ကုလသမဂ္ဂရဲ့ အစီအစဉ် မှာ ပါဝင်ဆောင်ရွက်နေတဲ့ IOM အနေနဲ့ ရေလုံအိမ်သာတွေ ၃၈၀၀ တည်ဆောက်ပေးခဲ့ပြီးဖြစ်သလို ဒေသခံပြည်သူတွေနေထိုင်ရာ ဒေသ ၆ နေရာမှာ ရေတွင်းပေါင်း ၁၅၉ တွင်း တူးပေးခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။

“ဒေသခံလူပေါင်း ၃ သောင်းကျော်ဟာ အခုဆိုရင် သန့်ရှင်းတဲ့ရေနဲ့ ကောင်းမွန်တဲ့ အညစ်ကြေး စွန့်စနစ်တွေရရှိနေပါပြီ။ ဒါကိုဆက်လက် ပြီးတော့ ထိန်းသိမ်းနိုင်ဖို့နဲ့ အလုပ်အကိုင်တွေ ရရှိဖို့အတွက် ဒေသခံတွေကို IOM က လေ့ကျင့်သင်တန်းပေးတာတွေ လုပ်ဆောင်နေပါ တယ်။”

Cox’s Bazar မှာရှိတဲ့ IOM အဖွဲ့ရဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အရေးပေါ် အခြေနေတွေအတွက် ထောက်ပံ့ကူညီ လုပ်ဆောင် နေပါတယ်။

ဒီအတောအတွင်း Cox’s Bazar က ရိုဟင်ဂျာဒုက္ခသည်တွေအကြား ဆုံဆို့နာရောဂါ လျှင်မြန်စွာ ပြန့်နှံ့နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က သတိပေးလိုက်ပါတယ်။ လောလောဆယ်မှာ ဆုံဆို့နာဖြစ်ပွားမှုပေါင်း ၁၀၀ ကျော် ရှိနေပြီလို့ MSF ခေါ် နယ်စည်း မထား ဆရာဝန်များ အဖွဲ့နဲ့ ICRC ကမ္ဘာ့ကြက်ခြေနီအဖွဲ့တို့က ပြောကြားလိုက်ပါတယ်။ အခုဖြစ်ပွားမှုတွေဟာ အပေါ်ယံအားဖြင့် တွေ့ရတဲ့ကိစ္စသာဖြစ်ပြီး လူမသိ သူမသိကိစ္စတွေ အမြောက်အများ ရှိနေအုံးမှာဖြစ်တယ်၊ အထူးသဖြင့် ကာကွယ်ဆေး မရရှိနိုင်တဲ့နေရာတွေမှာ ဖြစ်နိုင်ခြေလွန်စွာ များပြား တယ် လို့ ဘင်္ဂလားဒက်ရှ်ဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကိုယ်စားလှယ် က ဆိုပါတယ်။

အခုလောလောဆယ်မှာ လူပေါင်း ၇ သိန်းကျော်ကို ကာလဝမ်းရောဂါ ကာကွယ်ဆေးတိုက်ကျွေးပြီးဖြစ်သလို ကလေးသူငယ် သုံးသိန်းခွဲကို ဝက်သက်ကာကွယ်ဆေးထိုးပေးခဲ့ပြီး ဆုံဆို့နာရောဂါနဲ့ပတ်သက်ပြီးကိုင်တွယ်လုပ်ဆောင်ဖို့ လိုနေသေးကြောင်း ဌာနကိုယ်စားလှယ်က ဆိုပါ တယ်။ ၂၀၁၇ ၊ သြဂုတ်လကစပြီး အိမ်နီးချင်း မြန်မာနိုင်ငံမှာဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေက ထွက်ပြေးလာသူ ဒုက္ခသည် ၆ သိန်းကျော်ဟာ ဘင်္ဂလားဒက်ရှ်နိုင်ငံတွင်းက ရေ၊ မိလ္လာသန့်ရှင်းမှု၊ မရှိတဲ့ နေရာတွေမှာ နေထိုင်နေကြရတာ ဖြစ်ပါတယ်။

SMW- Rohingya Refugees
please wait

No media source currently available

0:00 0:02:45 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG