သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာေတြအေပၚ အၾကမ္းဖက္လုပ္ရပ္က်ဴးလြန္သူမ်ား အေရးယူဖို႔လိုေၾကာင္း USCIRF ေထာက္ျပ


ႏိုင္ငံတကာ ဘာသာေရးလြတ္လပ္ခြင့္ေကာ္မရွင္ USCIRF 2021 (ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

႐ိုဟင္ဂ်ာေတြအေပၚ အၾကမ္းဖက္လုပ္ရပ္ က်ဴးလြန္သူေတြကို အေရးယူႏိုင္ဖို႔ အေရးတႀကီး လိုအပ္ေနတယ္လို႔ အေမရိကန္ျပည္ေထာင္စု ႏိုင္ငံတကာ ဘာသာေရးလြတ္လပ္ခြင့္ေကာ္မရွင္ (USCIRF) ရဲ႕ ေကာ္မရွင္နာမင္းႀကီး Nury Turkel ကေျပာပါတယ္။
"ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ ႐ိုဟင္ဂ်ာေတြအေပၚ အၾကမ္းဖက္တဲ့လုပ္ရပ္ က်ဳးလြန္ခဲ့တဲ့ စစ္တပ္ေခါင္းေဆာင္အမ်ားအျပား အာဏာရယူထားတာကို ေတြ႕ရမွာျဖစ္ၿပီး က်ဳးလြန္ခဲ့မႈေတြအတြက္ တာဝန္ယူမႈ၊ တာဝန္ခံမႈရွိဖို႔နဲ႔ အေရးယူႏိုင္ဖို႔ အေရးတႀကီး လိုအပ္ေနပါတယ္" လို႔ ေကာ္မရွင္နာမင္းႀကီး Nury Turkel ကေျပာပါတယ္။

ကမာၻတဝန္း လူမ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈေတြနဲ႔ပတ္သက္လို႔ USCIRF မွာ ဇူလိုင္လ ၂၈ ရက္ေန႔ကလုပ္တဲ့ ၾကားနာပြဲအတြင္း ႐ိုဟင္ဂ်ာေတြ အၾကမ္းဖက္ ဖိႏွိပ္ခံေနရတဲ့ အေျခအေနကိုလည္း ထည့္သြင္း ေဆြးေႏြးခဲ့တာပါ။
ကမာၻတဝန္း ဘာသာေရးလူနည္းစုေတြအေပၚ ဖိႏွိပ္မႈေတြအေၾကာင္းနဲ႔ တရားစီရင္ေရးလုပ္ငန္းစဥ္ေတြအေၾကာင္း ေျပာဆိုၾကတဲ့အခါ ႐ိုဟင္ဂ်ာ မြတ္ဆလင္ေတြအေပၚ ျမန္မာစစ္တပ္ရဲ႕ ဖိႏွိပ္မႈေတြအေၾကာင္းနဲ႔ ျမန္မာႏိုင္ငံကို ဂမ္ဘီယာႏိုင္ငံက ICJ ႏိုင္ငံတကာတရား႐ုံးမွာ တရားစြဲဆိုထားတဲ့အေၾကာင္းအရာေတြကို ပါဝင္ေဆြးေႏြးသူတခ်ိဳ႕က ဥပမာေပး ေျပာဆိုသြားပါတယ္။

႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို ျမန္မာစစ္တပ္ေကာင္စီက လက္မခံသလို ႐ိုဟင္ဂ်ာမြတ္ဆလင္ေတြအေပၚ က်ဴးလြန္တဲ့ ရက္စက္မႈေတြကို အေမရိကန္ျပည္ေထာင္စုက လူမ်ိဳးတုံးသတ္ျဖတ္မႈအျဖစ္ တရားဝင္ သတ္မွတ္ မထားေသးပါဘူး။

ဒါေပမဲ့ လူမ်ိဳးစုအလိုက္ ရွင္းလင္းဖယ္ရွားတဲ့ ရာဇဝတ္မႈအျဖစ္ သုံးႏႈန္းေျပာဆိုၿပီး အေမရိကန္ျပည္ေထာင္စုရဲ႕ ေနာက္ထပ္ အေရးယူ ပိတ္ဆို႔ဒဏ္ခတ္တာေတြနဲ႔ ထပ္ၿပီး ရင္ဆိုင္ရႏိုင္တဲ့အေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က မၾကာေသးခင္ သီတင္းပတ္ေတြအတြင္းကပဲ သတိေပးထားပါတယ္။

ကမာၻတဝန္းမွာ လူမ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ လူသားမ်ိဳးႏြယ္အေပၚက်ဴးလြန္တဲ့ ရာဇဝတ္မႈေတြ ဆက္ရွိေနေပမဲ့ က်ဴးလြန္သူေတြအေပၚ အျပစ္ေပး အေရးယူႏိုင္ျခင္းမရွိတာဟာ အလားတူျဖစ္ရပ္ေတြ ထပ္မေပၚေပါက္ေအာင္ တားဆီးေရးမွာ အားနည္းခ်က္တခု ျဖစ္ေနတဲ့အေၾကာင္း USCIRF နဲ႔ Tom Lantos လူ႔အခြင့္အေရးေကာ္မရွင္တို႔ ပူးတြဲက်င္းပတဲ့ ၾကားနာပြဲအတြင္း ပါဝင္သူေတြက ေျပာဆိုၾကပါတယ္။ေအာက္လႊတ္ေတာ္အမတ္ေတြျဖစ္တဲ့ James McGovern၊ Chris Smith တို႔နဲ႔အတူ အေမရိကန္ ႏိုင္ငံျခားေရး ဌာန အရာရွိေဟာင္းေတြ၊ ကုလသမဂၢနဲ႔ ဥပေဒေရးရာ အဖြဲ႕အစည္းေတြက တာဝန္ရွိသူေတြ ပါဝင္ေဆြးေႏြးပါတယ္။

၁၉၄၈ ခုႏွစ္ လူမ်ိဳးတုံးသတ္ျဖတ္မႈ ႏိုင္ငံတကာ သေဘာတူညီခ်က္အရ ဒီလိုအလားတူျဖစ္ရပ္ေတြ သမိုင္းမွာ ထပ္မႀကဳံေစဖို႔ ဆုံးျဖတ္ခဲ့ၾကေပမဲ့ ထိေရာက္ဖို႔ဆိုရင္ က်ဳးလြန္သူေတြကို အေရးယူႏိုင္တဲ့ တရားစီရင္ေရး လုပ္ငန္းစဥ္ေတြ အားေကာင္းလာဖို႔ လိုတယ္လို႔ ၾကားနာပြဲမွာ ပါဝင္သူေတြက ေျပာဆိုၾကပါတယ္။

..........................................................................................

ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူများ အရေးယူဖို့လိုကြောင်း USCIRF ထောက်ပြ

(Unicode)

ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်လုပ်ရပ် ကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် (USCIRF) ရဲ့ ကော်မရှင်နာမင်းကြီး Nury Turkel ကပြောပါတယ်။
"မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်တဲ့လုပ်ရပ် ကျုးလွန်ခဲ့တဲ့ စစ်တပ်ခေါင်းဆောင်အများအပြား အာဏာရယူထားတာကို တွေ့ရမှာဖြစ်ပြီး ကျုးလွန်ခဲ့မှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့နဲ့ အရေးယူနိုင်ဖို့ အရေးတကြီး လိုအပ်နေပါတယ်" လို့ ကော်မရှင်နာမင်းကြီး Nury Turkel ကပြောပါတယ်။

ကမ္ဘာတဝန်း လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ USCIRF မှာ ဇူလိုင်လ ၂၈ ရက်နေ့ကလုပ်တဲ့ ကြားနာပွဲအတွင်း ရိုဟင်ဂျာတွေ အကြမ်းဖက် ဖိနှိပ်ခံနေရတဲ့ အခြေအနေကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့တာပါ။
ကမ္ဘာတဝန်း ဘာသာရေးလူနည်းစုတွေအပေါ် ဖိနှိပ်မှုတွေအကြောင်းနဲ့ တရားစီရင်ရေးလုပ်ငန်းစဉ်တွေအကြောင်း ပြောဆိုကြတဲ့အခါ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုတွေအကြောင်းနဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက ICJ နိုင်ငံတကာတရားရုံးမှာ တရားစွဲဆိုထားတဲ့အကြောင်းအရာတွေကို ပါဝင်ဆွေးနွေးသူတချို့က ဥပမာပေး ပြောဆိုသွားပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာစစ်တပ်ကောင်စီက လက်မခံသလို ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် ကျူးလွန်တဲ့ ရက်စက်မှုတွေကို အမေရိကန်ပြည်ထောင်စုက လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားဝင် သတ်မှတ် မထားသေးပါဘူး။

ဒါပေမဲ့ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားတဲ့ ရာဇဝတ်မှုအဖြစ် သုံးနှုန်းပြောဆိုပြီး အမေရိကန်ပြည်ထောင်စုရဲ့ နောက်ထပ် အရေးယူ ပိတ်ဆို့ဒဏ်ခတ်တာတွေနဲ့ ထပ်ပြီး ရင်ဆိုင်ရနိုင်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က မကြာသေးခင် သီတင်းပတ်တွေအတွင်းကပဲ သတိပေးထားပါတယ်။

ကမ္ဘာတဝန်းမှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဆက်ရှိနေပေမဲ့ ကျူးလွန်သူတွေအပေါ် အပြစ်ပေး အရေးယူနိုင်ခြင်းမရှိတာဟာ အလားတူဖြစ်ရပ်တွေ ထပ်မပေါ်ပေါက်အောင် တားဆီးရေးမှာ အားနည်းချက်တခု ဖြစ်နေတဲ့အကြောင်း USCIRF နဲ့ Tom Lantos လူ့အခွင့်အရေးကော်မရှင်တို့ ပူးတွဲကျင်းပတဲ့ ကြားနာပွဲအတွင်း ပါဝင်သူတွေက ပြောဆိုကြပါတယ်။အောက်လွှတ်တော်အမတ်တွေဖြစ်တဲ့ James McGovern၊ Chris Smith တို့နဲ့အတူ အမေရိကန် နိုင်ငံခြားရေး ဌာန အရာရှိဟောင်းတွေ၊ ကုလသမဂ္ဂနဲ့ ဥပဒေရေးရာ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ ပါဝင်ဆွေးနွေးပါတယ်။

၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု နိုင်ငံတကာ သဘောတူညီချက်အရ ဒီလိုအလားတူဖြစ်ရပ်တွေ သမိုင်းမှာ ထပ်မကြုံစေဖို့ ဆုံးဖြတ်ခဲ့ကြပေမဲ့ ထိရောက်ဖို့ဆိုရင် ကျုးလွန်သူတွေကို အရေးယူနိုင်တဲ့ တရားစီရင်ရေး လုပ်ငန်းစဉ်တွေ အားကောင်းလာဖို့ လိုတယ်လို့ ကြားနာပွဲမှာ ပါဝင်သူတွေက ပြောဆိုကြပါတယ်။

XS
SM
MD
LG