သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အိန္ဒိယရောက် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဘက် ဆက်လက်ထွက်ပြေး


အိန္ဒိယကနေ မြန်မာနိုင်ငံဘက် ပြန်ပို့ခံရသည့် ရိုဟင်ဂျာများ

အိန္ဒိယနိုင်ငံထဲရှိနေတဲ့ ရိုဟင်ဂျာထဲက အမျိုးသား ၇ ဦးကို ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ဖမ်းဆီးပြီး မြန်မာနိုင်ငံဘက် ပြန်ပို့ခဲ့တဲ့ဖြစ်ရပ် နောက်ပိုင်း ၊ ရာပေါင်းများစွာသော အိန္ဒိယက ရိုဟင်ဂျာတွေဟာ မိသားစုတွေနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေး သွားကြတယ်လို့ ရိုဟင်ဂျာ အသိုင်းအဝိုင်းက ပြောပါတယ်။ ဖမ်းဆီးပြန်ပို့ ခံရမှာစိုးတဲ့အတွက် အလားတူ နောက်ထပ်ထွက်ပြေးဖို့ ပြင်ဆင်နေသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဟိန္ဒူအမျိုးသားရေးလွှမ်းမိုးတဲ့ လက်ရှိ အိန္ဒိယအစိုးရဟာ ရိုဟင်ဂျာတွေကို တရားမဝင် ခိုးဝင်နေထိုင်သူတွေအဖြစ် သတ်မှတ်ထားပြီး လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်နဲ့ သူတို့ကို နေထိုင်ခွင့်မပေးပဲ ပြန်ပို့မယ်လို့ ကြေညာထားပါတယ်။

ဒီ ဇန်နဝါရီလထဲမှာလည်း လူ ၅ဦးပါတဲ့ ရိုဟင်ဂျာမိသားစု တစုကို အိန္ဒိယက မြန်မာပြည်ဘက် ပြန်ပို့ခဲ့တာပါ။ ဒါဟာ ၃ လတာ ကာလအတွင်း ဒုတိယအသုတ် ပြန်ပို့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံက အခြေအနေတွေဟာ ရိုဟင်ဂျာတွေ လုံခြုံစိတ်ချစွာ ပြန်လည် အခြေချနိုင်မယ့် အနေထား မဟုတ်သေးဘူးလို့ ကုလသမဂ္ဂကပြောနေချိန်မှာပဲ အိန္ဒိယရဲ့ ဒီလုပ်ရပ်တွေကြောင့် ရိုဟင်ဂျာတွေကြား စိုးရိမ်မှု တိုးလာနေတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့လတွေအတွင်း အိန္ဒိယမှာရှိတဲ့ ရိုဟင်ဂျာ ၂၀၀၀ လောက် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားကြတယ်လို့ အိန္ဒိယစက်မှုဇုံ Jammu မှာနေတဲ့ ရိုဟင်ဂျာအမျိုးသား Arfaat ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG