သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ရိုဟင်ဂျာတွေ ဆက်လက်ရင်ဆိုင်နေရတဲ့ ညှဉ်းပန်းနှိပ်စက်မှု"  ဆွေးနွေးပွဲ


Bangladesh Rohingya
Bangladesh Rohingya

"လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေ ဆက်လက်ရင်ဆိုင်နေရတဲ့ ညှဉ်းပန်းနှိပ်စက်မှုများ "ဆိုတဲ့ခေါင်းစဉ်နဲ့ အမေရိကန်ပြည်ထောင်စု၊ Georgetown တက္ကသိုလ်၊ Berkley Center မှာ စက်တင်ဘာလ ၁၄ ရက်နေ့က ဆွေးနွေးပွဲတရပ်ကျင်းပခဲ့ပါတယ်။ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေအရေး အကျွမ်းတဝင်လေ့လာထားတဲ့ ပညာရှင်တွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ နန်းလောင်ဝ်က ကောက်နုတ် တင်ပြထားပါတယ်။


ရခိုင်ပြည်နယ်ထဲ ၂၀၁၅ ခုနှစ်မှာ ကိုယ်တိုင်သွားရောက်ပြီး ရိုဟင်ဂျာတွေစခန်း အခြေအနေကို လေ့လာခဲ့တဲ့ ဒေါက်တာ Ronan Lee က အဲဒီအချိန်ကတည်းက ရိုဟင်ဂျာတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလည်းမရသလို အာဏာပိုင်တွေရဲ့ခွင့်ပြုချက်ရမှ ဝင်ထွက်သွားလာခွင့်ရှိပြီး ကြောက်လန့်စိတ် နေထိုင်နေခဲ့ရတယ်လို့ ပြောပါတယ်။ သူမြင်တွ့ခဲ့ရတဲ့ အခြေနေအရ ရိုဟင်ဂျာတွေ လူမျိုးတုန်းသတ်ဖြတ်ခံခဲ့ရတယ်ဆိုတာ လုံး၀ သံသယရှိစရာမလိုဘူးလို ဒေါက်တာ Lee ကပြောပါတယ်။

"ရခိုင်ပြည်နယ်မှာ ကျနော်မြင်ခဲ့တွေ့ခဲ့ရတဲ့ အတွေ့အကြုံအရပြောရရင် ရိုဟင်ဂျာတွေကို မြန်မာအာဏာပိုင်တွေက ရည်ရွယ်ချက်နဲ့ လူမျိုးတုန်းသတ်ဖြတ်တာဆိုတာထင်ရှားပါတယ်။ စစ်တပ်ကရော အရပ်သားအစိုးရကပါ ရိုဟင်ဂျာလူအသိုင်းအဝိုင်းကို ဖျက်ဆီးချင်နေကြတာပါ။"

ဒေါက်တာLee ဟာ Myanmar’s Rohingya Genocide: Identity, History and Hate Speech ဆိုတဲ့စာအုပ်ကို ၂၀၂၁ ခုနှစ်မှာရေးသားထုတ်ဝေခဲ့တာပါ။ ဗြိတိသ ျှလက်အောက် လွတ်လပ်ရေးရပြီး အစောပိုင်းကာလ မြန်မာ့နိုင်ငံရေးမှာ ရိုဟင်ဂျာတွေ ထဲထဲဝင်ဝင် ပါဝင်ခဲ့တာကိုလည်း ဝန်ကြီးချုပ်ဦးနုရဲ့ ထုတ်ပြန်ကြေငြာချက်ကို ကိုးကားပြီး ဒေါက်တာ Lee ကထောက်ပြသွားပါတယ်။ ဒါပေမယ့်လည်း ၁၉၇၀ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် ဆက်တိုက်ဆိုသလို မောင်းထုတ်ခံနေရတယ်လို့လည်း ဒေါက်တာ Lee ကတင်ပြသွားပါတယ်။ ၂၀၁၇ ခုနှစ်မှာ အရပ်းသားခေါင်ေးဆာင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရ ဲ့အခန်းကဏ္ဍကိုလည်း သူက ခုလိုသုံးသပ်သွားပါတယ်။

‘၂၀၁၇ ခုနှစ်မှာပေါ်ပေါက်ခဲ့တဲ့ ဖြစ်ရပ်မှာ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အခန်းကဏ္ဍကို နိုင်ငံတကာအသိုင်းအဝိုင်းက သိချင်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံသားအများစုရဲ့သဘောထားကလည်း စစ်တပ်လိုပဲ ရိုဟင်ဂျာတွေကို မလိုလားကြပါဘူး။ အရပ်သားခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း အများဆန္ဒသဘောထားဖက်က ရပ်တည်ဖို့ လိုလားသူဖြစ်ပါတယ်။ဒီတော့ ရိုဟင်ဂျာအသိုင်းအဝိုင်းဖက်ကရပ်တည်တဲ့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ သဘောထားနဲ့ကိုက်ညီမှုမရှိတော့ပါဘူး”

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေပေါ်ပေါက်ခဲ့ပြီး ၆ နှစ်အကြာ ၂၀၂၂ ခုနှစ်နှစ်ဆန်းပိုင်းမှာပဲ အဲဒီလုပ်ရပ်တွေကို လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် အမေရိကန်ပြည်ထောင်စုက တရားဝင်သတ်မှတ်ခဲ့ပါတယ်။ ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း လက်နက်ကိုင်ပုန်ကန်သူတွေကို မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရာမှာ ရိုဟင်ဂျာသိန်းနဲ့ချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ရပါတယ်။ နယ်မြေရှင်းလင်းမှုအတွင်း ကျေးရွာတွေမီးရှို့တာ၊ ရိုဟင်ဂျာအမျိုးသမီးနဲ့ မိန်းကလေးတွေ မုဒိန်းကျင့်ခံရတာ၊ ထောင်နဲ့ချီတဲ့ အရပ်သားတွေလည်း ရက်စက်စွာသတ်ဖြတ်ခံရတဲ့အဖြစ်အပျက်တွေပေါ်ပေါက်ခဲ့ပါတယ်။

ရိုဟင်ဂျာတွေ အချိန်တိုအတွင်း ထွက်ပြေးကြရတာမဟုတ်ပဲ လနဲ့ချီကြာပေမယ့် အကြမ်းဖက်လုပ်ရပ်တွေရပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့စစ်တပ်ကို တိုက်တွန်းပြောဆိုခဲ့မယ်ဆိုရင် အနောက်နိုင်ငံတွေရဲ့ထောက်ခံမှုကိုရခဲ့နိုင်တယ်လို့လည်း ဒေါက်တာ Lee ကထောက်ပြပါတယ်။ အဲဒီတုန်းကသာ စစ်တပ်ကို ဖိအားပေးခဲ့မယ်ဆိုရင် ၂၀၂၁ ခုနှစ်စစ်တပ်အာဏာသိ်မ်းမှုမှာ နိုင်ငံတကာရဲ့ တုန့်ပြန်ပုံတွေ ကွဲပြားမှုှရှိနိုင်တယ်လို့လည်း ဒေါက်တာ Lee ကသုံးသပ်တင်ပြသွားပါတယ်။

ပြည်တွင်းအရပ်ဖက်ခေါင်းဆောင်တချို့လည်း စစ်တပ်ရဲ့အကြမ်းဖက်လုပ်ရပ်တွေရပ်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းစေချင်ခဲ့ကြတာပါ။ စစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှု အတိုင်းအတာအပေါ် ဒေါ်အောင်ဆန်းစုကြည်ဖက်က သိပ်ပြီးယုံကြည်ပုံမရခဲ့ဘူးလို့ည်း ဒေါက်တာ Lee ကယူဆပါတယ်။ ဒါဟာ စစ်တပ်ကို နိုင်ငံရေးလောကနေ ထွက်သွားစေချင်တဲ့ မြန်မာပြည်သူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆုံးရှုံးခဲ့ရတဲ့အခွင့်အလမ်းဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဆွေးနွေးပွဲတက်ရောက်လာတဲ့ Justice for All အဖွဲ့တည်ထောင်သူ၊ အီမန် Bbdul mali Mujahid ကလည်း ရိုဟင်ဂျာတွေရင်ဆိုင်ရတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေက ှုIslamophobia လို့ခေါ်တဲ့ အစ္စလာမ်ကြောက်စိတ်နဲ့ဆက်စပ်တယ်လု့ိ ခုလိုသုံးသပ်တင်ပြသွားပါတယ်။

“အစ္စလာမ်ကြောက်စိတ်နဲ့ ဆက်စပ်ပတ်သက်တယ်လို့ထင်ပါတယ်။ မွတ်ဆလင်အများစုစွပ်စွဲခံနေရသလိုပဲ ရိုဟင်ဂျာတွေလည်း စွပ်စွဲခံရတာပါ၊ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေဗျမှာ ရှိတဲ့မွတ်ဆလင်တွေ စွပ်စွဲခံရတာနဲ့လည်း အတူတူပါပဲ။မွတ်ဆလင်တွေဟာ အကြမ်းဖက်သမားတွေ၊ ကျုပ်တို့က အကြမ်းဖက်မှုကို တိုက်ခိုက်နေတာဆိုပြီး ပြောကြပါတယ်။ ရိုဟင်ဂျာတွေဟာ သူတို့မိဘဘိုးဘွားနေခဲ့တဲ့ မြေမှာနေနေကြတဲ့လူမျိုးစုဖြစ်ပါတယ်။ လက်နက်ကိုင်တိုက်နေကြတဲ့ ကချင်၊ ကရင်တွေက လက်နက်ကိုင်ပြီးသူတို့လူမျိုးကို ကာကွယ်နေကြတာပါ။ ရိုဟင်ဂျာတွေကတော့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့ပဲ ကျိုးစားကြတာဖြစ်ပါတယ်။ ဒီနေရာမှာ ရိုဟင်ဂျာတွေပဲ အကြမ်းဖက်သမားတွေလို့အခေါ်ခံနေရပါတယ်။ ကချင်တွေ ကရင်တွေချင်းတွေကို အကြမ်းဖက်တွေလို့မခေါ်ကြပါဘူး။ ဒါကိုကြည့်ရင် မွတ်ဆလင်ကြောက်စိတ်ကြောင့် ဖြစ်လာရတယ်ဆိုတာ ရှင်းပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာလည်း မြန်မာနိုင်ငံလိုပဲ စခန်းထဲမှာပဲ နေထိုင်နေကြရတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ပြန်ဖို့ ဆန္ဒပြင်းပြနေကြတာပါ။ မြန်မာနိုင်ငံကတည်းက လွတ်လပ်စွာပညာသင်ကြားခွင့်မရခဲ့တဲ့ ရိုဟင်ဂျာမျိုးဆက် ၂ ခုရှိနေပြီး ဘင်္ဂလားဒေ့ရှ်ဖက် အသက်လုပြီး ထွက်ပြေးလာတဲ့ တတိယ မျိုးဆက် ရိုဟင်ဂျာတွေလည်း အလယ်တန်း ပညာသင်ကြားခွင့်မရကြပါဘူး။

ရိုဟင်ဂျာတွေအတွက် လူမှုကူညီရေးရံပုံငွေတွေ ဘယ်တုန်းကမှအလုံအလောက်မရသလို အမေရိကန်ပြည်ထောင်စုကတော့ ဒေါ်လာ ၁.၆ ဘီလီယံထိ အများဆုံးထည့်ဝင်ခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာကလေးငယ်တွေ ပညာသင်ကြားခွင့်မရတဲ့အတွက် သူတို့အားလုံးအထက်တန်းထိ ပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းလှုပ်ရှားဆောင်ရွက်ကြွဖို့ ဆွေးနွေးပွဲတက်ရောက်လာသူတွေကို အီမန် မူဂျာဟစ်က အကြံပြုတိုက်တွန်းသွားပါတယ်။

ရိုဟင်ဂျာတွေကို နှိပ်စက်ညှဉ်းပန်းခဲ့တဲ့ စစ်တပ်က မြန်မာနိုင်ငံကိုအာဏာယူအုပ်ချုပ်နေတာကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် သိန်းနဲ့ချီတဲ့ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေး မရေမရာဖြစ်နေပါတယ်။ ဒုက္ခသည်တွေ အဆမတန်ပြည့်ကြပ်နေတဲ့ ဒုက္ခသည်စခန်းကနေ ရေကြည်ရာမြက်နုရာသွားဖို့ စက်လှေတွေနဲ့ အသက်ဘေးကိုမမှုပဲ ထွက်ခွါနေကြတဲ့ ရိုဟင်ဂျာတွေလည်း ရာနဲ့ချီရှိသလို တချို့လည်း ပင်လယ်ပြင်မှာ အသက်ဆုံးရှုံးနေကြတာပါ။

ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအာဏာပိုင်တွေဖက်ကတော့ နိုင်ငံတကာကစွပ်စွဲနေသလောက် လူ့အခွင့်အရေးချိုးဖောက်မှုမရှိဘူးလို့ အစဉ်တစိုက်ငြင်းဆိုလာပေမယ့် ဒုက္ခသည်တွေကို ပြန်လည်လက်ခံမယ်လို့တော့ပြောဆိုထားပါတယ်။ တချိန်ထဲမှာပဲ မြန်မာနိုင်ငံမှာ ကျန်နေတဲ့ ရိုဟင်ဂျာတွေမှာလည်း အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေကြရဆဲဖြစ်တယ်လို့လည်း နိုင်ငံတကာ လေ့လာစောင့်ကြည့်သူတွေက ထောက်ပြနေကြပါတယ်။

Unicode
















XS
SM
MD
LG