သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ရောက် ဟိန္ဒူဒုက္ခသည်တွေ မြန်မာပြည် ပြန်လို


ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းထဲက ဟိန္ဒူဒုက္ခသည် အမျိုးသမီးများ
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းထဲက ဟိန္ဒူဒုက္ခသည် အမျိုးသမီးများ

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေအတွင်းရောက်ရှိနေကြတဲ့ ဟိန္ဒူမိသားစု ၁၀၅စုဟာ မြန်မာနိုင်ငံကိုပြန်ချင်နေ ကြတယ်လို့ Los Angeles Times သတင်းရဲ့ရေးသားချက်ကို အိန္ဒိယနိုင်ငံက NDTV သတင်းမှာ ဇန်နဝါရီလ၁၀ရက်နေ့ ကဖေါ်ပြထားပါတယ်။

ဒီဟိန္ဒူဒုက္ခသည်တွေက အိန္ဒိယအစိုးရရဲ့အကူအညီကိုတောင်းခံခဲ့ကြတယ်ဆိုပေမဲ့လည်း လော လောဆယ်တော့ အိန္ဒိယဆီက လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပါရရှိနေတယ်လို့ဆိုပါတယ်။ ဟိန္ဒူဒုက္ခသည် တွေက မြန်မာပြည်ကိုပြန်ချင်နေတယ်ဆိုပေမဲ့ ဘင်္ဂလားဒေ့ရှ့်ဘက်က ခွင့်မပြုဘူးလို့ Los Angeles Times သတင်းမှာ ရေးသားထားပါတယ်။

ဟိန္ဒူဒုက္ခသည်လေးရာဟာ မြန်မာနိုင်ငံရခိုင်ပြည်နယ်က ထွက်ပြေးလာခဲ့ကြတဲ့ဒုက္ခသည်တွေ အကြားမှာ သီးသန့်စခန်းနဲ့နေထိုင်နေကြတာပါ။ကုလသမဂ္ဂရဲ့ သဘောတူညီချက်နဲ့ ပြီးခဲ့တဲ့နှစ်မေလကတည်းက ဟိန္ဒူ ဒုက္ခသည်တွေမြန်မာပြည်ပြန်ရေး အဆင်သင့်ဖြစ်နေခဲ့တယ်ဆိုပေမဲ့လည်း မြန်မာပြည်ကိုပြန်တဲ့အခါသူတို့ အတွက်လုံခြုံ ရေးအရ စိတ်မချရသေးဘူးလို့ ကုလသမဂ္ဂကဆုံးဖြတ်ထားတာကြောင့် မြန်မာပြည်မပြန်နိုင်ပဲဖြစ်နေကြတယ်လို့ဆိုပါ တယ်။

ရခိုင်ပြည်နယ်အတွင်းအကြမ်းဘက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးလာခဲ့ကြတဲ့ ဟိန္ဒူဒုက္ခသည် တွေဟာ ရိုဟင်ဂျာမူဆလင်ဒုက္ခသည်တွေနဲ့မတူညီတာကတော့ သူတို့ဟာမြန်မာနိုင်ငံသားတွေဖြစ်ကြတယ်ဆိုတာပါပဲ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG