သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာအမ်ဳိးသမီးတဦး အိႏိၵယ အတင္းအက်ပ္ျပန္ပို႔မႈ HRW ေဝဖန္ 


႐ိုဟင္ဂ်ာအမ်ဳိးသမီးမ်ား (ယခင္ပံုေဟာင္း)

[[Zawgyi/Unicode]]

႐ိုဟင္ဂ်ာအမ်ဳိးသမီးတဦးကို မတ္လ ၂၂ ရက္ေန႔မွာ အိႏၵိယအစိုးရက အတင္းအက်ပ္ ျပန္ပို႔လိုက္တဲ့ျဖစ္ရပ္ဟာ အိႏၵိယႏိုင္ငံတြင္းမွာ ရွိေနၾကတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ရင္ဆိုင္ေနရတဲ့ အသက္အႏၲရာယ္ႀကီးမားတဲ့ ဒုကၡအခက္အခဲေတြကို မီးေမာင္းထိုးျပရာ ေရာက္ေနေၾကာင္း HRW လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႔က ေျပာပါတယ္။

ဒုကၡသည္ေတြရဲ႕ လြတ္လပ္မႈအတြက္ အႏၲရာယ္ရွိတဲ့ မူရင္းႏိုင္ငံကို အတင္းအက်ပ္ျပန္ပို႔တာကို ႏိုင္ငံတကာဥပေဒေတြက တားျမစ္ထားတယ္လို႔ HRW က ဒီကေန႔ရက္စြဲနဲ႔ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အိႏၵိယႏိုင္ငံမွာရွိေနၾကတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြဟာ သြားလာမႈ တင္းၾကပ္ ကန္႔သတ္ခံရတာ၊ ခိုင္မာတဲ့ အေၾကာင္းျပခ်က္မရွိဘဲ ဖမ္းဆီးခံရတာ၊ ႏိုင္ငံေရးေခါင္းေဆာင္ေတြရဲ႕ ေသြးထိုးလႈံ႔ေဆာ္မႈေၾကာင့္ အၾကမ္းဖက္ တိုက္ခိုက္ခံရတာ၊ အတင္းအက်ပ္ ေနရပ္ျပန္ပို႔ခံရမယ့္အေရးနဲ႔ ရင္ဆိုင္တာေတြ ျဖစ္ေနတယ္လို႔ HRW ေျပာပါတယ္။

လက္ရွိမွာ ႐ိုဟင္ဂ်ာဒုကၡသည္ ၂၄၀ ထက္မနည္းဟာ တရားမ၀င္ ၀င္ေရာက္မႈနဲ႔ ဖမ္းဆီး ထိန္းသိမ္းခံထားရတယ္လို႔ UNHCR ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢမဟာမင္းႀကီးရဲ႕ ထုတ္ျပန္ခ်က္ကို ကိုးကားၿပီး HRW ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ ႐ိုဟင္ဂ်ာ ၃၉ ဦးဟာ ေဒလီၿမိဳ႕မွာ ထိန္းသိမ္းခံထားရၿပီး တျခား ၂၃၅ ေယာက္ဟာလည္း Jammu မွာ ထိန္းသိမ္းခံထား ရတယ္လို႔ ဆိုပါတယ္။

သူ႔အတြက္ အႏၲရာယ္ျဖစ္ေစၿပီး ရင္ေသြးေတြနဲ႔ ကြဲကြာေစမယ့္ ႐ိုဟင္ဂ်ာအမ်ိဳးသမီးကို အခုလို ျမန္ျပည္ျပန္ပို႔လိုက္တာက အိႏၵိယ အစိုးရအတြက္ ဘာမွ အက်ိဳးအျမတ္ မျဖစ္ထြန္းႏိုင္ေၾကာင္း HRW ရဲ႕ ေတာင္အာရွဆိုင္ရာ ၫြန္ၾကားေရးမွဳး Meenakshi Ganguly က ေျပာပါတယ္။

အိႏၵိယႏိုင္ငံအတြင္းမွာ ႐ိုဟင္ဂ်ာ ၄၀,၀၀၀ ေလာက္ရွိေနၿပီး အဲဒီအထဲက ၂၀,၀၀၀ ေလာက္ဟာ UNHCR မွာ မွတ္ပုံတင္ထားၾက တယ္လို႔ HRW ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ရိုဟင်ဂျာအမျိုးသမီးတဦး အိန္ဒိယ အတင်းအကျပ်ပြန်ပို့မှု HRW ဝေဖန်

ရိုဟင်ဂျာအမျိုးသမီးတဦးကို မတ်လ ၂၂ ရက်နေ့မှာ အိန္ဒိယအစိုးရက အတင်းအကျပ် ပြန်ပို့လိုက်တဲ့ဖြစ်ရပ်ဟာ အိန္ဒိယနိုင်ငံတွင်းမှာ ရှိနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ အသက်အန္တရာယ်ကြီးမားတဲ့ ဒုက္ခအခက်အခဲတွေကို မီးမောင်းထိုးပြရာ ရောက်နေကြောင်း HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

ဒုက္ခသည်တွေရဲ့ လွတ်လပ်မှုအတွက် အန္တရာယ်ရှိတဲ့ မူရင်းနိုင်ငံကို အတင်းအကျပ်ပြန်ပို့တာကို နိုင်ငံတကာဥပဒေတွေက တားမြစ်ထားတယ်လို့ HRW က ဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံမှာရှိနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ သွားလာမှု တင်းကြပ် ကန့်သတ်ခံရတာ၊ ခိုင်မာတဲ့ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခံရတာ၊ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် အကြမ်းဖက် တိုက်ခိုက်ခံရတာ၊ အတင်းအကျပ် နေရပ်ပြန်ပို့ခံရမယ့်အရေးနဲ့ ရင်ဆိုင်တာတွေ ဖြစ်နေတယ်လို့ HRW ပြောပါတယ်။

လက်ရှိမှာ ရိုဟင်ဂျာဒုက္ခသည် ၂၄၀ ထက်မနည်းဟာ တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီး ထိန်းသိမ်းခံထားရတယ်လို့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး HRW ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာ ၃၉ ဦးဟာ ဒေလီမြို့မှာ ထိန်းသိမ်းခံထားရပြီး တခြား ၂၃၅ ယောက်ဟာလည်း Jammu မှာ ထိန်းသိမ်းခံထား ရတယ်လို့ ဆိုပါတယ်။

သူ့အတွက် အန္တရာယ်ဖြစ်စေပြီး ရင်သွေးတွေနဲ့ ကွဲကွာစေမယ့် ရိုဟင်ဂျာအမျိုးသမီးကို အခုလို မြန်ပြည်ပြန်ပို့လိုက်တာက အိန္ဒိယ အစိုးရအတွက် ဘာမှ အကျိုးအမြတ် မဖြစ်ထွန်းနိုင်ကြောင်း HRW ရဲ့ တောင်အာရှဆိုင်ရာ ညွန်ကြားရေးမှုး Meenakshi Ganguly က ပြောပါတယ်။

အိန္ဒိယနိုင်ငံအတွင်းမှာ ရိုဟင်ဂျာ ၄၀,၀၀၀ လောက်ရှိနေပြီး အဲဒီအထဲက ၂၀,၀၀၀ လောက်ဟာ UNHCR မှာ မှတ်ပုံတင်ထားကြ တယ်လို့ HRW ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
=============

XS
SM
MD
LG