သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kashmir ရောက် ရိုဟင်ဂျာတွေ အိန္ဒိယစာရင်းကောက်


အိန္ဒိယနိုင်ငံ၊ Rajasthan ပြည်နယ်၊ Jaipur အရပ်က ရိုဟင်ဂျာနေရာချထားရေး အဖွဲ့ဝင် Noor Amin (အဖြူ) က ရပ်ကွက်တွင်းနေသူများရဲ့ အချက်အလက်ကို စုဆောင်းကောက်ယူနေစဉ်။ ( နိုဝင်ဘာ ၁၊ ၂၀၁၈)
အိန္ဒိယနိုင်ငံ၊ Rajasthan ပြည်နယ်၊ Jaipur အရပ်က ရိုဟင်ဂျာနေရာချထားရေး အဖွဲ့ဝင် Noor Amin (အဖြူ) က ရပ်ကွက်တွင်းနေသူများရဲ့ အချက်အလက်ကို စုဆောင်းကောက်ယူနေစဉ်။ ( နိုဝင်ဘာ ၁၊ ၂၀၁၈)

အိန္ဒိယထိန်းချုပ်မှုအောက်မှာရှိတဲ့ Kashmir ဒေသမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာတွေကို စိစစ်မှုတွေကို ဒီဇင်ဘာလ ၅ ရက်နေ့ကနေ အခုအထိ အိန္ဒိယ အာဏာပိုင်တွေ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

၂ လအတွင်း ရိုဟင်ဂျာတွေရဲ့ လက်ဗွေနဲ့ တခြား ကိုယ်ရေးအချက်အလက်တွေ ကောက်ခံဖို့ အစိုးရက တောင်းဆိုတဲ့အတွက် ဒေသခံ အာဏာပိုင်တွေဘက်က အဲဒီလို ကောက်ခံခဲ့တာလည်း ဖြစ်ပါတယ်။

ဒုက္ခသည်စခန်းအတွင်း အာဏာပိုင်တွေ ရောက်သွားတဲ့အချိန်မှာ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ထုတ်ပေးထားတဲ့ အထောက်အထား စာရွက်တွေ ကိုင်ပြီး ဒုက္ခသည်တွေက တန်းစီနေခဲ့ကြကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။ ဒုက္ခသည်တွေ ကတော့ သူတို့အနေနဲ့ ဘာကြောင့် အခုလို မှတ်ပုံတင်ရတယ်ဆိုတာ မသိကြောင်း ပြောကြပါတယ်။

လက်ရှိအာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ရဲ့ ဝန်ကြီးချုပ် Narendra Modi က ရိုဟင်ဂျာတွေ ဟာ တရားမဝင် ဝင်ရောက်လာသူတွေဖြစ်ကြောင်းနဲ့ သူတို့ဟာ အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း ပြောဆိုထားပြီး ရိုဟင်ဂျာတွေကို စာရင်းကောက်ပြီး ပြန်ပို့ဖို့ ညွန်ကြားထား တယ်လို့ ဆိုပါတယ်။ ဒုက္ခသည်တွေ ပြန်ပို့ရေး အစီအစဉ်ကိုတော့ မြန်မာဘက်က စတင်တာဖြစ်ပြီး သူတို့ ဘယ်သူ ဖြစ်တယ်ဆိုတာကို မြန်မာဘက်က စိစစ်ပြီးတဲ့နောက်မှာ ပြန်ပို့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ရိုဟင်ဂျာတွေကို အဓမ္မ နေရပ်ပြန်ပို့ခြင်းဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာ ရောက် ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG