သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး Shangiri-la Dialogueမှာ ဆွေးနွေးကြ

ရိုဟင်ဂျာ ဒုက္ခသည် ပြသနာကို အထူးအလေးပေးကြဖို့ အင်ဒိုနီးရှား ကာကွယ်ရေး ဝန်ကြီးက ဒီကနေ့ စကာၤပူနိုင်ငံမှာ ကျင်းပနေတဲ့ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ညီလာခံ Shangiri-la Dialogue မှာ သတိပေး ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည် ပြသနာကို အထူးအလေးပေးပြီး မကိုင်တွယ်ဘူးဆိုရင်တော့ ကွန်ယက်တွေ ဖြန့်ကျက်ဖို့ အတွက် အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့က ဒီလူတွေကို စုဆောင်းသွားနိုင်တယ်လို့ အင်ဒိုနီးရှား ကာကွယ်ရေး ဝန်ကြီး Ryamizard Ryacudu က သတိပေး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာ ပဋိပက္ခမှာ ဖြစ်ထွန်းမှုတွေကို သတိထားပြီး အထူးအလေးပေး ကြရပါမယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးကိစ္စကို ကူညီထောက်ပံ့ပေးရုံတင် မဟုတ်ဘဲ အခိုင်အမာ အရေးယူ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ထိထိရောက်ရောက် မကိုင်တွယ်နိုင်ဘူးဆိုရင်တော့ ဒီဒုက္ခသည်တွေကို အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့က သူတို့ရဲ့ ကွန်ယက်ကို ဖြန့်ကျက်တဲ့ အနေနဲ့ စုဆောင်းရယူသွားနိုင်ပါတယ်။ လို့ အင်ဒိုနီးရှား ကာကွယ်ရေး ဝန်ကြီးက သတိပေး ပြောဆိုခဲ့တာဖြစ်ပါတယ်။

အာရှဒေသလုံခြုံရေးဆိုင်ရာ ညီလာခံ ရှန်ဂရီလာ ဒိုင်းယာလောခ့်မှာ ရိုဟင်ဂျာ ဒုက္ခသည် အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ကြက်ခြေနီအသင်း ICRC အကြီးအကဲက လုပ်ငန်းစဉ် သုံးရပ်ကို အဆိုပြုခဲ့ပါတယ်။ ဘင်္ဂလားဒေရှ့်ကို ထွက်ပြေးကြသူတွေကို ဘေးကင်းလုံခြုံမှု၊ လူ့ဂုဏ်သိက္ခာနဲ့ အညီ ဌာနေပြန်နိုင်ရေး ဆောင်ရွက်ပေးဖို့၊ ရခိုင်အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေ အတိုင်း မြန်မာ အစိုးရဘက်က အပြည့်အ၀ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်ရေး ထောက်ပံ့ပေးဖို့၊ လုံခြံရေး ဆောင်ရွက်ချက်တွေမှာ အရပ်သားတွေကို ပစ်မှတ်မထားဘဲ လိုအပ်သလောက်ဘဲ အင်အားသုံးဖို့ စတာတွေကို ICRC အကြီးအကဲ Peter Maurer က ဆွေးနွေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG