သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်မျဉ်းပေါ် ခိုလှုံသူတွေကို အကူအညီရပ်ဖို့ မြန်မာတိုက်တွန်း


 မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ နှစ်နိုင်ငံနယ်နိမိတ် မျဉ်းအနီးရှိ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် (ဓါတ်ပုံ- MOI)
မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ နှစ်နိုင်ငံနယ်နိမိတ် မျဉ်းအနီးရှိ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် (ဓါတ်ပုံ- MOI)

ဘင်္ဂလားဒေရှ့်နဲ့ မြန်မာ နှစ်နိုင်ငံ နယ်စပ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၆ ထောင်ကို ဘင်္ဂလားဒေရှ့်ဘက်က အထောက်အကူ ပေးနေတာတွေ ရပ်ဖို့ မြန်မာဘက်က ပြောဆိုကြောင်း ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုလိုက်တယ်လို့ AFP သတင်းက ပြောဆိုပါတယ်။

ဒီလူတွေကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို ဘင်္ဂလားဒေရှ့်ဘက်က ပေးနေတာတွေ ရပ်ပြီး မြန်မာဘက်ကနေ ပေးဖို့ ကမ်းလှမ်းတဲ့ အကြောင်း ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးဌာနက မနေ့ စနေနေ့ နှောင်းပိုင်းမှာ ပြောဆိုပါတယ်။ ဒီ ကမ်းလှမ်းချက် အပေါ် ဘင်္ဂလားဒေရှ့်ဘက်က မှတ်ချက်ပေး ပြောဆိုခဲ့တာ မရှိကြောင်း၊ ဒါပေမယ့် အဲဒီ နှစ်နိုင်ငံ နယ်စပ်မှာ စစ်တမ်းတခုကောက်ယူဖို့ မြန်မာဘက်က အဆိုပြုချက်ကိုတော့ အပြုသဘောဆောင် တုံ့ပြန်ခဲ့ကြောင်း ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒီလူတွေက ဘင်္ဂလားဒေရှ့်ဘက်ကိုလည်း ဝင်ရောက်ခွင့် မရဘဲ နှစ်နိုင်ငံနယ်စပ်မှာ ပိတ်မိနေကြသူတွေပါ။ ဘင်္ဂလားဒေရှ့်ဘက်က ပို့ပေးတဲ့ နိုင်ငံတကာ အထောက်အကူတွေကို မှီခိုနေရသူတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ရောက်နေတဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီး A.H. Mahmood Ali နဲ့ မြန်မာ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေတို့ ပြီးခဲ့တဲ့ သောကြာနေ့ နေပြည်တော်မှာ ဆွေးနွေးမှု အတွင်း မြန်မာဘက်က အခုလို တောင်းဆိုတာလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ် အဖြစ် ရောက်ရှိနေတဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီး Abul Hassan Mahmood Ali က မနေ့ စနေနေ့တုန်းကတော့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး မြန်မာ အစိုးရဲ့ ဆောင်ရွက်ချက် တစိတ်တပိုင်းဖြစ်တဲ့ ရခိုင်မြောက်ပိုင်းက အဆောက်အအုံ ဆောက်လုပ်မှု အခြေအနေကို သွားကြည့်ပါတယ်။

XS
SM
MD
LG