သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအများအပြားလက်ခံဖို့ မြန်မာဘက်က အဆင်သင့်မဖြစ်သေး


၂၀၁၇ စက်တင်ဘာက ဘင်္ဂလားဒက်ရှ် ကူတူးပလောင် ဒုက္ခသည်စခန်းကို အသစ် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာတွေ ရိက္ခာဝေစုယူရန် စောင့်ဆိုင်းနေကြစဉ်။
၂၀၁၇ စက်တင်ဘာက ဘင်္ဂလားဒက်ရှ် ကူတူးပလောင် ဒုက္ခသည်စခန်းကို အသစ် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာတွေ ရိက္ခာဝေစုယူရန် စောင့်ဆိုင်းနေကြစဉ်။

မြန်မာနိုင်ငံကနေ ထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ဒုက္ခသည် အရေအတွက် အများအပြား မြန်မာနိုင်ငံတွင်း မူရင်းဒေသတွေဆီ ပြန်သွားတယ် ဆိုတဲ့ သတင်းမျိုး မရသေးဘူးလို့ ကုလသမဂ္ဂက သောကြာနေ့မှာပြောပါတယ်။

“လက်ရှိအဆင့်မှာ ကျနော်တို့ရဲ့ သဘောထားက အပြောင်းအလဲမရှိပါဘူး။ ကျနော်တို့ ထပ်ခါတလဲလဲ ပြောထားဖူးတဲ့ အတိုင်းပဲ ရိုဟင်ဂျာတွေ အလုံးအရင်းနဲ့ ပြန်သွားဖို့အတွက် လက်တွေ့အခြေအနေတွေက အထောက်အကူဖြစ်တဲ့အဆင့် မရောက် သေးပါဘူး။ အဲဒီလို အရေအတွက်များများ ပြန်သွားတယ်လို့ အတည်ပြု နိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ဒုတိယ ပြောခွင့်ရ Farhan Haq က သတင်းထောက်တဦးရဲ့မေးခွန်းကို ပြန်ဖြေသွား ပါတယ်။

မြန်မာအစိုးရက ရခိုင်ပြည်နယ်မြောက်ပိုင်း မွတ်ဆလင်အသိုင်းအဝိုင်းလို့ ဖော်ပြ ပြောဆိုသူတွေကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက တော့ ရိုဟင်ဂျာလို့ ခေါ်ဆို သုံးစွဲပါတယ်။

ဒုက္ခသည်တွေကို ပြန်ပို့ဖို့အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား သဘောတူလက်မှတ် ရေးထိုးထားတာရှိသလို ကုလသမဂ္ဂအဖွဲ့အစည်းတွေဖြစ်တဲ့ UNHCR ၊ UNDP တို့နဲ့ မြန်မာအစိုးရအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးထားတာ လည်းရှိပါတယ်။ ဒါပေမဲ့လည်း အဲဒီသဘောတူညီချက်၊ နားလည်မှု စာချွန်လွှာတွေအတိုင်း အကောင်အထည်ဖော်နေတာတွေ ဘယ်အဆင့် ဘယ် အခြေအနေ ရောက်နေသလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လ နောက်ပိုင်းဖြစ်ခဲ့တယ်ဆိုတဲ့ လူ့အခွင့်အရေး ချိုးဖောက် မှုတွေကို စုံစမ်းစစ်ဆေး ဖို့ ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံက လက်မခံတာဟာ “သူတို့က ဘာကိုများ ဖုံးကွယ်နေတာလဲ” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာ မင်းကြီး Zeid Ra’ad al-Hussein က ကြာသပတေးနေ့မှာ မေးခွန်း ထုတ်လိုက် ပါတယ်။

သြဂုတ်လ ၃၁ ရက်နေ့မှာ မဟာမင်းကြီးအဖြစ် တာဝန်ထမ်းဆောင်တဲ့သက်တမ်း ကုန်ဆုံးတော့မယ့် မစ္စတာ al-Hussein က ကြာသပတေးနေ့ကလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အဲဒီလို မေးခွန်းထုတ်သွားတာဖြစ်ပါတယ်။

ရိုဟင်ဂျာအများအပြားလက်ခံဖို့ မြန်မာဘက်က အဆင်သင့်မဖြစ်သေး
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG