သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအပေါ်ကျူးလွန်မှု Genocide အဆင့် ရောက်မရောက် ကုလသုံးသပ်ဆဲ


ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာအကြီးအကဲ Jyoti Sanghera
ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာအကြီးအကဲ Jyoti Sanghera

သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ARSA ရိုဟင်ဂျာ အကြမ်းဖက် အဖွဲ့ရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် တဖက်နိုင်ငံကို ရိုဟင်ဂျာ ဒုက္ခသည် ၅ သိန်းကျော် ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်ကို Genocide လို့ သတ်မှတ်တဲ့ လူမျိုးတုံး သတ်ဖြတ်မှု အနေအထား ရောက်မရောက် ကုလသမဂ္ဂက အခုထိ ဆုံးဖြတ်ချက် မချရသေးဘူးလို့ လူ့အခွင့်ရေး ဆိုင်ရာ ကုလမဂ္ဂ မဟာမင်းကြီးရုံး (OHCHR) ရဲ့ အာရှပစိတ်ဖိတ်ဒေသ အကြီးအကဲ Jyoti Sanghera က ဗုဒ္ဓဟူးနေ့က ဂျနီဗာမှာ သတင်းထောက် တွေကို ပြော ကြားခဲ့ကြောင်း ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ ဒီမိုကရေစီအုပ်ချုပ်မှုအောက်မှာ ကြေကွဲဖွယ်ရာဖြစ်ရပ်၊ အသတ်ရှင် နေထိုင်ဖို့ ရုန်းကန်ခြင်း - ဆိုတဲ့ခေါင်းစဉ်နဲ့ကျင်းပတဲ့ညီလာခံမတိုင်မီ သူက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

Genocide လို့ ဥပဒေအရ သတ်မှတ်တဲ့ ဘောင် ဝင်မဝင်ကို ကုလသမဂ္ဂက လေ့လာသုံးသပ်နေဆဲဖြစ်ကြောင်း လူ့အခွင့်ရေးဆိုင်ရာ ကုလမဂ္ဂ မဟာမင်းကြီးရုံးရဲ့ အာရှပစိတ်ဖိတ်ဒေသ အကြီးအကဲ Jyoti Sanghera က အခုလို ပြောလိုက်တာဖြစ်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာအကြီးအကဲ Zeid Raad al Hussein က အခြေနေဟာ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှု Ethnic cleansing အနေနဲ့ ပြဌာန်းရမယ့်နမူနာ ဖြစ်နိုင်တယ်လို့ ပြောဆိုခဲ့ပေမယ့် genocide ဆိုတဲ့ စကားလုံးကိုတော့ မသုံးခဲ့ပါဘူး။ အခြေနေဟာ ဒီအသုံးနှုန်း ၂ ခု ကြားက အနေထား ရှိနေနိုင်ပေမယ့် ဒါကို အခုထိ OHCHR က တရားဝင် သတ်မှတ်ဖို့ မဆုံးဖြတ်သေးဘူး လို့ လည်း မစ္စ Sanghera က ပြောပါတယ်။

ကုလသမဂ္ဂ အဖွဲ့က ပြီးခဲ့တဲ့လတုန်းက ဒီဒုက္ခသည်တွေကို တွေ့ဆုံမေးမြန်းခဲ့သလို လက်ရှိမှာလည်း လူ့အခွင့်ရေးအဖွဲ့ နောက်တခု ဘင်္ဂလားဒေ့ရှ်ကို ရောက်နေပြီး မြန်မာနိုင်ငံထဲက ထွက်ပြေးလာသူ ၅ သိန်းကျော်ဆီက အချက်လက်တွေ စုဆောင်း နေတယ်လို့လည်း ပြောပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာလည်း သိန်းနဲ့ ချီတဲ့ ရိုဟင်ဂျာတွေ ရှိနေမယ်လို့ ယူဆကြောင်းလည်း မစ္စ Sanghera ကပြောပါတယ်။

ရိုဟင်ဂျာတွေဟာ ၁၉၄၈ ခုနှစ်မှာ ကုလသမဂ္ဂက ပြဌာန်းခဲ့တဲ့ Genocide လူမျိုးတုန်း သတ်ဖြတ်မှု ခံရတဲ့ အနေထားကို ရောက်နေတယ်လို့ဆုံးဖြတ်မယ် ဆိုရင် သူတို့ကို ကာကွယ်ပေးဖို့ မြန်မာအစိုးရ အပေါ် နိုင်ငံတကာ အသိုင်းဝိုင်းက ဖိအားတွေ ပေးလာနိုင်ပါတယ်။

XS
SM
MD
LG