သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bangladeshရောက် ဒုက္ခသည်တွေ အခြေအနေဆိုးရွား


Bangladesh ရောက်ဒုက္ခသည်တွေ
Bangladesh ရောက်ဒုက္ခသည်တွေ

ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်း ၄ လနီးပါးကြာမြင့်လာပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ရာသီဥတုအပြောင်းအလဲကြောင့် အခြေအနေတွေပိုဆိုးလာဖို့ရှိကြောင်း ကုလသမဂ္ဂတာဝန်ရှိသူတွေက မနေ့က သတိပေးပြောကြားခဲ့ပါတယ်။

သောကြာနေ့က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ပုံမှန်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရ Stephane Dujarric က ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ အခုလိုပြောသွားပါတယ်။

"ရာတုအပြောင်းအလဲကြောင့် ဘင်္ဂလားဒေ့ရှ် ဘက်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အကာအကွယ်မဲ့ ဆိုးရွားလာမယ့်အခြေအနေအပေါ် စိုးရိမ်မှုတွေတိုးလာနေကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီကပြောပါတယ်။ လာမယ့် သတင်းပတ်တွေနဲ့ လတွေမှာ ရာသီဥတုအေးလာမှာဖြစ်တဲ့အတွက် မကြာသေးခင်က ရောက်လာတဲ့ ဒုက္ခသည်တွေအတွက် တနင်္ဂနွေနေ့ကစပြီး ပထမဆုံးအကြိမ် အဝတ်အထည်ပေါင်း ၂၀၀,၀၀၀ လောက် စတင်ပြီး ကုလသမဂ္ဂက ဖြန့်ဝေပေးမှာဖြစ်ပါတယ်။"

ဇန်နဝါရီလဆိုရင် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အပူချိန် ၁၅ဒီဂရီ စင်တီဂရိတ်လောက်ပဲရှိမှာဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။ သြဂုတ်လ နောက်ပိုင်း ထွက်ပြေးလာတဲ့ ခန့်မှန်းချေ ဒုက္ခသည်ပေါင်း ၆၅၀,၀၀၀ လောက်မှာ ကလေးအရေအတွက် တဝက်ကျော် ၅၅ % ရှိနေကြောင်း Stephane Dujarric ကပြောပါတယ်။ မသန်မစွမ်းဖြစ်နေသူတွေ၊ အရေးပေါ်ဆေးဝါးကုသမှုခံယူဖို့ လိုအပ်နေသူတွေ ဒါမှမဟုတ် အသက်ကြီးသူတွေဟာလည်း ခန့်မှန်းချေ ၁၀% လောက်ရှိနေပြီး အခုလို ရာသီဥတုအပြောင်းအလဲမှာ သူတို့တွေရဲ့ အခြေအနေဟာလည်း စိုးရိမ်ရတယ်လို့ Mr. Dujarric ကဆိုပါတယ်။

ဒုက္ခသည်စခန်းထဲမှာ ခိုင်ခံတဲ့ ရွက်ဖျင်အမိုးအကာတဲတွေဆောက်လုပ်ဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR ကနေ အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေထောက်ပံပေးနေသလို ရေနုတ်မြောင်းတွေ ဖောက်လုပ်ဖို့၊ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် လည်း နည်းပညာပိုင်းမှာ တိုးချဲ့ပံပိုးပေးနေပါတယ်။

မြန်မာဘက်ခြမ်းကနေ ထွက်ပြေးလာတဲ့အခြေအနေတွေ ငြိမ်သက်သလောက်ရှိသွားပေမယ့် တရက်ကို ဒုက္ခသည် ၁၀၀ လောက် နယ်စပ်ကျော်ဖြတ်လာနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ မနေ့ သောကြာနေ့က ထုတ်ပြန်ချက်က ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG