{{Zawgyi/Unicode}}
ဘဂၤလားေဒ့ရွ္ႏုိင္ငံ၊ Cox's Bazar ေဒသက ဘာလုခါလီ ဒုကၡသည္စခန္းမွာ ႐ိုဟင္ဂ်ာ အုပ္စုႏွစ္စုၾကား ဒီကေန႔ တိုက္ခုိက္ၾကတာေၾကာင့္ လူ ၆ ေယာက္ထက္မနည္း ေသဆံုးၿပီး ၁၀ ေယာက္ထက္မနည္း ဒဏ္ရာရသြားပါတယ္။
ဒုကၡသည္စခန္းထဲက ဘာသာေရးေက်ာင္းတခုကို ဒီကေန႔မနက္ အရုဏ္မတက္ခင္ ေသနတ္သမားတစုက ဝင္ပစ္တာေၾကာင့္ ေက်ာင္းဆရာသံုးေယာက္၊ လုပ္အားေပးႏွစ္ေယာက္နဲ႔ ေက်ာင္းသားတေယာက္ ေသဆံုးသြားတယ္လို႔ ေဒသဆိုင္ရာ ရဲတပ္ဖြဲ႔အႀကီးအကဲ Shihab Kaiser Khan ကို ကိုးကားၿပီး ႐ိုက္တာသတင္းမွာ ေရးထားပါတယ္။ ႐ိုဟင္ဂ်ာအမ်ဳိးသားတဦးကို လက္နက္ခဲယမ္းေတြနဲ႔အတူ ဖမ္းမိထားၿပီး တျခားပါဝင္သူေတြကို ဖမ္းဆီးႏုိင္ဖုိ႔ ႀကိဳးစားေနတယ္လုိ႔ ရဲအရာရွိ Khan က ရိုက္တာကိုေျပာပါတယ္။
တိုက္ခိုက္ၾကတဲ့အေၾကာင္းရင္းကို ရွင္းရွင္းလင္းလင္း မသိရေသးေပမယ့္ ဒုကၡသည္စခန္းထဲမွာ မူးယစ္ေဆးဝါး အေရာင္းအဝယ္လုပ္ငန္းကို ထိန္းခ်ဳပ္ဖို႔အတြက္ ၿပိဳင္ဘက္အုပ္စုႏွစ္ခုၾကား တိုက္ ခိုက္ၾကတာလို႔ ေဒသတြင္းသတင္းေတြကို ကိုးကားၿပီး ေအပီကေရးပါတယ္။
တခ်ဳိ႕ ႐ိုဟင္ဂ်ာအုပ္စုေတြဟာ ဒုကၡသည္စခန္းေတြမွာ ျပန္ေပးဆြဲၿပီး ေငြေတာင္းတာ၊ ဘဂၤလားေဒ့ရွ္ကို မေရာက္ခင္ ျမန္မာႏုိင္ငံတြင္း သူတို႔ေနခဲ့တဲ့ေနရာေတြကေန မူးယစ္ေဆးဝါးေတြကို ခုိးသြင္းဖို႔ ဒုကၡသည္စခန္းေတြကို အသံုးခ်တာလို ဆိုးရြားတဲ့ရာဇဝတ္မႈေတြနဲ႔ ပတ္သက္ေနၾကတယ္လို႔ ဘဂၤလားေဒ့ရွ္ တာဝန္ရွိသူေတြ အရင္က ေျပာထားဖူးတဲ့အေၾကာင္း ေအပီသတင္းမွာ ေရးထားပါတယ္။
ဒုကၡသည္ ၂၇,၀၀၀ ေက်ာ္ရွိတဲ့ ဘာလုခါလီ ဒုကၡသည္စခန္းကို ဘဂၤလားေဒ့ရွ္ လံုၿခံဳေရးတပ္ဖြဲ႔ေတြ အင္အားျဖည့္လႊတ္လိုက္ၿပီး စခန္းကို ခ်က္ျခင္း ပိတ္ဆို႔လိုက္တယ္လုိ႔ ေအအက္ဖ္ပီသတင္းမွာ ေရးထားပါတယ္။
ထင္ရွားတဲ့ ႐ိုဟင္ဂ်ာေခါင္းေဆာင္တဦးျဖစ္သူ Mohib Ullah ကုတုပေလာင္ ဒုကၡသည္စခန္းထဲမွာ ေသနတ္နဲ႔ပစ္သတ္ခံခဲ့ရအၿပီး အခုလို ပစ္ခတ္သတ္ျဖတ္မႈ ထပ္ျဖစ္တာပါ။ Mohib Ullah အသတ္ခံရမႈနဲ႔ဆက္စပ္ၿပီး လူအမ်ားအျပားကို ဘဂၤလားေဒ့ရွ္ရဲတပ္ဖြဲ႔က ဖမ္းထားပါတယ္။
သူအသတ္ခံရၿပီးတဲ့ေနာက္ပိုင္းမွာ ရိုဟင္ဂ်ာ တက္ႂကြလႈပ္ရွားသူအမ်ားအျပား ပုန္းေအာင္းေနရ ဒါမွမဟုတ္ ရဲနဲ႔ ကုလသမဂၢအဖြဲ႔ေတြဆီကေန အကာအကြယ္ ေတာင္းခံခဲ့ၾကတယ္လုိ႔ ေအအက္ဖ္ပီသတင္းမွာ ေရးထားပါတယ္။
===========
{{Unicode}}
ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာအုပ်စုနှစ်ခုကြား တိုက်ခိုက်မှု ၆ ဦးထက်မနည်းသေဆုံး
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox's Bazar ဒေသက ဘာလုခါလီ ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာ အုပ်စုနှစ်စုကြား ဒီကနေ့ တိုက်ခိုက်ကြတာကြောင့် လူ ၆ ယောက်ထက်မနည်း သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရသွားပါတယ်။
ဒုက္ခသည်စခန်းထဲက ဘာသာရေးကျောင်းတခုကို ဒီကနေ့မနက် အရုဏ်မတက်ခင် သေနတ်သမားတစုက ဝင်ပစ်တာကြောင့် ကျောင်းဆရာသုံးယောက်၊ လုပ်အားပေးနှစ်ယောက်နဲ့ ကျောင်းသားတယောက် သေဆုံးသွားတယ်လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲ Shihab Kaiser Khan ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးထားပါတယ်။ ရိုဟင်ဂျာအမျိုးသားတဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိထားပြီး တခြားပါဝင်သူတွေကို ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေတယ်လို့ ရဲအရာရှိ Khan က ရိုက်တာကိုပြောပါတယ်။
တိုက်ခိုက်ကြတဲ့အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ဒုက္ခသည်စခန်းထဲမှာ မူးယစ်ဆေးဝါး အရောင်းအဝယ်လုပ်ငန်းကို ထိန်းချုပ်ဖို့အတွက် ပြိုင်ဘက်အုပ်စုနှစ်ခုကြား တိုက် ခိုက်ကြတာလို့ ဒေသတွင်းသတင်းတွေကို ကိုးကားပြီး အေပီကရေးပါတယ်။
တချို့ ရိုဟင်ဂျာအုပ်စုတွေဟာ ဒုက္ခသည်စခန်းတွေမှာ ပြန်ပေးဆွဲပြီး ငွေတောင်းတာ၊ ဘင်္ဂလားဒေ့ရှ်ကို မရောက်ခင် မြန်မာနိုင်ငံတွင်း သူတို့နေခဲ့တဲ့နေရာတွေကနေ မူးယစ်ဆေးဝါးတွေကို ခိုးသွင်းဖို့ ဒုက္ခသည်စခန်းတွေကို အသုံးချတာလို ဆိုးရွားတဲ့ရာဇဝတ်မှုတွေနဲ့ ပတ်သက်နေကြတယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေ အရင်က ပြောထားဖူးတဲ့အကြောင်း အေပီသတင်းမှာ ရေးထားပါတယ်။
ဒုက္ခသည် ၂၇,၀၀၀ ကျော်ရှိတဲ့ ဘာလုခါလီ ဒုက္ခသည်စခန်းကို ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့တွေ အင်အားဖြည့်လွှတ်လိုက်ပြီး စခန်းကို ချက်ခြင်း ပိတ်ဆို့လိုက်တယ်လို့ အေအက်ဖ်ပီသတင်းမှာ ရေးထားပါတယ်။
ထင်ရှားတဲ့ ရိုဟင်ဂျာခေါင်းဆောင်တဦးဖြစ်သူ Mohib Ullah ကုတုပလောင် ဒုက္ခသည်စခန်းထဲမှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရအပြီး အခုလို ပစ်ခတ်သတ်ဖြတ်မှု ထပ်ဖြစ်တာပါ။ Mohib Ullah အသတ်ခံရမှုနဲ့ဆက်စပ်ပြီး လူအများအပြားကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဖမ်းထားပါတယ်။
သူအသတ်ခံရပြီးတဲ့နောက်ပိုင်းမှာ ရိုဟင်ဂျာ တက်ကြွလှုပ်ရှားသူအများအပြား ပုန်းအောင်းနေရ ဒါမှမဟုတ် ရဲနဲ့ ကုလသမဂ္ဂအဖွဲ့တွေဆီကနေ အကာအကွယ် တောင်းခံခဲ့ကြတယ်လို့ အေအက်ဖ်ပီသတင်းမှာ ရေးထားပါတယ်။
#Bangladesh #Roghingya #voaburmese #ရိုဟင်ဂျာ #ဗွီအိုအေမြန်မာပိုင်း
===========