သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ နစ်နာမှုအတွက် တာဝန်ယူဖို့ META ရှယ်ယာဝင်တွေကို AI အဖွဲ့တိုက်တွန်း


အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် အရှေ့အာချေးမြို့ကိုရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ၊ ၂၀၂၂)
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် အရှေ့အာချေးမြို့ကိုရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ၊ ၂၀၂၂)

Facebook လူမှုကွန်ရက်ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ META အစုရှယ်ယာဝင်တွေ ဒီသီတင်းပတ်ထဲ နှစ်ပတ်လည် အစည်းအဝေး ကျင်းပတဲ့အခါ ရိုဟင်ဂျာတွေ နစ်နာခဲ့ရမှုတွေအတွက် တာဝန်ယူမှုရှိစေရေး ဦးစားပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Amnesty International ကပြောလိုက်ပါတယ်။ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ ရခိုင်ပြည်နယ်က စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာတွေအပေါ် ကျုးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် Facebook ကုမ္ပဏီမှာလည်း တစိတ်တပိုင်း တာဝန်ရှိခဲ့တာကြောင့် နစ်နာမှုတွေကို ကုစားဖို့ လိုတယ်လို့လည်း ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ AI အဖွဲ့ရဲ့ နည်းပညာဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Pat de Brún ပြောဆိုထားတာပါ။

Facebook ကြောင့် ရိုဟင်ဂျာတွေအပေါ် မုန်းတီးမှုတွေကို ပိုမိုသွေးထိုးပေးရာ ရောက်ခဲ့တာတွေကို ထိရောက်တဲ့ ကုစားမှုတွေလုပ်ဖို့ ပျက်ကွက်နေတာကြောင့် ရှယ်ယာဝင် အစည်းအဝေးမှာ ဦးစားပေးဆွေးနွေးဖို့လည်း တိုက်တွန်းထားပါတယ်။ ရက်စက်ကြမ်းကြုတ်မှုတွေက လွတ်မြောက်လာသူတွေဟာ ဒုက္ခသည်စခန်းတွေမှာ အခက်အခဲတွေကြား ဆက်လက် နေထိုင်နေရချိန်မှာ META ကုမ္ပဏီက အကျိုးအမြတ်တွေ ဆက်လက် ခံစားနေရတယ်လို့လည်း ဝေဖန်ထားပါတယ်။

ဒီအတွက်လည်း နစ်နာခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် META ကုမ္ပဏီက တာဝန်ယူဖို့ ဗုဒ္ဓဟူးနေ့ ကျင်းပမယ့် အစုရှယ်ယာဝင် အစည်းအဝေးမှာ ဦးစားပေး ဆွေးနွေးဖို့ လိုတယ်လို့လည်း AI အဖွဲ့က တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG