သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေတြတကၠသိုလ္မွာ ႐ိုဟင္ဂ်ာေက်ာင္းသားေတြ တက္ေရာက္ခြင့္ျပဳ


Arakan Students' Union - ရခုိင္ျပည္ ေက်ာင္းသားသမဂၢ (Credit- Arakan Students' Union)


[[Zawgyi/Unicode]]

ရခိုင္ျပည္နယ္မွာ ဆယ္စုႏွစ္တခုၾကာ တကၠသိုလ္တက္ခြင့္ပိတ္ပင္ခံထားရတဲ့ ႐ိုဟင္ဂ်ာ ေက်ာင္းသူေက်ာင္းသားေတြ ဒီႏွစ္တကၠသိုလ္တတ္ခြင့္ျပဳလိုက္တယ္လို႔ သိရပါတယ္။ ႐ိုဟင္ဂ်ာေက်ာင္းသားေတြကေတာ့ ေက်ာင္းတတ္ခြင့္ရလို႔ ဝမ္းသာေပမယ့္ ဆယ္စုႏွစ္ၾကာ တကၠသိုလ္နဲ႔ေဝးေနတာမို႔ စိုးရိမ္မႈေတြေတာ့ ရွိေနပါတယ္။ ရန္ကုန္ သတင္းေပးပို႔ထားတာကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ရခိုင္ျပည္နယ္က စစ္ေတြတကၠသိုလ္မွာ ဆယ္စုႏွစ္ၾကာ တကၠသိုလ္တက္ခြင့္ ပိတ္ပင္ထားတဲ့ ႐ိုဟင္ဂ်ာေက်ာင္းသူေက်ာင္းသားေတြ တကၠသိုလ္တက္ေရာက္ခြင့္ျပဳလိုက္တာေၾကာင့္ ေက်ာင္းအပ္ထားတဲ့ ႐ိုဟင္ဂ်ာေက်ာင္းသူေက်ာင္းသား ၁၀၀ ေက်ာ္အထိရွိတယ္လို႔ စစ္ေတြတ ကၠသိုလ္ ေက်ာင္းသားသမဂၢ ေျပာခြင့္ရ ကိုေက်ာ္ႏိုင္ေဌးကေျပာပါတယ္။

“စစ္ေတြတကၠသိုလ္မွာ ေက်ာင္းအပ္ထားတာကေတာ့ ၁၀၀ ေက်ာ္ေလာက္ရွိပါတယ္၊ ဒါက day တခုတည္းပါ။ အေဝးသင္သင္တန္းအတြက္လည္း ေခၚဖို႔ ရွိပါတယ္။ အေဝးသင္က်ရင္ေတာ့ ပိုၿပီး မ်ားလာမွာ ျဖစ္ပါတယ္။ တျပည္လုံးအေနနဲ႔ေပါ့ေနာ္၊ အခုေလာေလာဆယ္ကေတာ့ Day အေနနဲ႔ ၁၀၀ ေက်ာ္ေလာက္ရွိပါတယ္။ စစ္ေတြ တကၠသိုလ္မွာ။”

ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ ၂၀၁၂ ခုႏွစ္တုန္းက ေဒသခံ မြတ္ဆလင္ေတြနဲ႔ ရခိုင္ျပည္သူေတြၾကား လူမ်ိဳးေရးဆန္ဆန္ ပဋိပကၡျဖစ္ပြားခဲ့တာေၾကာင့္ အစိုးရအေနနဲ႔ လုံၿခဳံေရး အေၾကာင္းျပ ၿပီး ႐ိုဟင္ဂ်ာမြတ္ဆလင္ေတြကို တကၠသိုလ္တက္ေရာက္ခြင့္ ပိတ္ပင္ထားခဲ့တာပါ။

ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္မွာေတာ့ ႐ိုဟင္ဂ်ာေက်ာင္းသူေက်ာင္းသားေတြအတြက္ ေမာင္ေတာ၊ ဘူးသီးေတာင္နဲ႔ စစ္ေတြ စတဲ့ၿမိဳ႕နယ္ေတြမွာ သီးသန႔္စင္တာသုံးခုဖြင့္ၿပီး တကၠသိုလ္ပညာေတြကို သင္ယူခြင့္ျပဳခဲ့ေပမယ့္ ျမန္မာစာ၊ ပထဝီနဲ႔ သမိုင္းဘာသာကိုသာ သင္ၾကားခြင့္ရပါတယ္။ ဒီႏွစ္မွာေတာ့ ႐ိုဟင္ဂ်ာမြတ္ဆလင္ေတြအေနနဲ႔ ဘာသာကန႔္သတ္ခ်က္မထားဘဲ တကၠသိုလ္ပညာသင္ၾကားခြင့္ ရရွိၾကပါတယ္။

လက္ရွိ စစ္ေတြတကၠသိုလ္မွာ ေက်ာင္းတက္ေရာက္ခြင့္ရသူေတြဟာ ၿပီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္က တကၠသိုလ္ဝင္တန္းစာေမးပြဲ ေအာင္ျမင္ထားသူေတြကိုသာ လက္ခံတာျဖစ္လို႔ က်န္ ႐ိုဟင္ဂ်ာမြတ္ဆလင္ေက်ာင္းသူေက်ာင္းသားေတြကေတာ့ တတ္ေရာက္ခြင့္မရၾကဘူးလို႔ စစ္ေတြတကၠသိုလ္မွာ တက္တဲ့ ႐ိုဟင္ဂ်ာေက်ာင္းသားတဦးက ဗြီအိုေအကို ေျပာပါတယ္။

“၂၀၁၂ ခုႏွစ္ ပဋိပကၡျဖစ္ၿပီးတဲ့ေနာက္ပိုင္း ဆယ္စုႏွစ္တခုၾကာၿပီးမွာ လူမ်ိဳးႏွစ္မ်ိဳးၾကားမွာ က်ေနာ္တို႔ ဆယ္စုႏွစ္ၾကာ က်ေနာ္တို႔ တကၠသိုလ္တက္ခြင့္မရခဲ့ဘူး။ အဲဒီတုန္းကေတာ့ က်ေနာ္တို႔ ငယ္ေသးတယ္။ ဘာပဲျဖစ္ျဖစ္ က်ေနာ္တို႔ ၂၀၂၀ မွာ တကၠသိုလ္စာေမးပြဲ ေအာင္ျမင္ခဲ့တယ္။ ၿပီးေတာ့ က်ေနာ္တို႔အတြက္ ၂၀၂၂ ခုႏွစ္မွာ အခြင့္အေရးတခုအေနနဲ႔ ေက်ာင္တက္ခြင့္ရမယ္ဆိုေတာ့ က်ေနာ္တို႔ အဲဒါကို အလြန္ ဝမ္းသာမိပါတယ္။ က်ေနာ္တို႔ကို အခု တကၠသိုလ္က လက္ခံလိုက္ၿပီ။ ေက်ာင္းတက္ခြင့္ရမယ္ဆိုၿပီးေတာ့ က်ေနာ္တို႔ကို ၁၂ ရက္ေန႔ လာတက္ဖို႔ ေျပာထားတာရွိတယ္။ အခုတက္ခြင့္ရတာက ၂၀၂၀ မွာ ေအာင္တဲ့သူေတြကိုပဲ တက္ခြင့္ေပးတာ။ အကုန္လုံးကို ေပးေနတာမဟုတ္ဘူး၊ ၂၀၁၂ ကေန ေအာင္တဲ့သူေတြထဲမွာ ၂၀၂၀ ခုႏွစ္မွာ ေအာင္တဲ့ သူေတြကိုပဲ တက္ခြင့္ေပးတာ ရခိုင္ျပည္မွာ။”

ဒီႏွစ္တကၠသိုလ္တက္ခြင့္ရတဲ့ အဲဒီ ႐ိုဟင္ဂ်ာေက်ာင္းသားကေတာ့ ေက်ာင္းတက္ခြင့္ရတဲ့ အတြက္ ဝမ္းသာေပမယ့္ ဆယ္စုႏွစ္တစ္ခုၾကာၿပီးမွ အသိုင္းအဝိုင္းႏွစ္ခုၾကား ေက်ာင္းျပန္တက္ရမွာနဲ႔ ပတ္သက္ၿပီး အဆင္မေျပမွာကို စိုးရိမ္မိတယ္လို႔ ေျပာပါတယ္။

“က်ေနာ္ေတာ့ အလြန္ဝမ္းသာေပ်ာ္မိတယ္။ ပီတိျဖစ္မိတယ္။ ေက်ာင္းတက္ခြင့္ရလို႔ ဒီလိုမ်ိဳး ဘယ္တုန္းကမွ မထင္ထားခဲ့ဘူး။ ဆယ္စုႏွစ္တခုၾကာသြားၿပီးေတာ့ ေက်ာင္းတက္ခြင့္ ရမယ္လို႔ မေမွ်ာ္လင့္ခဲ့ဘူး။ မေမွ်ာ္လင့္တာေတြ ျဖစ္လာေအာင္ က်ေနာ္တို႔ကို အဘက္ဘက္က ကူညီေပးခဲ့တဲ့ ရခိုင္ေက်ာင္းသားသမဂၢတို႔၊ မြတ္ဆလင္ေက်ာင္းသား သမဂၢတို႔ကို ေက်းဇူးတင္ပါတယ္။ ဒါေပမယ့္ က်ေနာ္တို႔ရင္ထဲမွာ ျဖစ္ေနတာက ဆယ္စုႏွစ္တခုၾကာၿပီးမွ လူမ်ိဳးနစ္မ်ိဳးၾကားမွာ ေက်ာင္းျပန္တက္မယ္ဆိုရင္ တစုံတခု ျပႆနာျဖစ္ရင္ က်ေနာ္တို႔အတြက္ အဆင္ေျပပါ့မလား။ က်ေနာ္တို႔လုံၿခဳံေရးက ဘာရွိလဲ။ အဲလို ေမးခြန္းေတြျဖစ္လာတယ္။”

႐ိုဟင္ဂ်ာမြတ္ဆလင္အမ်ားစုဟာ ရခိုင္ျပည္နယ္အတြင္းက ဘူးသီးေတာင္၊ ေမာင္ေတာ၊ ေက်ာက္ေတာ္၊ ေျမပုံ၊ မင္းျပား၊ ေက်ာက္ျဖဴနဲ႔ စစ္ေတြၿမိဳ႕နယ္ေတြမွာ ေနထိုင္ၾကတာျဖစ္ပါတယ္။ အမ်ားစုကေတာ့ ႏိုင္ငံသားစိစစ္ေရးကဒ္မရွိၾကပါဘူး။

စစ္ေကာင္စီက ၿပီးခဲ့တဲ့ ဧၿပီလတရက္ေန႔ကစၿပီး တၿမိဳ႕နဲ႔တၿမိဳ႕ ခရီးသြားလာမယ္ဆိုရင္ အသက္ ၁၆ ႏွစ္ျပည့္သူတိုင္း ႏိုင္ငံသားစိစစ္ေရးကဒ္ျပရမယ္ဆိုၿပီးေတာ့ ထုတ္ျပန္ထားပါတယ္။ ဒါေၾကာင့္လည္း ႐ိုဟင္ဂ်ာေက်ာင္းသားေတြကို စစ္ေတြတကၠသိုလ္က လက္ခံေပမယ့္လို႔ ႏိုင္ငံသားစိစစ္ေရးကဒ္မရွိတဲ့ တျခားၿမိဳ႕နယ္ေတြက ႐ိုဟင္ဂ်ာမြတ္ဆလင္ေက်ာင္းသားေတြအတြက္ေတာ့ အခက္အခဲရွိေနတယ္လို႔ အဲဒီ ႐ိုဟင္ဂ်ာေက်ာင္းသားေတြကေျပာပါတယ္။

“ နယ္ပိုင္းကလာမယ္ဆိုရင္ ေက်ာက္ေတာ္တို႔၊ ေမာင္ေတာတို႔၊ မင္းျပားတို႔ အဲလို နယ္ပိုင္းက လာမယ္ဆိုရင္ သူတို႔မွာ ႏိုင္ငံသားစိစစ္ေရးကဒ္မရွိဘူး။ က်ေနာ္တို႔ မြတ္ဆလင္ေတြကို ႏိုင္ငံသားကဒ္မေပးဘူး။ ႏိုင္ငံသားကဒ္မရွိဘူးဆိုေတာ့ သူတို႔အတြက္ ေက်ာင္းတက္ ခြင့္မရွိဘူးလား၊ သူတို႔အတြက္ အစီအစဥ္ဘယ္လိုမ်ိဳးရွိလဲ၊ အခုက ၂၀၂၀ေအာင္တဲ့ သူေတြပဲ ေက်ာင္းဝင္ခြင့္ရတာ ဆိုေတာ့ ၂၀၁၂ ကေန ၂၀၁၉ အထိ ေအာင္တဲ့ ေက်ာင္းသား ေက်ာင္းသူေတြအတြက္ ဘယ္လိုမ်ိဳးေတြရွိလဲ၊ သူတို႔အတြက္ ရႈံးမႈလား၊ သူတို႔အတြက္ ေနာက္ထပ္မရွိေတာ့ဘူးလား၊ သူတို႔လည္း တခုခု စိုးရိမ္မွာေပါ့။ က်ေနာ္တို႔တက္ခြင့္ရရင္ သူတို႔က်တက္ခြင့္မရဘူး၊”

႐ိုဟင္ဂ်ာမြတ္လင္ေတြကို ေက်ာင္းျပန္တက္ခြင့္ေပးလိုက္တာနဲ႔ ပတ္သက္ၿပီး သက္ဆိုင္ရာ ပညာေရး တာဝန္ရွိသူေတြကို ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔ မရပါဘူး။ ႐ိုဟင္ဂ်ာဆိုတဲ့အသုံးအႏႈံးကိုလည္း စစ္ေကာင္စီလက္ခံသုံးစြဲျခင္းမရွိပါဘူး။ ရခိုင္ျပည္နယ္အတြင္း ၂၀၁၂ လူမ်ိဳးေရးဆန္တဲ့ပဋိပကၡေတြျဖစ္ၿပီးကတည္းက မြတ္ဆလင္နဲ႔ ရခိုင္အသိုင္းအဝိုင္းကို သီးျခားခြဲထားသလို မြတ္ဆလင္ေတြကို အသြားအလာ ကန႔္သတ္တင္းၾကပ္မႈေတြလည္းျပဳလုပ္ထားပါတယ္။ ၂၀၁၇ ခုႏွစ္အေရးအခင္းေနာက္ပိုင္း သိန္းနဲ႔ခ်ီတဲ့ ႐ိုဟင္ဂ်ာေတြ တဘက္ႏိုင္ငံကို ထြက္ေျပးတိမ္းေရွာင္ခဲ့ရသလို ျပည္တြင္းမွာက်န္သူအမ်ားစုကလည္း ဒုကၡသည္စခန္းေတြမွာ ေနေနၾကရပါတယ္။

လက္ရွိမွာေတာ့ ရခိုင္နဲ႔ မြတ္ဆလင္ေတြၾကားမွာ ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြ ရွိလာသလို လူမ်ိဳးစုအားလုံးပါဝင္တဲ့ ေပ်ာ္ပြဲ႐ႊင္ပြဲေတြ ေဘာလုံးပြဲေတြကို ရခိုင္လက္နက္ကိုင္ AA အဖြဲ႕က ဦးေဆာင္ၿပီးေတာ့ လုပ္ေဆာင္ေနတာေတြကိုလည္း ေတြ႕ျမင္ေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္

================
[[Unicode]]

စစ်တွေတက္ကသိုလ်မှာ ရိုဟင်ဂျာကျောင်းသားတွေ တက်ရောက်ခွင့်ပြု

ရခိုင်ပြည်နယ်မှာ ဆယ်စုနှစ်တခုကြာ တက္ကသိုလ်တက်ခွင့်ပိတ်ပင်ခံထားရတဲ့ ရိုဟင်ဂျာ ကျောင်းသူကျောင်းသားတွေ ဒီနှစ်တက္ကသိုလ်တတ်ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။ ရိုဟင်ဂျာကျောင်းသားတွေကတော့ ကျောင်းတတ်ခွင့်ရလို့ ဝမ်းသာပေမယ့် ဆယ်စုနှစ်ကြာ တက္ကသိုလ်နဲ့ဝေးနေတာမို့ စိုးရိမ်မှုတွေတော့ ရှိနေပါတယ်။ ရန်ကုန် သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်က စစ်တွေတက္ကသိုလ်မှာ ဆယ်စုနှစ်ကြာ တက္ကသိုလ်တက်ခွင့် ပိတ်ပင်ထားတဲ့ ရိုဟင်ဂျာကျောင်းသူကျောင်းသားတွေ တက္ကသိုလ်တက်ရောက်ခွင့်ပြုလိုက်တာကြောင့် ကျောင်းအပ်ထားတဲ့ ရိုဟင်ဂျာကျောင်းသူကျောင်းသား ၁၀၀ ကျော်အထိရှိတယ်လို့ စစ်တွေတ က္ကသိုလ် ကျောင်းသားသမဂ္ဂ ပြောခွင့်ရ ကိုကျော်နိုင်ဌေးကပြောပါတယ်။

“စစ်တွေတက္ကသိုလ်မှာ ကျောင်းအပ်ထားတာကတော့ ၁၀၀ ကျော်လောက်ရှိပါတယ်၊ ဒါက day တခုတည်းပါ။ အဝေးသင်သင်တန်းအတွက်လည်း ခေါ်ဖို့ ရှိပါတယ်။ အဝေးသင်ကျရင်တော့ ပိုပြီး များလာမှာ ဖြစ်ပါတယ်။ တပြည်လုံးအနေနဲ့ပေါ့နော်၊ အခုလောလောဆယ်ကတော့ Day အနေနဲ့ ၁၀၀ ကျော်လောက်ရှိပါတယ်။ စစ်တွေ တက္ကသိုလ်မှာ။”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းက ဒေသခံ မွတ်ဆလင်တွေနဲ့ ရခိုင်ပြည်သူတွေကြား လူမျိုးရေးဆန်ဆန် ပဋိပက္ခဖြစ်ပွားခဲ့တာကြောင့် အစိုးရအနေနဲ့ လုံခြုံရေး အကြောင်းပြ ပြီး ရိုဟင်ဂျာမွတ်ဆလင်တွေကို တက္ကသိုလ်တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာတော့ ရိုဟင်ဂျာကျောင်းသူကျောင်းသားတွေအတွက် မောင်တော၊ ဘူးသီးတောင်နဲ့ စစ်တွေ စတဲ့မြို့နယ်တွေမှာ သီးသန့်စင်တာသုံးခုဖွင့်ပြီး တက္ကသိုလ်ပညာတွေကို သင်ယူခွင့်ပြုခဲ့ပေမယ့် မြန်မာစာ၊ ပထဝီနဲ့ သမိုင်းဘာသာကိုသာ သင်ကြားခွင့်ရပါတယ်။ ဒီနှစ်မှာတော့ ရိုဟင်ဂျာမွတ်ဆလင်တွေအနေနဲ့ ဘာသာကန့်သတ်ချက်မထားဘဲ တက္ကသိုလ်ပညာသင်ကြားခွင့် ရရှိကြပါတယ်။

လက်ရှိ စစ်တွေတက္ကသိုလ်မှာ ကျောင်းတက်ရောက်ခွင့်ရသူတွေဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ထားသူတွေကိုသာ လက်ခံတာဖြစ်လို့ ကျန် ရိုဟင်ဂျာမွတ်ဆလင်ကျောင်းသူကျောင်းသားတွေကတော့ တတ်ရောက်ခွင့်မရကြဘူးလို့ စစ်တွေတက္ကသိုလ်မှာ တက်တဲ့ ရိုဟင်ဂျာကျောင်းသားတဦးက ဗွီအိုအေကို ပြောပါတယ်။

“၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်ပြီးတဲ့နောက်ပိုင်း ဆယ်စုနှစ်တခုကြာပြီးမှာ လူမျိုးနှစ်မျိုးကြားမှာ ကျနော်တို့ ဆယ်စုနှစ်ကြာ ကျနော်တို့ တက္ကသိုလ်တက်ခွင့်မရခဲ့ဘူး။ အဲဒီတုန်းကတော့ ကျနော်တို့ ငယ်သေးတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ၂၀၂၀ မှာ တက္ကသိုလ်စာမေးပွဲ အောင်မြင်ခဲ့တယ်။ ပြီးတော့ ကျနော်တို့အတွက် ၂၀၂၂ ခုနှစ်မှာ အခွင့်အရေးတခုအနေနဲ့ ကျောင်တက်ခွင့်ရမယ်ဆိုတော့ ကျနော်တို့ အဲဒါကို အလွန် ဝမ်းသာမိပါတယ်။ ကျနော်တို့ကို အခု တက္ကသိုလ်က လက်ခံလိုက်ပြီ။ ကျောင်းတက်ခွင့်ရမယ်ဆိုပြီးတော့ ကျနော်တို့ကို ၁၂ ရက်နေ့ လာတက်ဖို့ ပြောထားတာရှိတယ်။ အခုတက်ခွင့်ရတာက ၂၀၂၀ မှာ အောင်တဲ့သူတွေကိုပဲ တက်ခွင့်ပေးတာ။ အကုန်လုံးကို ပေးနေတာမဟုတ်ဘူး၊ ၂၀၁၂ ကနေ အောင်တဲ့သူတွေထဲမှာ ၂၀၂၀ ခုနှစ်မှာ အောင်တဲ့ သူတွေကိုပဲ တက်ခွင့်ပေးတာ ရခိုင်ပြည်မှာ။”

ဒီနှစ်တက္ကသိုလ်တက်ခွင့်ရတဲ့ အဲဒီ ရိုဟင်ဂျာကျောင်းသားကတော့ ကျောင်းတက်ခွင့်ရတဲ့ အတွက် ဝမ်းသာပေမယ့် ဆယ်စုနှစ်တစ်ခုကြာပြီးမှ အသိုင်းအဝိုင်းနှစ်ခုကြား ကျောင်းပြန်တက်ရမှာနဲ့ ပတ်သက်ပြီး အဆင်မပြေမှာကို စိုးရိမ်မိတယ်လို့ ပြောပါတယ်။

“ကျနော်တော့ အလွန်ဝမ်းသာပျော်မိတယ်။ ပီတိဖြစ်မိတယ်။ ကျောင်းတက်ခွင့်ရလို့ ဒီလိုမျိုး ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ ဆယ်စုနှစ်တခုကြာသွားပြီးတော့ ကျောင်းတက်ခွင့် ရမယ်လို့ မမျှော်လင့်ခဲ့ဘူး။ မမျှော်လင့်တာတွေ ဖြစ်လာအောင် ကျနော်တို့ကို အဘက်ဘက်က ကူညီပေးခဲ့တဲ့ ရခိုင်ကျောင်းသားသမဂ္ဂတို့၊ မွတ်ဆလင်ကျောင်းသား သမဂ္ဂတို့ကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ရင်ထဲမှာ ဖြစ်နေတာက ဆယ်စုနှစ်တခုကြာပြီးမှ လူမျိုးနစ်မျိုးကြားမှာ ကျောင်းပြန်တက်မယ်ဆိုရင် တစုံတခု ပြဿနာဖြစ်ရင် ကျနော်တို့အတွက် အဆင်ပြေပါ့မလား။ ကျနော်တို့လုံခြုံရေးက ဘာရှိလဲ။ အဲလို မေးခွန်းတွေဖြစ်လာတယ်။”

ရိုဟင်ဂျာမွတ်ဆလင်အများစုဟာ ရခိုင်ပြည်နယ်အတွင်းက ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြေပုံ၊ မင်းပြား၊ ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်တွေမှာ နေထိုင်ကြတာဖြစ်ပါတယ်။ အများစုကတော့ နိုင်ငံသားစိစစ်ရေးကဒ်မရှိကြပါဘူး။

စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီလတရက်နေ့ကစပြီး တမြို့နဲ့တမြို့ ခရီးသွားလာမယ်ဆိုရင် အသက် ၁၆ နှစ်ပြည့်သူတိုင်း နိုင်ငံသားစိစစ်ရေးကဒ်ပြရမယ်ဆိုပြီးတော့ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့်လည်း ရိုဟင်ဂျာကျောင်းသားတွေကို စစ်တွေတက္ကသိုလ်က လက်ခံပေမယ့်လို့ နိုင်ငံသားစိစစ်ရေးကဒ်မရှိတဲ့ တခြားမြို့နယ်တွေက ရိုဟင်ဂျာမွတ်ဆလင်ကျောင်းသားတွေအတွက်တော့ အခက်အခဲရှိနေတယ်လို့ အဲဒီ ရိုဟင်ဂျာကျောင်းသားတွေကပြောပါတယ်။

“ နယ်ပိုင်းကလာမယ်ဆိုရင် ကျောက်တော်တို့၊ မောင်တောတို့၊ မင်းပြားတို့ အဲလို နယ်ပိုင်းက လာမယ်ဆိုရင် သူတို့မှာ နိုင်ငံသားစိစစ်ရေးကဒ်မရှိဘူး။ ကျနော်တို့ မွတ်ဆလင်တွေကို နိုင်ငံသားကဒ်မပေးဘူး။ နိုင်ငံသားကဒ်မရှိဘူးဆိုတော့ သူတို့အတွက် ကျောင်းတက် ခွင့်မရှိဘူးလား၊ သူတို့အတွက် အစီအစဉ်ဘယ်လိုမျိုးရှိလဲ၊ အခုက ၂၀၂၀အောင်တဲ့ သူတွေပဲ ကျောင်းဝင်ခွင့်ရတာ ဆိုတော့ ၂၀၁၂ ကနေ ၂၀၁၉ အထိ အောင်တဲ့ ကျောင်းသား ကျောင်းသူတွေအတွက် ဘယ်လိုမျိုးတွေရှိလဲ၊ သူတို့အတွက် ရှုံးမှုလား၊ သူတို့အတွက် နောက်ထပ်မရှိတော့ဘူးလား၊ သူတို့လည်း တခုခု စိုးရိမ်မှာပေါ့။ ကျနော်တို့တက်ခွင့်ရရင် သူတို့ကျတက်ခွင့်မရဘူး၊”

ရိုဟင်ဂျာမွတ်လင်တွေကို ကျောင်းပြန်တက်ခွင့်ပေးလိုက်တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ပညာရေး တာဝန်ရှိသူတွေကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုံးကိုလည်း စစ်ကောင်စီလက်ခံသုံးစွဲခြင်းမရှိပါဘူး။ ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ လူမျိုးရေးဆန်တဲ့ပဋိပက္ခတွေဖြစ်ပြီးကတည်းက မွတ်ဆလင်နဲ့ ရခိုင်အသိုင်းအဝိုင်းကို သီးခြားခွဲထားသလို မွတ်ဆလင်တွေကို အသွားအလာ ကန့်သတ်တင်းကြပ်မှုတွေလည်းပြုလုပ်ထားပါတယ်။ ၂၀၁၇ ခုနှစ်အရေးအခင်းနောက်ပိုင်း သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ တဘက်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို ပြည်တွင်းမှာကျန်သူအများစုကလည်း ဒုက္ခသည်စခန်းတွေမှာ နေနေကြရပါတယ်။

လက်ရှိမှာတော့ ရခိုင်နဲ့ မွတ်ဆလင်တွေကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိလာသလို လူမျိုးစုအားလုံးပါဝင်တဲ့ ပျော်ပွဲရွှင်ပွဲတွေ ဘောလုံးပွဲတွေကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဦးဆောင်ပြီးတော့ လုပ်ဆောင်နေတာတွေကိုလည်း တွေ့မြင်နေရပါတယ်။

================

XS
SM
MD
LG