သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာကလေးတွေ ဌာနေဘေးကင်းစွာပြန်နိုင်ရေး UNICEF စိုးရိမ်


ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ကလေးများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ကလေးများ

ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်တွေ အထူးသဖြင့် ကလေးသူငယ်တွေပြန်မလာခင် မြန်မာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်မှာ စာနာမှု အထောက်အပံ့ရရှိစေရေးနဲ့ လုံခြုံရေးတိုးတက်ကောင်းမွန်အောင် လုပ်ထားရမယ်လို့ UNICEF ခေါ် ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့က ပြောကြားလိုက်ပါတယ်။

ဒုက္ခသည်တွေအနက် ၅၈%ဟာ ကလေးတွေဖြစ်ကြပြီး အများစုဟာ သူတို့ ကြုံတွေ့ခဲ့ရတာတွေကြောင့် ကြောက်စိတ်ဝင်နေကြဆဲဖြစ်တယ်လို့ UNICEF တွဲဘက်အမှုဆောင်ညွန်မှူး Justin Forsyth ကဆိုပါတယ်။

မြန်မာနိုင်ငံမပြန်ခင် ဒီကလေးတွေအတွက် အကာအကွယ်နဲ့ အထောက်အပံ့ စတဲ့အခွင့်အရေးတွေဟာ ဘယ်သဘောတူညီချက်မှာမဆို အဓိကထားရမယ့် အချက်တွေဖြစ်တယ်လို့ Kutapalong ဒုက္ခသည်စခန်းကိုရောက်ရှိနေတဲ့ Justin Forsyth ကပြောပါတယ်။

ရိုဟင်ဂျာကလေးတွေ ဌာနေဘေးကင်းစွာပြန်နိုင်ရေး UNICEF စိုးရိမ်
please wait

No media source currently available

0:00 0:00:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG