သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာေတြေနရပ္ျပန္ႏိုင္ေရး ကုလလူ႔အခြင့္အေရးေကာင္စီ ဆုံးျဖတ္ေတာင္းဆို 


၂၀၁၇၊ ေအာက္တိုဘာလ ၁၆ ရက္ေန႔က ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္ကို ထြက္ခြါသြားၾကတဲ့ ႐ိုဟင္ဂ်ာမ်ား။ 

[[Zawgyi/Unicode]]

ဘဂၤလားေဒ့ရွ္ႏိုင္ငံထဲက ဒုကၡသည္စခန္းေတြမွာခိုလႈံေနရတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြရဲ႕ဆႏၵအရေဘးကင္းလုံၿခဳံၿပီး ဂုဏ္သိကၡာရွိရွိနဲ႔ ေရရွည္တည္တံ့တဲ့ေနရပ္ျပန္ႏိုင္ေရး အစီအစဥ္ေတြစတင္ဖို႔ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီက ျမန္မာႏိုင္ငံကိုေတာင္းဆိုလိုက္ပါတယ္။

ျမန္မာႏိုင္ငံအတြင္း အထူးသျဖင့္ ႐ိုဟင္ဂ်ာမြတ္ဆလင္ေတြနဲ႔ တျခားလူနည္းစုေတြအေပၚ ျပင္းထန္တဲ့လူ႔အခြင့္အေရးခ်ိဳး ေဖာက္မႈေတြဆက္ၿပီးျဖစ္ေပၚေနတဲ့အေၾကာင္း ကုလလူ႔အခြင့္အေရး ေကာင္စီက ဇူလိုင္ ၇ ရက္ေန႔မွာ မဲမခြဲဘဲတညီတၫြတ္တည္း ဆုံးျဖတ္အတည္ျပဳလိုက္တာပါ။

ဒီလူ႔အခြင့္အေရးခ်ိဳးေဖါက္မႈေတြကို ႏိုင္ငံတကာအေနနဲ႔ လြတ္လပ္၊ တရားမွ်တၿပီးပြင့္လင္းျမင္သာမႈရွိတဲ့ စုံစမ္းစစ္ေဆးမႈေတြလုပ္ဖို႔ အေရးႀကီးတယ္လို႔လည္း ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။ ကုလသမဂၢနဲ႔ အျပည့္ အဝပူးေပါင္းေဆာင္႐ြက္ဖို႔၊ ကန႔္သတ္မႈကင္းကင္းနဲ႔ စုံစမ္းစစ္ေဆးခြင္ျပဳဖို႔တိုက္တြန္းထားပါတယ္။

ဒီျဖစ္ရပ္ေတြအေပၚ တာဝန္ခံမႈရွိဖို႔အပါအဝင္ လြတ္လပ္တဲ့ ႏိုင္ငံတကာအခ်က္အလက္ ရွာေဖြေရးေကာ္မရွင္ကတင္သြင္းတဲ့ အႀကံျပဳခ်က္ေတြကို အေကာင္အထည္ေဖာ္တာနဲ႔ ပတ္သက္ၿပီး ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီး႐ုံးက ေစာင့္ၾကည့္ေလ့လာခြင့္ေပးဖို႔လည္း ျမန္မာႏိုင္ငံကို ေတာင္းဆိုပါတယ္။

၂၀၁၇ ခု ၾသဂုတ္လ ရခိုင္ျပည္နယ္ေျမာက္ပိုင္း စစ္တပ္နယ္ေျမရွင္းလင္းေရး အတြင္း ႐ိုဟင္ဂ်ာ ၇၄၀,၀၀၀ ေက်ာ္ ေနရပ္ စြန႔္ခြါထြက္ေျပးၿပီး ဘဂၤလားေဒ့ရွ္ ႏိုင္ငံ ဒုကၡသည္စခန္းေတြမွာ ခိုလႈံေနၾကတာပါ။ ႐ိုဟင္ဂ်ာဆိုတဲ့ အမည္ကို လက္မခံတဲ့ ျမန္မာစစ္တပ္က ေတာ့ ႐ိုဟင္ဂ်ာေတြအေပၚ ရက္စက္ၾကမ္းၾကဳတ္တဲ့ လုပ္ရပ္ေတြက်ဳးလြန္တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြကို လက္မခံ ျငင္းဆိုေလ့ရွိပါတယ္။

အခု ကုလလူ႔အခြင့္အေရးေကာင္စီဆုံးျဖတ္ခ်က္ဟာ ျမန္မာႏိုင္ငံမပါဘဲ တဖက္သတ္ျဖစ္တဲ့အတြက္ လက္မခံႏိုင္ဘူးလို႔ ျမန္မာစစ္ေကာင္စီ ႏိုင္ငံျခားေရးဌာနက တုံ႔ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေး ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်တောင်းဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ဒုက္ခသည်စခန်းတွေမှာခိုလှုံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ဆန္ဒအရဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိရှိနဲ့ ရေရှည်တည်တံ့တဲ့နေရပ်ပြန်နိုင်ရေး အစီအစဉ်တွေစတင်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံကိုတောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်း အထူးသဖြင့် ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ တခြားလူနည်းစုတွေအပေါ် ပြင်းထန်တဲ့လူ့အခွင့်အရေးချိုး ဖောက်မှုတွေဆက်ပြီးဖြစ်ပေါ်နေတဲ့အကြောင်း ကုလလူ့အခွင့်အရေး ကောင်စီက ဇူလိုင် ၇ ရက်နေ့မှာ မဲမခွဲဘဲတညီတညွတ်တည်း ဆုံးဖြတ်အတည်ပြုလိုက်တာပါ။

ဒီလူ့အခွင့်အရေးချိုးဖေါက်မှုတွေကို နိုင်ငံတကာအနေနဲ့ လွတ်လပ်၊ တရားမျှတပြီးပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ အရေးကြီးတယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂနဲ့ အပြည့် အဝပူးပေါင်းဆောင်ရွက်ဖို့၊ ကန့်သတ်မှုကင်းကင်းနဲ့ စုံစမ်းစစ်ဆေးခွင်ပြုဖို့တိုက်တွန်းထားပါတယ်။

ဒီဖြစ်ရပ်တွေအပေါ် တာဝန်ခံမှုရှိဖို့အပါအဝင် လွတ်လပ်တဲ့ နိုင်ငံတကာအချက်အလက် ရှာဖွေရေးကော်မရှင်ကတင်သွင်းတဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက စောင့်ကြည့်လေ့လာခွင့်ပေးဖို့လည်း မြန်မာနိုင်ငံကို တောင်းဆိုပါတယ်။

၂၀၁၇ ခု သြဂုတ်လ ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တပ်နယ်မြေရှင်းလင်းရေး အတွင်း ရိုဟင်ဂျာ ၇၄၀,၀၀၀ ကျော် နေရပ် စွန့်ခွါထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတာပါ။ ရိုဟင်ဂျာဆိုတဲ့ အမည်ကို လက်မခံတဲ့ မြန်မာစစ်တပ်က တော့ ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကျုးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို လက်မခံ ငြင်းဆိုလေ့ရှိပါတယ်။

အခု ကုလလူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံမပါဘဲ တဖက်သတ်ဖြစ်တဲ့အတွက် လက်မခံနိုင်ဘူးလို့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဌာနက တုံ့ပြန်ထားပါတယ်။

XS
SM
MD
LG