သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားသွားမယ့် ရိုဟင်ဂျာ ၇ ဦး ထိုင်းမှာအဖမ်းခံရ


မလေးရှားနိုင်ငံကို ခိုးဝင်လာသူများကို ထိန်းသိမ်းသည့်စခန်း (ဇူလိုင် ၂၀၀၉)
မလေးရှားနိုင်ငံကို ခိုးဝင်လာသူများကို ထိန်းသိမ်းသည့်စခန်း (ဇူလိုင် ၂၀၀၉)

မြန်မာနိုင်ငံကနေ ထိုင်းကိုဖြတ်ပြီး မလေးရှားနိုင်ငံကို သွားကြမယ့် ရိုဟင်ဂျာ
လူငယ် (၇)ဦးကို ထိုင်းတောင်ပိုင်း နကော်စီဌာမရ ခရိုင် ထွန့်စုန် မီးရထား ဘူတာမှာ မီးရထား ရဲတွေက ဇန်နဝါရီလ ၁၈ရက်နေ့ညနေပိုင်းက ဖမ်းဆီးခဲပြီး စစ်ဆေးနေကြောင်း သိရပါတယ်။

ဖမ်းမိသူတွေဟာ လူကုန်ကူးသူတွေနဲ့ ဆက်စပ်ပါဝင်နေတာတွေရှိခဲ့တယ်ဆိုရင် တရားမဝင် ဝင်ရောက်လာမှု အပြင် လူကုန်ကူးမှု ဥပဒေ နဲ့ တရားစွဲမှာဖြစ်ပြီး ထောင်ဒဏ်ပါ ကျခံရနိုင်ကြောင်း သိရပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံကနေ အလုပ်အကိုင်ရှာဖွေဖို့ အတွက်လာကြတဲ့ သူတို့အခေါ် ရိုဟင်ဂျာလူငယ်၇ဦးဟာ ထိုင်းနိုင်ငံတောင်ပိုင်းကနေတဆင့် မလေးရှားနိုင်ငံကို ခိုးဝင်ဖို့ အတွက်ကြိုးစားခဲ့ကြတာပါ။ သူတို့တွေကို နကွန်စီဌာမရခရိုင်ထွန့်စုန် မီးရထားဘူတာမှာ ဖမ်းဆီးမိခဲ့တာဖြစ်ကြောင်း ထိုင်းတောင်ပိုင်းမှာရွှေ့ပြောင်းအလုပ်သမားရေး လုပ်ဆောင်နေတဲ့ ပညာရေးနဲ့ ဖွံဖြိုးရေးဖောင်းဒေးရှင်းက ရွေပြောင်းအလုပ်သမားရေးနဲ့ မှတ်တမ်းရေးရာတာဝန်ခံဦးမင်းဦးကအခုလိုပြောပြပါတယ်။

"မလေးရှားကိုခိုးဝင်ဖို့ ပေါ့ ရထားနဲ့ သွားတာ ခုနက ထွန့်စုန်အရပ်မှာဖမ်းမိတာ ပေါ့။ ၇ ယောက်ကြိမ်းသေးတယ် ကျား၊ မတော့မသိရဘူး။ ရိုဟင်ဂျာလို့တော့ပြောတယ် ချုံဖွန်ကနေ တောက်လျောက် ၊ စူရတ် ၊ ထူးစုံ၊ နာရာသီဝ ပြီးရင်၊ ဟတ်ရိုင်စထာအို အထိပေါ့။ အဲဒီလမ်းကြောင်းကြီးကရှင်းနေတာ အခုဟာကလူမှောင်ခို လူကုန်ကူးကိစ္စတွေ စစ်ဆေးနေတုန်းရှိသေးတယ်"

အမျိုးသမီး နှစ်ဦး နဲ့ အမျိုးသားငါးဦး ဟာ ဘင်္ဂလားဒေ့ရု် နိုင်ငံ၊ မြန်မာနိုင်ငံတွေကို ဖြတ်ပြီး ထိုင်းနိုင်ငံထဲကို ခိုးဝင်လာတာဖြစ်တယ်လို့ ဝန်ခံခဲ့ကြပါတယ်။ ထိုင်း-မလေးနယ်စပ် ဟတ်ယိုင် အထိရထားနဲ့ သွားဘို့ ဘူတာမှာ စောင့်နေ ကြတဲ့ အချိန် ရဲတွေက အဆိုပါ လူငယ်တွေကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။

သူတို့တွေကိုလူ ကုန်ကူးတွေက ခေါ်လာသလားဆိုတာကိုတော့ စစ်ဆေးနေဆဲပဲလို့ဆိုပါတယ် သိရပါတယ်။ အခုဖမ်းမိသူတွေဟာ လူကုန်ကူးသူတွေနဲ့ ဆက်စပ်ပါဝင်နေတာတွေရှိခဲ့တယ်ဆိုရင် တရားမဝင် ဝင်ရောက်လာမှု အပြင် လူကုန်ကူးမှု ဥပဒေ နဲ့ တရားစွဲမှာဖြစ်ပြီး ထောင်ဒဏ်ပါ ကျခံရနိုင်ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြနေပါတယ်။

၂၀၁၅ခုနှစ်တုန်းက ထိုင်း-မလေးနယ်စပ်မှာမြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေက ရွှေ့ပြောင်းလာသူတွေလို့ ယူဆရသူ ရုပ်အလောင်းပေါင်း ၁၀၀ ကျော် တွေ့ရှိခဲ့တဲ့ အမှုနဲ့ ပတ်သက်လို့ စွပ်စွဲခံရတဲ့ တရားခံပေါင်း ၁၀၃ ထဲက လူပေါင်း ၆၂ ဦးတို့ကို လူကုန်ကူးမူ လူသေဆုံးမူတွေနဲ့ ထောင်ဒဏ် ၂၇ နှစ်ကနေ ၉၄ နှစ်ထိ ထိုင်းတရားရုံးချုပ်ကနေ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ဒီနောက်မှာတော့ ထိုင်း-မလေးနယ်စပ်လမ်းကနေ လူကုန်ကူးမူတွေကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်လိုက်တဲ့အတွက် လူကုန်ကူးမူတွေ လျော့နည်းသွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အံဲဒီလမ်းတွေမှာစစ်ဆေးမူတွေလည်း လျော့နည်းသွားခဲ့ပါတယ်။ အခုအခါမှာတော့လူကုန်ကူးသူတွေက ထိုင်း-မလေး နယ်စပ်လမ်းတွေကို ပြန်အသုံးပြုပြီး လူကုန်ကူးမူတွေပြန်လုပ်လာတာမျိုးတွေ ရှိလာတယ်လို့ လည်း လူကုန်ကူးမူတိုက်ဖျက်ရေးလုပ်ဆောင်နေသူတွေကပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG