သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်စခန်း အကူအညီမလုံလောက်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Abul Hassan Mahmood Ali နှင့်အဖွဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ (MOI)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Abul Hassan Mahmood Ali နှင့်အဖွဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ (MOI)

မုတ်သုံမိုးတွေအပြင်းအထန်ရွာတဲ့အခုလိုကာလမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံ Cox's Bazar ဒေသရောက် ရိုဟင်ဂျာ မူဆလင် ဒုက္ခသည်တွေအတွက် ကျန်းမာရေးအရစိုးရိမ်မှုတွေ အပြင် ရေကြီးမြေပြိုတဲ့အန္တရာယ်တွေကလည်း နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်နေတာပါ။ ကုလ သမဂ္ဂအဖွဲ့အစည်းတွေက ကူညီနေကြတယ်ဆိုပေမဲ့လည်း လိုအပ် သလောက် မလုပ်ပေးနိုင်ဘဲ ဖြစ်နေပါတယ်။ နောက်ဆုံးအခြေအနေတွေ ဘယ်လိုရှိနေသလဲဆိုတာ ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

Cox's Bazar ဒေသမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေရဲ့ နောက်ဆုံးအခြေအနေတွေ ကတော့ သိပ် လည်း မဆိုး သိပ်လည်း မကောင်းလို့ ဆိုရပါလိမ့်မယ်။ ဒီဒေသက ဒုက္ခ သည်စခန်းဟာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် စခန်းပါ။ IOM လို့ခေါ်တဲ့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့က ဒုက္ခသည်ငါးသိန်းကို ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာစစ်ဆေးမှု တွေလုပ်နိုင်ခဲ့ပြီလို့ IOM အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် Joel Millman က ဂျနီဗာကုလသမဂ္ဂရုံးမှာ မနေ့က ကျင်းပတဲ့သတင်းစာ ရှင်းလင်းပွဲ အတွင်းပြောခဲ့ပါတယ်။

“Cox's Bazar မှာလုပ်ဆောင်နေတဲ့ IOMအဖွဲ့ရဲ့ ကျန်းမာရေးဆိုင်ရာစစ်ဆေးမှု အကြံပေး ဆွေးနွေးမှုတွေက အခုတပတ် ထဲမှာပဲ လူဦးရေငါးသိန်းကိုတွေ့ဆုံပြီး လုပ်ဆောင်နိုင်ခဲ့ ပါပြီ။ အဲဒီမှာ ၂၄ နာရီပတ်လုံး လည်ပတ်နေတဲ့ ဆေးခန်းတွေလည်း တော်တော်များများ ရှိပါတယ်။ ဆေးဝါးကုသရေးဌာန၂၃ ခုလည်း အဲဒီဒေသ တဝိုက် မှာ ဖွင့်ထားနိုင်ပြီး ဒုက္ခသည်စခန်း အတွင်းလှည့်လည်ကုသပေးနေတဲ့ ကျန်းမာရေးအဖွဲ့တွေလည်း ရှိနေပါတယ်။”

မုတ်သုန်မိုးတွေအပြင်းအထန်ရွာတဲ့အခုလိုအချိန်မျိုးမှာ Cox's Bazar ဒုက္ခသည်စခန်း အတွင်း ရေကြီးမြေပြိုမယ့် အန္တရာယ် က အတော်စိုးရိမ်ရပါတယ်။ အဲဒါကြောင့် မြေပြိုနိုင် မယ်လို့ယူဆရတဲ့နေရာတွေက ဒုက္ခသည်တွေကို ပိုပြီးလုံခြုံတဲ့နေရာတွေဆီ ပြောင်းရွှေ့ ပေးနေပါတယ်။ ဒါပေမဲ့လည်း ပြောင်းရွှေ့ပေးသင့်တဲ့ ဒုက္ခသည ် ၂ သောင်း လောက် တော့ကို မပြောင်းပေး နိုင်သေး ူးလို့ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီး ရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် William Spindlerက ဂျနီဗာ သတင်းစာရှင်းလင်းပွဲမှာ မနေ့ကပြောခဲ့ပါတယ်။

“ရေကြီးမြေပြိုအန္တရာယ်တွေကြုံရနိုင်တဲ့နေရာတွေက ဒုက္ခသည်တွေကို လုံခြုံတဲ့နေရာ တွေဆီ ပြောင်းရွှေ့တဲ့ ကိစ္စကို UNHCR အဖွဲ့က တခြားကူညီရေးအဖွဲ့အစည်းတွေနဲ့ရော ဘင်္ဂလားဒေ့ချ်အာဏာပိုင်တွေနဲ့ပါ ပူးပေါင်းပြီး လုပ်ဆောင်နေပါ တယ်။ ရေကြီးမြေပြိုမှုတွေဖြစ်နိုင်တဲ့နေရာတွေမှာရှိနေတဲ့ဒုက္ခသည်ဦးရေက ၄ သောင်း ၁ ထောင်လောက်ရှိပါတယ်။ အဲဒီ အထဲက ဒုက္ခသည်၂ သောင်းလေးထောင်နီးပါးကိုတော့ ကျနော်တို့ နေရာရွှေ့ပြောင်းထားနိုင်ခဲ့ပါပြီ။ နောက်ထပ်၂ သောင်း လောက်ပြောင်းဖို့ ကျန်နေပါသေးတယ်။”

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကတော့ မုတ်သုံမိုးတွေအပြင်းထန်ဆုံးရွာခဲ့တဲ့ကာလပါ။ ပြီးခဲ့တဲ့မေလ ၁၁ ရက်နေ့က စပြီး ဆိုးဝါး တဲ့ရာသီဥတုဒဏ်ကိုခံခဲ့ရသူ ဒုက္ခသည်တွေက ၄၉,၀၀၀ လောက် ရှိပါတယ်။ အဲဒီအထဲမှာ လေပြင်း တိုက် ခတ်မှုနဲ့ မုန်တိုင်းဒဏ်တွေကို ခံခဲ့ရသူပေါင်း ၂ သောင်းခွဲကျော်ရှိပါတယ်။ ဒုက္ခသည် ၁၀,၀၀၀ ကျော်က မြေပြိုတဲ့ဒဏ်ကို ခံခဲ့ရပြီး ၅,၄၀၀ လောက်က ရေကြီးတဲ့ဒဏ်ကိုခံခဲ့ရပါတယ်။ ရေစိမ့်ဝင်မှုနဲ့မီးလောင်မှုတွေ ကြုံခဲ့ရသူပေါင်းက လောလောဆယ် ၃,၀၀၀ ကျော်ရှိတယ်လို့ UNHCR ကဆိုပါတယ်။ UNHCR ပြောခွင့်ရ William Spindlerက ဒုက္ခ သည်စခန်းအတွင်း တည်ဆောက်ပြုပြင်ရေးလုပ်ဆောင်မှုတွေအကြောင်း ဆက်ပြောပါတယ်။

“လောလောဆယ် ၃၂ ကီလိုမီတာရှည်တဲ့လမ်းတွေကိုဖေါက်လုပ်ထားနိုင်ပါပြီ။ အဲဒီထဲမှာ အုတ်နဲ့ ဆောက်တဲ့ လမ်း၊ ခြေသွား လမ်းတွေနဲ့ အဓိကလမ်းမကြီးတခုကိုလည်း Kutupalong စခန်းမှာ ဘင်္ဂလားဒေ့ချ်တပ်ဖွဲ့တွေက တည်ဆောက်ပေးထားပါတယ်။ တောင်ကုန်းတွေပေါ်သွားရတဲ့ ၄၅ ကီလိုမီတာအရှည် လှေခါးထစ်တွေ၊ ၆၃ ကီလို မီတာ ရှည်တဲ့ အကာအကွယ်ပေး နံရံတွေ၊ ၉၄ မီတာရှိတဲ့ရေနုတ်မြောင်းတွေနဲ့ မီတာ ၂ ထောင်ကျော် ရှိတဲ့တံတားတွေလည်းတည်ဆောက်ထားနိုင်ပါပြီ။”

ဒီလိုတည်ဆောက်ပြုပြင်မှုတွေလုပ်ထားနိုင်တယ်ဆိုပေမဲ့လည်း အချိန် ၁၁ လ ကြာ လာပြီ ဖြစ်တဲ့ ရိုဟင်ဂျာ ပဋိ ပက္ခမှာ လူသား ချင်းစာနာမှုဆိုင်ရာအကူအညီတွေက အကြီး အကျယ် လိုအပ်နေတုန်းပါ။ ဘင်္ဂလား ဒေ့ချ်နိုင်ငံ က ရိုဟင်ဂျာဒုက္ခသည်အရေး ကုလသမဂ္ဂနဲ့ပူးပေါင်းလုပ်ဆောင်မှုတွေက ရံပုံငွေ ၃၂ ရာခိုင်နှုန်းနဲ့ပဲ လုပ်ဆောင် နေရတာကြောင့် ရံပုံငွေတွေပိုပြီးထည့်ဝင် ကြဖို့ကိစ္စက အရေးပေါ်လိုအပ်နေတုန်းပဲလို့ UNHCR ကုလသမဂ္ဂဒုက္ခ သည်များ ဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က မနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ ပါတယ်။

လောလောဆယ် ဘင်္ဂလားဒေ့ချ်ရဲ့နိုင်ငံခြားရေးဝန် ကြီး Abul Hassan Mahmood Ali က မြန်မာနိုင်ငံမှာ ရောက်နေပြီး ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးကိစ္စ မြန်မာ အစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေး နေပါတယ်။ မြန်မာအစိုးရက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကိုတော့ လက်မခံပါဘူး။ ကုလသမဂ္ဂရဲ့ ဘင်္ဂလားဒေ့ချ် ဆိုင်ရာသံအမတ် ကလည်း လုံခြုံရေးကောင်စီကနေ ရိုဟင်ဂျာပဋိပက္ခနဲ့ပတ်သက်ပြီး ဆုံး ဖြတ်ချက်ချ အရေးယူ ဆောင်ရွက်မှုတွေလုပ်ဖို့ လုံခြုံရေးကောင်စီကို အင်္ဂါနေ့တုန်းကပဲ တိုက်တွန်း ထားပါတယ်။ မြန်မာ အစိုးရက တော့ ရခိုင်ပြည်နယ်မြောက်ပိုင်းကရွာပေါင်း၂၃ ရွာကို ကုလသမဂ္ဂဝန်ထမ်းတွေသွားရောက်ပြီး လေ့လာခွင့်ရှိပြီလို့ အင်္ဂါနေ့တုန်းကပဲ အကြောင်းကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG