သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးသွားဖို့ကြိုးစားတဲ့ ရိုဟင်ဂျာတွေ အင်ဒိုရောက်


ទង់ជាតិដែលមានរូបលោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ត្រូវបានដាក់លក់នៅតាមដងវិថី Pennsylvania Avenue នៅរដ្ឋធានីវ៉ាស៊ីតោន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ មួយថ្ងៃមុនការស្បថចូលកាន់តំណែងប្រធានាធិបតី។ 
ទង់ជាតិដែលមានរូបលោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ត្រូវបានដាក់លក់នៅតាមដងវិថី Pennsylvania Avenue នៅរដ្ឋធានីវ៉ាស៊ីតោន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ មួយថ្ងៃមុនការស្បថចូលកាន់តំណែងប្រធានាធិបតី។ 

မြန်မာနိုင်ငံကလို့ ဆိုတဲ့ ရိုဟင်ဂျာ မူဆလင် ၅၀၀ လောက်တင်ဆောင်ထားတဲ့ လှေတွေ အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်ကမ်းခြေကို ဆိုက်ကပ်ခဲ့ပါတယ်။ တနင်္ဂနွေနေ့ အစောပိုင်းက ရောက်လာကြတဲ့ အဲဒီ ဒုက္ခသည်တချို့ဟာ ဆေးကုသမှုခံယူဖို့ လိုအပ်နေတယ်လို့ မလေးရှား ၊ အင်ဒိုနီးရှားအရာရှိတွေနဲ့ လူမှုရေးဖွဲ့အစည်းတွေက ပြောပါတယ်။ ဒီအကြောင်း အေပီသတင်းဌာနက သတင်းအပေါ် အခြေခံပြီး ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်ကမ်းခြေကို ဆိုက်ကပ်လာတဲ့လှေတွေပေါ်မှာ ပါလာသူအများစုဟာ ရိုဟင်ဂျာတွေဖြစ်ပေမယ့် ကျန်တချို့ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဖြစ်တယ်လို့ IOM - နိုင်ငံတကာ ရွေ့ပြောင်းနေထိုင်သူများအဖွဲ့ လက်ထောက် အကြီးအကဲ Stve Hamilton က ပြောပါတယ်။ အဲဒီ ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို Aceh ဒေသ၊ Lhokseumawe မှာရှိတဲ့ Matang Puntung ဗလီကျောင်းမှာ အစားအစာတွေနဲ့ နေထိုင်စရာတွေ ပေးထားတယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံမှာ အလုပ်အကိုင် ရှာဖွေဖို့အတွက်ထွက်လာတဲ့ အဲဒီ ရိုဟင်ဂျာ ၅၀၀ လောက်ဟာ ပင်လယ်ပြင်ထဲမှာ ၂ လ နီးပါးလောက် ကြာခဲ့တယ်လို့ လှေပေါ် ပါလာသူတွေထဲက တဦးဖြစ်သူ Muhammad Juned ဆိုသူက အေပီ သတင်းဌာနက မေးတာကို မလေးဘာသာနဲ့ပြန်လည် ဖြေကြားခဲ့ပါတယ်။

“သူတို့အနေနဲ့ ပင်လယ်ပြင်ထဲမှာ ၂ လလောက် ကြာခဲ့ကြောင်း၊ လှေတစ်စီးမှာ လူ ၂ ရာလောက် ပါဝင်ပြီး စုပေါင်း လှေ ၃ စီးရှိကြောင်း ၊ အားလုံး ပေါင်းလိုက် ရင်တော့ ၅၀၀ ပတ်ဝန်းကျင်လောက် ရှိမယ်လို့ သူ့အနေနဲ့ ထင်ကြောင်း၊ သူတို့ဟာ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ဖို့အတွက် ထွက်လာခြင်း ဖြစ်ကြောင်း ”- Muhammad Juned က မလေးလို ဖြေသွားတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာတိုင်းရင်းသား တည်ရှိမှုကို လက်ခံထားခြင်းမရှိတဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် ကျူးကျော်ဝင်ရောက်သူ ဘင်္ဂလီတွေအဖြစ် အစိုးရနဲ့ ဒေသခံတွေက မြင်ထားကြတာပါ။ ရိုဟင်ဂျာဟာ မလေးရှားနိုင်ငံဘက်ကို အခုလို ရေကြောင်းလမ်းကနေ သွားနိုင်ဖို့အတွက် ထိုင်းနိုင်ငံမှာ ရှိနေတဲ့ လူမှောင်ခိုပွဲစားတွေက လုပ်ပေးနေတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ထိုင်းနိုင်ငံက လူကုန်ကူးမှု ပပျောက်ရေးကို အခုရက်ပိုင်းအတွင်း တိုးမြှင့် ဆောင်ရွက်လာတာမှာ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့တုန်းကလည်း ရိုဟင်ဂျာနဲ့ အင်္ဂလားဒေ့ရှ်နိုင်ငံသားတွေလို့ ယူဆရသူ ၁၀၀ ကျော်နဲ့ မြေမြှုပ်ထားတဲ့ အလောင်း ၃၀ ကို ထိုင်းနိုင်ငံ တောင်ပိုင်း Songkhla ခရိုင်အတွင်းမှာ တွေ့ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ထိုင်းနိုင်ငံက လူမှောင်ခိုဂိုဏ်းတွေနဲ့ ပတ်သက်နေတယ်လို့ သံသယရှိသူ ရဲအရာရှိ ၅၀ ကျော်ကို အရေးယူပြီး တာဝန် အပြောင်းအရွှေ့တွေ လုပ်ခဲ့တယ်လို့ မေလ ၇ ရက်နေ့က ထိုင်းအစိုးရက ကြေညာခဲ့ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ်နားမှာ လူကုန်ကူးသူတွေ စတည်းချတဲ့ စခန်းတွေကို ရှာဖွေ တွေ့ရှိခဲ့ပြီးနောက်မှာ လူကုန်ကူး ပြဿနာကို ကိုင်တွယ်ဖို့ ထိုင်းဝန်ကြီးချုပ်က အမိန့်ထုတ်ခဲ့ပြီးနောက်မှာ ခုလို အရေးယူမှုတွေရှိလာတာပါ။

တော တောင်တွေထဲကနေ ထိုင်းအာဏာပိုင်တွေ အရင်က ကယ်ဆယ်နိုင်ခဲ့တဲ့ ရိုဟင်ဂျာတွေရဲ့ အပြောအရ သူတို့ဟာ လူပွဲစားတွေနဲ့ မလေးရှားဖက်မှာ အလုပ်သွားလုပ်ဖို့ ကြိုးစားကြတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံတဝန်း လူကုန်ကူးသူ ပွဲစားတွေ စခန်းချနေတဲ့ နေရာမှန်သမျှကို ၁၀ ရက်အတွင်း ဖော်ထုတ် ရှင်းလင်းဖို့ ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက အမိန့်ထုတ်ထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းမှာ အဲဒီလို အစုလိုက် အပြုံလိုက် မြေမြုှပ်ထားတဲ့ အလောင်းတွေ တွေ့ရှိခဲ့ပြီးတဲ့နောက် ဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ လူမှောင်ခိုကူးမှု ပဋိပက္ခကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ အိမ်နီးချင်း မြန်မာနဲ့ မလေးရှားနိုင်ငံတို့က အရာရှိတွေနဲ့ ၃ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးဖို့ ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက တောင်းဆိုထားပါတယ်။

XS
SM
MD
LG