လစ်ဗျားနိုင်ငံမှာ အာဏာရှင်ဟောင်း မွန်မာ ဂဒါဖီ ဖြုတ်ချရေး လှုပ်ရှားမှုတွေအတွင်း သတင်းမီဒီယာတွေမှာ တွေ့ခဲ့ကြရတဲ့ ပုံတွေအများစုက အမျိုးသားလစ်ဗျားသူပုန် တွေ လက်နက်စွဲကိုင် တိုက်ခိုက်နေကြတဲ့ပုံတွေဖြစ်ပါတယ်။ ဒါပေမဲ့ ထရီပိုလီမြို့တော်ရဲ့ တံတိုင်းအမြင့်ကာရံထားတဲ့ မိသားစု ခြံဝင်းအတွင်းမှာတော့ - လစ်ဗျားအမျိုးသမီးတွေ ပါဝင်လှုပ်ရှားတဲ့အခန်းကဏ္ဍကို တွေ့မြင်နိုင်ပါတယ်။ ဒီအကြောင်းကို ထရီပိုလီမြို့တော်ကနေ ပေးပို့ထားတဲ့ ဗွီအိုအေသတင်းထောက် James Brooke ရဲ့ ဆောင်းပါးကို အခုထုတ်လွှင့် မယ့် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။