(Zawgyi / Unicode)
ယူကရိန်းနိုင်ငံကို ရုရှားတို့ ကျူးကျော်ဝင်ရောက်နေချိန်မှာပဲ ဗြိတိန် ပါလီမန်အမတ်တယောက်က ရုရှား ဘီလီယံနာသူဌေးကြီး Abramovich ပိုင် ချဲလ်ဆီး ဘောလုံးအသင်းကို လွှဲပေးဖို့ တောင်းဆိုလိုက်တဲ့ အချိန်မှာပဲ ဒီဖြစ်ရပ် ပေါ်ပေါက်လာတာပါ။
ချဲလ်ဆီး လူမှုရေးဖောင်ဒေးရှင်း အုပ်ချုပ်မှုအောက် သူပိုင်ကလပ်အသင်းကို လွှဲပြောင်းပေးလိုက်ကြောင်း ကြေညာချက်ထဲမှာတော့ အသင်းကို ရောင်းချဖို့ လမ်းကြောင်းပေးထားတာမျိုးလည်း မတွေ့ရပါဘူး။
---------------------------
(Unicode)
ရုရှားသူဌေးကြီး Abramovich ချဲလ်ဆီးအသင်း ကြီးကြပ်အုပ်ချုပ်မှုကို လွှဲပြောင်း
ပရီးမီးယားလိဂ် ကလပ်အဖွဲ့ဝင် ချဲလ်ဆီးဘောလုံးအသင်းပိုင်ရှင် Roman Abramovich က အသင်းကြီးကြပ်အုပ်ချုပ်မှုကို သူပိုင် ပရဟိတ လူမှုရေးအသင်းကို ရုတ်တရက် လွှဲပြောင်းပေးလိုက်ပါတယ်။
ယူကရိန်းနိုင်ငံကို ရုရှားတို့ ကျူးကျော်ဝင်ရောက်နေချိန်မှာပဲ ဗြိတိန် ပါလီမန်အမတ်တယောက်က ရုရှား ဘီလီယံနာသူဌေးကြီး Abramovich ပိုင် ခဲျလ်ဆီး ဘောလုံးအသင်းကို လွှဲပေးဖို့ တောင်းဆိုလိုက်တဲ့ အချိန်မှာပဲ ဒီဖြစ်ရပ် ပေါ်ပေါက်လာတာပါ။
၂၀၀၃ ခုနှစ်မှာ ခဲျလ်ဆီးအသင်းကို ဝယ်ယူခဲ့တဲ့ Abramovich ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ စစ်နဲ့ပတ်သက်ပြီး ဘာမှ ဖော်ပြမထားပါဘူး။ ကလပ်အကျိုးအတွက် အကောင်းဆုံးဖြစ်မယ့် ဆုံးဖြတ်ချက်တွေကို အမြဲလို ချမှတ်ခဲ့တဲ့အတိုင်း အဲဒီစံတန်ဖိုးတွေ အပြောင်းအလဲရှိမှာ မဟုတ်ဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မစ္စတာ Abramovich ဟာ ရုရှားသူဌေးတွေထဲမှာ လူသိများ ထင်ရှားသူတဦးဖြစ်ပြီး သမ္မတ ဗလာဒီမီယာပူတင်နဲ့ ဆက်စပ်ပတ်သက်နေသူ တဦးအဖြစ် အရင်တုန်းက ပြောသံဆိုသံတွေ ထွက်ခဲ့သူလည်း ဖြစ်ပါတယ်။
ခဲျလ်ဆီး လူမှုရေးဖောင်ဒေးရှင်း အုပ်ချုပ်မှုအောက် သူပိုင်ကလပ်အသင်းကို လွှဲပြောင်းပေးလိုက်ကြောင်း ကြေညာချက်ထဲမှာတော့ အသင်းကို ရောင်းချဖို့ လမ်းကြောင်းပေးထားတာမျိုးလည်း မတွေ့ရပါဘူး။