သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတိုင်းမ် အယ်ဒီတာချုပ်ဟောင်း အယူခံ ပယ်ချခံရ

မစ္စတာ ရော့စ် ဒန်ကလေအား အမှုစစ်ဆေးရန် တရားရုံးထုတ်လာစဉ်။ မတ် ၁၇၊ ၂၀၁၁။
မစ္စတာ ရော့စ် ဒန်ကလေအား အမှုစစ်ဆေးရန် တရားရုံးထုတ်လာစဉ်။ မတ် ၁၇၊ ၂၀၁၁။

မြန်မာတိုမ်းဂျာနယ် အမှုဆောင် အရာရှိချုပ်ဟောင်း မစ္စတာ ရော့စ် ဒန်ကလေ (Mr. Ross Duncley) ရဲ့ အမှု အယူခံကို ကမာရွတ် တရားရုံးက ပယ်ချလိုက်ပါတယ်။

ဆေးစစ်ချက်တွေအရ မူးယစ်ဆေးဝါး သုံးစွဲထားတာ ထင်ရှားကြောင်းတွေ့ရတဲ့အပြင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၈ (ပြစ်မှုကျူးလွန်ရန် ကြံရွယ်၍ အဆိပ်၊ မူးယစ်စေတတ်သောဆေးဝါး စသည်တို့ဖြင့် နာကျင်စေမှု) အရ အာမခံ မရခဲ့ဘူးလို့ မစ္စတာ ဒန်ကလေအတွက် အာမခံ လျှောက်ထားတဲ့ လက်ရှိ မြန်မာတိုမ်းဂျာနယ် အမှုဆောင် အရာရှိချုပ် ဒေါက်တာတင်ထွန်းဦးက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

အမျိုးသမီးတယောက်ကို အပြင်းအထန် နာကျင်စေမှု၊ မတရား ချုပ်နှောင်ထားမှု၊ ကာအိန္ဒြေပျက်အောင် ကျူးလွန်မှုအပြင် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ အမှုတွေနဲ့ မစ္စတာ ဒန်ကလေ ဖမ်းဆီးစစ်ဆေး ခံနေရတာ ဖြစ်ပါတယ်။

ဒီကနေ့ ရုံးချိန်းကို မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီးကိုယ်တိုင် တရားရုံးကိုလာပြီး မစ္စတာ ဒန်ကလေနဲ့ တော်တော်ကြာကြာ စကားပြောတာ တွေ့ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

မစ္စတာ ဒန်ကလေဟာ အဖမ်းမခံရခင်က မြန်မာတိုင်းမ်ဂျာနယ် အပြင် Crime Journal နှင့် NOW! အပတ်စဉ် မဂ္ဂဇင်းတွေ ထုတ်ဝေနေတဲ့ Myanmar Consolidated Media ရဲ့ အမှုဆောင် အရာရှိချုပ် တာဝန်ကို ယူခဲ့သူ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG