သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရော့စ် ဒန်ကလေကို တရားရုံးက အာမခံမပေး

ကမာရွတ် တရားရုံးတွင် စစ်ဆေးပြီးနောက် မစ္စတာ ဒန်ကလေကို ပြန်လည်ခေါ်ဆောင်သွားစဉ်။ မတ် ၃၊ ၂၀၁၁။
ကမာရွတ် တရားရုံးတွင် စစ်ဆေးပြီးနောက် မစ္စတာ ဒန်ကလေကို ပြန်လည်ခေါ်ဆောင်သွားစဉ်။ မတ် ၃၊ ၂၀၁၁။

မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ Myanmar Times သတင်းဂျာနယ် အယ်ဒီတာချုပ်ဟောင်း သြစတြေးလျနိုင်ငံသား မစ္စတာ ရော့စ် ဒန်ကလေ (Mr. Ross Dunkley) ကို ဒီကနေ့ ကမာရွတ် တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ် စစ်ဆေးပါတယ်။

အမျိုးသမီးတယောက်ကို အပြင်းအထန် နာကျင်စေမှု၊ မတရား ချုပ်နှောင်ထားမှု၊ ကာအိန္ဒြေပျက်အောင် ကျူးလွန်မှုအပြင် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ အမှုတွေနဲ့ စစ်ဆေးနေတာ ဖြစ်ပါတယ်။

မစ္စတာ ဒန်ကလေ အာမခံရဖို့ သူ့ရှေ့နေတွေက ကြိုးစားခဲ့ပေမဲ့ တရားရုံးက ပယ်ချခဲ့ပြီး မတ်လ ၈ ရက်နေ့ကို ထပ်မံ ရုံးချိန်းလိုက်ပါတယ်။

မစ္စတာ ဒန်ကလေကို အမှုဖွင့်ခဲ့တဲ့ တရားလို အမျိုးသမီးက အမှုကို ပိတ်ပေးဖို့ တရားရုံးကို ပြီးခဲ့တဲ့တခေါက်က တင်ပြခဲ့ပေမဲ့ တရားရုံးက လက်မခံခဲ့ပါဘူး။

ဒီကနေ့ တရားခွင်မှာ တရားလိုပြ သက်သေတွေဖြစ်တဲ့ သိမ်ကြီးဈေး နိုက်ကလပ်က ဝန်ထမ်းတွေကို စစ်ဆေးတာ ဖြစ်ပါတယ်။ တရားလို ရှေ့နေတွေဘက်ကတော့ တရားရုံးကို မလာကြဘူးလို့ သိရပါတယ်။

မစ္စတာ ဒန်ကလေဟာ အဖမ်းမခံရခင်က Myanmar Times ဂျာနယ်အပြင် Crime ဂျာနယ်နဲ့ NOW! အပတ်စဉ် ဂျာနယ်တွေ ထုတ်ဝေနေတဲ့ Consolidated Media ရဲ့ အမှုဆောင် အရာရှိချုပ် တာဝန်ကို ယူခဲ့သူ ဖြစ်ပါတယ်။

Consolidated Media ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ မြန်မာလူမျိုး စီးပွားဘက် ဒေါက်တာ တင်ထွန်းဦးနဲ့ အဝေမတည့်မှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဒီကနေ့ ရေဒီယို သြစတြေးလျနဲ့ မေးမြန်းခန်းမှာ ဒေါက်တာ တင်ထွန်းဦးက ဘယ်လိုပြဿနာမှ မရှိတဲ့ အကြောင်းနဲ့ မစ္စတာ ဒန်ကလေအတွက် အာမခံပေးရမယ်ဆိုရင် သူ ပေးဖို့ ပြင်ဆင်ထားတယ်လို့ ပြောခဲ့ပါတယ်။

This item is part of
XS
SM
MD
LG