သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားလွှတ်တော်ကို လက်နက်ကိုင်တချို့ ဝင်စီး


လစ်ဗျားလွှတ်တော်အဆောက်အဦးနောက် မီးခိုးတွေထွက်နေရာကို လက်နက်ကိုင်ထားသူတွေက လက်နက်တွေနဲ့ ချိန်ရွယ်စောင့်ကြည့်နေစဉ်။ (မေ ၁၈၊ ၂၀၁၄)
လစ်ဗျားလွှတ်တော်အဆောက်အဦးနောက် မီးခိုးတွေထွက်နေရာကို လက်နက်ကိုင်ထားသူတွေက လက်နက်တွေနဲ့ ချိန်ရွယ်စောင့်ကြည့်နေစဉ်။ (မေ ၁၈၊ ၂၀၁၄)
လစ်ဗျားနိုင်ငံက အနားယူသွားတဲ့ ဗိုလ်ချုပ်တဦးအပေါ် သစ္စာခံတဲ့ လက်နက်ကိုင်အုပ်စုတွေက လွှတ်တော်အဆောက်အဦးကို ဝင်စီးပြီးတဲ့နောက် လွှတ်တော်ကို ရပ်ဆိုင်းထားလိုက်တဲ့အကြောင်း ကြေညာလိုက်ပါတယ်။

ရာထူးက အနားယူသွားပြီဖြစ်တဲ့ ဗိုလ်ချုပ် Khalifa Haftar အပေါ် သစ္စာခံတဲ့ တပ်ပြေးအုပ်စုတွေက ထရီပိုလီမြို့မှာရှိတဲ့ လွှတ်တော် အဆောက်အဦးကို တနင်္ဂနွေနေ့မှာ ဝင်စီးပြီး လွှတ်တော်အမတ်တွေရဲ့ ရုံးခန်းတွေကိုလည်း ဝင်ရောက် ဖျက်ဆီးပစ်ခဲ့ကြတာပါ။

အစ္စလာမ်ဝါဒီ လွှတ်တော်အမတ်တွေကို ဖမ်းဆီးဖို့ကြိုးစားတဲ့အနေနဲ့ အဲဒီ လက်နက်ကိုင်အုပ်စုတွေက လွှတ်တော်ကို ဝင်စီးခဲ့တာဖြစ်တယ်လို့ သက်ဆိုင်ရာ အရှိတွေက ပြောပါတယ်။ ဒါပေမယ့် သူတို့ ဝင်မစီးခင်မှာဘဲ လွှတ်တော်အမတ်တွေကို ဘေးကင်းရာကို အရင် ပြောင်းရွှေ့ခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီ လက်နက်ကိုင်အုပ်စုတွေက လွှတ်တော်ကိုသွားတဲ့လမ်းတွေကို ပိတ်ထားလိုက်ပြီး အနီးနားမှာရှိတဲ့ အစ္စလာမ်မစ် စစ်သွေးကြွတွေ ထိန်းချုပ်ထားတဲ့ စစ်အခြေစိုက်စခန်းကိုလည်း အမြောက်နဲ့ ပစ်ခတ်ခဲ့တယ်လို့ လုံခြုံရေး အရာရှိတွေက ပြောပါတယ်။

ဗိုလ်ချုပ် Khalifa Haftar အပေါ် သစ္စာခံတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ထရီပိုလီမြို့တောင်ပိုင်း လေဆိပ်အနီးက နေရာအတော်များများကို သိမ်းပိုက်ထားတယ်လို့ ဆိုပါတယ်။ ထရီပိုလီမြို့မှာ အခုဖြစ်ပေါ်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ ဘန်ဂါဇီမြို့မှာ ဗိုလ်ချုပ် Khalifa Haftar ရဲ့ အမျိုးသားတပ်မတော်နဲ့ အစ္စလာမ် စစ်သွေးကြွတွေအကြား ပြီးခဲ့တဲ့ သောကြာနေ့မှာ တိုက်ပွဲတွေ ဖြစ်ပွားပြီးတဲ့နောက်မှာ ဖြစ်လာတာပါ။
XS
SM
MD
LG