သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ သတင္းသမား ဖမ္းဆီးေထာင္ခ်မႈ ရပ္တန္႔ေအာင္ ကုလလုပ္ေဆာင္ဖို႔ RSF ေတာင္းဆို


RSF - Myanmar

ျမန္မာႏိုင္ငံမွာ သတင္းေထာက္ေတြကို ဖမ္းဆီးေထာင္ခ်ေၿပီး ျပစ္ဒဏ္ခ်မွတ္ေနတာေတြ ရပ္သြားေအာင္ လုပ္ဖို႔ ကုလသမဂၢ တာ၀န္ရွိသူေတြကို နယ္စည္းမျခားသတင္းသမားမ်ားအဖဲြ႕ (RSF) က ေတာင္းဆိုလိုက္ပါတယ္။ အမ်ဳိးသမီးအလြတ္တန္းသတင္းေထာက္တဦးျဖစ္တဲ့ မၿငိမ္ၿငိမ္းေအး (ခ) ေမဘယ္လ္ ကို ရန္ကုန္ၿမိဳ႕ အင္းစိန္ေထာင္အတြင္း စစ္ေကာင္စီတရား႐ုံးက ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၄ ရက္ေန႔က ရာဇ၀တ္မႈဥပေဒပုဒ္မ ၅၀၅ (ခ) နဲ႔ ေထာင္ဒဏ္ ၃ ႏွစ္ ခ်မွတ္ခဲ့တဲ့အေပၚ RSF က ျပစ္တင္ရႈတ္ခ်လိုက္ပါတယ္။

၂၀၂၁ ေဖေဖာ္ဝါရီ ၁ ရက္စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ သတင္းေထာက္ေတြကို အႀကီးအက်ယ္ဖမ္းဆီး ေနတာျဖစ္သလို အခုအခါမွာ စစ္ေကာင္စီတရား႐ုံးေတြမွာ လြတ္လပ္မႈ ပြင့္လင္းျမင္သာမႈမရွိတဲ့ တရားစီရင္မႈေတြနဲ႔ ျပစ္ဒဏ္ေတြ တိုးၿပီးခ်လာေနတာေတြကို ေတြ႕ေနရေၾကာင္း RSF အဖဲြ႕ အာရွပစိဖိတ္ေရးရာဌာန အႀကီးအကဲ Daniel Bastard က ေျပာလိုက္ပါတယ္။ ဒါ့အျပင္ သတင္းေထာက္ေတြကို ဖမ္းဆီးႏွိ္ပ္စက္ေနတဲ့ တုန္လႈပ္ေျခာက္ျခားစရာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြအတြက္၊ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢအထူးကိုယ္စားလွယ္ Tom Andrews အေနနဲ႔ အေရးယူေဆာင္ရြက္ေပးဖို႔လည္း တိုက္တြန္းလိုက္တာပါ။

မၿငိမ္ၿငိမ္းေအးဟာ မစၨ်ိမအပါအ၀င္ တျခားမီဒီယာအေတာ္မ်ားမ်ားအတြက္ အလြတ္တန္းသတင္းေထာက္အျဖစ္နဲ႔ လုပ္ေနသူျဖစ္ၿပီး ၿပီးခဲ့တဲ့ ဇန္နဝါရီ ၁၅ ရက္ေန႔မွာ ဖမ္းဆီးခံခဲ့ရတာျဖစ္ပါတယ္။ လက္ရွိ ျမန္မာႏိုင္ငံမွာ အဖမ္းဆီးခံေနရတဲ့ သတင္းသမား ၆၇ ေယာက္ရွိေနတာ ျဖစ္ၿပီး မၿငိမ္းၿငိမ္းေအးကို ျပစ္ဒဏ္မခ်ခင္တပတ္ကေတာ့ ဒီမိုကရက္တစ္ျမန္မာ့အသံ DVB သတင္းေထာက္ ကိုေအာင္ဆန္းလင္းကို စစ္ေကာင္စီတရား႐ုံးက အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၆ ႏွစ္ ခ်မွတ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

မြန်မာနိုင်ငံမှာ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချပြေီး ပြစ်ဒဏ်ချမှတ်နေတာတွေ ရပ်သွားအောင် လုပ်ဖို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေကို နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) က တောင်းဆိုလိုက်ပါတယ်။ အမျိုးသမီးအလွတ်တန်းသတင်းထောက်တဦးဖြစ်တဲ့ မငြိမ်ငြိမ်းအေး (ခ) မေဘယ်လ် ကို ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း စစ်ကောင်စီတရားရုံးက ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့က ရာဇဝတ်မှုဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တဲ့အပေါ် RSF က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်စစ်အာဏာသိမ်းပြီးတဲ့နောက် သတင်းထောက်တွေကို အကြီးအကျယ်ဖမ်းဆီး နေတာဖြစ်သလို အခုအခါမှာ စစ်ကောင်စီတရားရုံးတွေမှာ လွတ်လပ်မှု ပွင့်လင်းမြင်သာမှုမရှိတဲ့ တရားစီရင်မှုတွေနဲ့ ပြစ်ဒဏ်တွေ တိုးပြီးချလာနေတာတွေကို တွေ့နေရကြောင်း RSF အဖွဲ့ အာရှပစိဖိတ်ရေးရာဌာန အကြီးအကဲ Daniel Bastard က ပြောလိုက်ပါတယ်။ ဒါ့အပြင် သတင်းထောက်တွေကို ဖမ်းဆီးနှိပ်စက်နေတဲ့ တုန်လှုပ်ခြောက်ခြားစရာ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews အနေနဲ့ အရေးယူဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းလိုက်တာပါ။

မငြိမ်ငြိမ်းအေးဟာ မစ္ဇျိမအပါအဝင် တခြားမီဒီယာအတော်များများအတွက် အလွတ်တန်းသတင်းထောက်အဖြစ်နဲ့ လုပ်နေသူဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ အဖမ်းဆီးခံနေရတဲ့ သတင်းသမား ၆၇ ယောက်ရှိနေတာ ဖြစ်ပြီး မငြိမ်းငြိမ်းအေးကို ပြစ်ဒဏ်မချခင်တပတ်ကတော့ ဒီမိုကရက်တစ်မြန်မာ့အသံ DVB သတင်းထောက် ကိုအောင်ဆန်းလင်းကို စစ်ကောင်စီတရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပါတယ် ။

XS
SM
MD
LG