သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

၂၀၂၁ ခုႏွစ္အတြင္း သတင္းေထာက္ဖမ္းဆီးခံရမႈ ျမန္မာ ဒုတိယအမ်ားဆုံး


[[Zawgyi/Unicode]]

ကမာၻမွာ သတင္းေထာက္ဖမ္းဆီးထိန္းသိမ္းမႈ စံခ်ိန္တင္ျမင့္မားလာရာမွာ ျမန္မာႏိုင္ငံကလည္း အမ်ားဆံုး တ႐ုတ္ေနာက္ကေန ဒုတိယလိုက္ခဲ့တယ္လို႔ ႏိုင္ငံတကာသတင္းလြတ္လပ္ခြင့္အဖြဲ႔တခုက ေျပာလိုက္ပါတယ္။

နယ္စည္းမျခားသတင္းေထာက္မ်ားအဖြဲ႔ RSF က ဒီႏွစ္ အစီရင္ခံစာထုတ္ျပန္ရာမွာ အဖြဲ႔စထူေထာင္ၿပီး ႏွစ္ေပါင္း ၂၆ ႏွစ္ခန႔္အတြင္း ဒီႏွစ္ ၂၀၂၁ ခုႏွစ္မွာေတာ့တကမာၻလံုးမွာ အမ်ားဆံုးအျဖစ္ သတင္းေထာက္ေပါင္း ၄၈၈ ဦးဖမ္းဆီးထိန္းသိမ္းခံခဲ့ရတာလို႔ အဂၤၚေန႔က ေျပာလိုက္ပါတယ္။

အဓိက အျဖစ္မ်ားတဲ့ ႏိုင္ငံေတြမွာ ဒီမိုကေရစီေတာင္းဆိုမႈေတြကို ပိုႏွိမ္နင္းလာတာေၾကာင့္ပါလို႔ RSF အစီရင္ခံစာမွာ ရွင္းျပထားပါတယ္။ ဒီႏွစ္ထဲ သတင္းေထာက္ အမ်ားဆံုး ထိန္းသိမ္းခဲ့တဲ့ တ႐ုတ္မွာ ၁၂၇ ဦးအထိရွိခဲ့ၿပီး ေဟာင္ေကာင္အေပၚ အမ်ိဳးသားလံုျခံဳေရးဥပေဒသစ္ခ်မွတ္အၿပီး အဓိကျဖစ္လာရတာျဖစ္ပါတယ္။ ျမန္မာမွာေတာ့ စစ္အာဏာသိမ္းအၿပီး ၅၃ ဦးအထိျမင့္တက္ သြားခဲ့တယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပလိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာ မႏွစ္ ၂၀၂၀ ခုႏွစ္တံုးက ေရြးေကာက္ခံ ဒီမိုကေရစီအစိုးရလက္ထက္မွာ ဖမ္းဆီးထိန္းသိမ္းခံရတဲ့ သတင္းေထာက္ ၂ ဦးပဲရွိခဲ့ရာကေန ဒီႏွစ္ ေဖေဖာ္ဝါရီ စစ္အာဏာသိမ္းအၿပီးမွာေတာ့ အခုလို အဆေပါင္းမ်ားစြာ စံခ်ိန္တင္ ခုန္တက္သြားခဲ့တာလို႔ RSF က ေထာက္ျပခဲ့ပါတယ္။

ျမန္မာေနာက္မွာေတာ့ ဗီယက္နမ္က ၄၃ ဦးနဲ႔ တတိယ အမ်ားဆံုး လိုက္ကာ၊ ေနာက္ ဘဲလာ႐ုစ္က ၃၂ ဦးနဲ႔ ေဆာ္ဒီအာေရးဗီယားက ၃၁ ဦးနဲ႔ ဆက္လိုက္ခဲ့ၾကပါတယ္။ ဒါ့အျပင္ ဒီႏွစ္ဖမ္းဆီးမႈေတြထဲမွာ အမ်ိဳးသမီးသတင္းေထာက္အေရအတြက္လည္း စံခ်ိန္တင္ျမင့္တက္ခဲ့ၿပီး စုစုေပါင္း ၆၀ ဦးအျဖစ္ မႏွစ္ကထက္ ၃ ဆျမင့္တက္ခဲ့တယ္လို႔ RSF အဖြဲ႔က ေထာက္ျပခဲ့ပါတယ္။

ဒါေပမဲ့ တကမာၻလံုးမွာ သတင္းေထာက္ေတြ ဒီႏွစ္ထဲ အသတ္ခံရတာကေတာ့ တကမာၻလံုးမွာ ၄၆ ဦးအျဖစ္ အေရွ႕အလယ္ပိုင္းပဋိပကၡေနာက္ပိုင္း အနိမ္႔ဆံုးအဆင့္ကိုက်ဆင္းလာခဲ့ၿပီး အမ်ားစုက လုပ္ၾကံခံရတာလို႔ RSF အစီရင္ခံစာမွာ ဆက္ရွင္းျပထားပါတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

၂၀၂၁ ခုနှစ်အတွင်း သတင်းထောက်ဖမ်းဆီးခံရမှု မြန်မာ ဒုတိယအများဆုံး

ကမ္ဘာမှာ သတင်းထောက်ဖမ်းဆီးထိန်းသိမ်းမှု စံချိန်တင်မြင့်မားလာရာမှာ မြန်မာနိုင်ငံကလည်း အများဆုံး တရုတ်နောက်ကနေ ဒုတိယလိုက်ခဲ့တယ်လို့ နိုင်ငံတကာသတင်းလွတ်လပ်ခွင့်အဖွဲ့တခုက ပြောလိုက်ပါတယ်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF က ဒီနှစ် အစီရင်ခံစာထုတ်ပြန်ရာမှာ အဖွဲ့စထူထောင်ပြီး နှစ်ပေါင်း ၂၆ နှစ်ခန့်အတွင်း ဒီနှစ် ၂၀၂၁ ခုနှစ်မှာတော့တကမ္ဘာလုံးမှာ အများဆုံးအဖြစ် သတင်းထောက်ပေါင်း ၄၈၈ ဦးဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာလို့ အင်္ဂါ်နေ့က ပြောလိုက်ပါတယ်။

အဓိက အဖြစ်များတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီတောင်းဆိုမှုတွေကို ပိုနှိမ်နင်းလာတာကြောင့်ပါလို့ RSF အစီရင်ခံစာမှာ ရှင်းပြထားပါတယ်။ ဒီနှစ်ထဲ သတင်းထောက် အများဆုံး ထိန်းသိမ်းခဲ့တဲ့ တရုတ်မှာ ၁၂၇ ဦးအထိရှိခဲ့ပြီး ဟောင်ကောင်အပေါ် အမျိုးသားလုံခြုံရေးဥပဒေသစ်ချမှတ်အပြီး အဓိကဖြစ်လာရတာဖြစ်ပါတယ်။ မြန်မာမှာတော့ စစ်အာဏာသိမ်းအပြီး ၅၃ ဦးအထိမြင့်တက် သွားခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ မနှစ် ၂၀၂၀ ခုနှစ်တုံးက ရွေးကောက်ခံ ဒီမိုကရေစီအစိုးရလက်ထက်မှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ သတင်းထောက် ၂ ဦးပဲရှိခဲ့ရာကနေ ဒီနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းအပြီးမှာတော့ အခုလို အဆပေါင်းများစွာ စံချိန်တင် ခုန်တက်သွားခဲ့တာလို့ RSF က ထောက်ပြခဲ့ပါတယ်။

မြန်မာနောက်မှာတော့ ဗီယက်နမ်က ၄၃ ဦးနဲ့ တတိယ အများဆုံး လိုက်ကာ၊ နောက် ဘဲလာရုစ်က ၃၂ ဦးနဲ့ ဆော်ဒီအာရေးဗီယားက ၃၁ ဦးနဲ့ ဆက်လိုက်ခဲ့ကြပါတယ်။ ဒါ့အပြင် ဒီနှစ်ဖမ်းဆီးမှုတွေထဲမှာ အမျိုးသမီးသတင်းထောက်အရေအတွက်လည်း စံချိန်တင်မြင့်တက်ခဲ့ပြီး စုစုပေါင်း ၆၀ ဦးအဖြစ် မနှစ်ကထက် ၃ ဆမြင့်တက်ခဲ့တယ်လို့ RSF အဖွဲ့က ထောက်ပြခဲ့ပါတယ်။

ဒါပေမဲ့ တကမ္ဘာလုံးမှာ သတင်းထောက်တွေ ဒီနှစ်ထဲ အသတ်ခံရတာကတော့ တကမ္ဘာလုံးမှာ ၄၆ ဦးအဖြစ် အရှေ့အလယ်ပိုင်းပဋိပက္ခနောက်ပိုင်း အနိမ့်ဆုံးအဆင့်ကိုကျဆင်းလာခဲ့ပြီး အများစုက လုပ်ကြံခံရတာလို့ RSF အစီရင်ခံစာမှာ ဆက်ရှင်းပြထားပါတယ် ခင်ဗျာ။

#PressFreedom #၂၀၂၁သတင်းထောက်အဖမ်းခံရမှု #စစ်ကောင်စီ #မြန်မာဒုတိယ #ဒီမိုကရေစီတောင်းဆိုမှု #ဗွီအိုအေ

==================

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG