မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု ရှိဖို့က အရေးကြီးတဲ့အကြောင်း သမ္မတ ဦးသိန်းစိန်က မနေ့က ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။ တရားဥပဒေစိုးမိုးရေးရှိဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ အမျိုးဂုဏ်သိက္ခာကို အကာအကွယ်ပေးနိုင်ဖို့ အရေးကြီးတဲ့အကြောင်း မကြာသေးခင်က ဖြစ်ရပ်တခုကို ကိုးကားပြီးတော့ ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ဆက်ထားပါတယ်။