(Zawgyi/Unicode)
......................
(Unicode)
ယိုယွင်းပျက်စီးနေတဲ့ တရားဥပဒေစိုးမိုးရေး
မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု လုံးဝကင်းမဲ့နေပြီး အများပြည်သူတွေအနေနဲ့ ရာဇဝတ်မှုခင်းနဲ့ ကြုံရတဲ့အခါ ကူရာကယ်ရာမဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။
ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ဘဏ်ဝန်ထမ်းတွေ စသည်အားဖြင့် အများပြည်သူကို ဝန်ဆောင်မှုပေးရတဲ့ နေရာဌာနတွေမှာ တာဝန်ထမ်းဆောင်နေသူတွေက မောက်မောက်မာမာ ပြောဆိုဆက်ဆံတာတွေနဲ့လည်း အများပြည်သူ ကြုံနေရပါတယ်။
ဒီလိုအခြေအနေတွေ ဘာ့ကြောင့်ဖြစ်နေတာပါလဲ၊ အများပြည်သူကြုံနေရတဲ့ အခက်အခဲဘေးဒုက္ခတွေ လျော့ပါးသက်သာမယ့် အလားအလာရော ရှိပါရဲ့လား ... စတာတွေနဲ့ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်ကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။