သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်သတင်းစာ ဖုန်းခိုးနားထောင်မှု အမေရိကန်ထိ ကူးစက်


ဗြိတိန်သတင်းစာ ဖုန်းခိုးနားထောင်မှု အမေရိကန်ထိ ကူးစက်
ဗြိတိန်သတင်းစာ ဖုန်းခိုးနားထောင်မှု အမေရိကန်ထိ ကူးစက်

၂၀၀၁ ခုနှစ် အကြမ်းဖက် တိုက်ခိုက်မှုကို ခံလိုက်ရတဲ့သူတွေနဲ့ သူတို့ရဲ့ မိသားစု တယ်လီဖုန်းတွေကို မီဒီယာ သူဌေးကြီး ရုပါ့ မားဒေါ့ (Rupert Merdoch) ရဲ့ သတင်းကော်ပိုရေးရှင်းတွေက ခိုးနားထောင်တာတွေ လုပ်သလား၊ မလုပ်ဘူးလား ဆိုတဲ့ ကိစ္စကို စုံစမ်းစစ်ဆေးမှုတွေ စတင် လုပ်ဆောင်လိုက်ပြီလို့ အမေရိကန် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (FBI) က ပြောလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကို ခံလိုက်ရတဲ့ သူတွေနဲ့ သူတို့ရဲ့ မိသားစု ဆွေမျိုးတွေရဲ့ တယ်လီဖုန်း စကားပြောတာတွေ၊ Voicemail တွေနဲ့ တယ်လီဖုန်းခေါ်တဲ့ မှတ်တမ်းတွေကို ရုပါ့ မားဒေါ့ရဲ့ မီဒီယာကုမ္ပဏီမှာ ရှိတဲ့ အလုပ်သမားတွေက တရားမဝင် ခိုးနားထောင်ခဲ့သလား ဆိုတာတွေကို FBI အနေနဲ့ စစ်ဆေး ကြည့်ရှုသွားမယ်လို့ ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။

စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ လူ ၃,၀၀၀ နေသွားတဲ့ နယူးယောက်ပြည်နယ် လွှတ်တော်အမတ် ပီတာ (Peter King) က FBI ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ပြောဆိုပြီး တရက်အကြာမှာ စုံစမ်းစစ်ဆေးမှုတွေကို FBI က စတင်လိုက်တာ ဖြစ်ပါတယ်။ သူဌေးကြီး မားဒေါ့ရဲ့ မီဒီယာ အရှုပ်တော်ပုံထဲမှာ FBI ရဲ့ ပါဝင်ပတ်သက်မှုဟာ နောက်ဆုံးဖြစ်ပါတယ်။

ဗြိတိန် သတင်းမီဒီယာတွေမှာ လွှမ်းမိုးနေတဲ့ တယ်လီဖုန်း ခိုးနားထောင်မှုနဲ့ ရဲကို လာဘ်ထိုးမှု အရှုပ်တော်ပုံတွေနဲ့ ပတ်သက်ပြီး အသက် ၈၀ ရှိပြီဖြစ်တဲ့ သူဌေးကြီး ရုပါ့ မားဒေါ့နဲ့ သူ့ရဲ့ သားဖြစ်သူ ဂျိမ်းစ် (James) တို့ဟာ အစောပိုင်းတုန်းက အစစ်ဆေးခံဖို့ ငြင်းဆန်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဗြိတိန်ပါလီမန်မှာ ရှေ့သီတင်းပတ်ကျရင် စစ်ဆေးခံသွားမယ်လို့ လန်ဒန်မြို့မှာ ကြာသပတေးနေ့က သဘောတူလိုက်ပါတယ်။

XS
SM
MD
LG