သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲဝင်စွက်မှု ရုရှား ၁၂ ဦးကို ကန် တရားစွဲမည်


ဒုတိယတရားသူကြီးချုပ် Rod Rosenstein တရားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲ (ဇူလိုင် ၁၃၊ ၂၀၁၈)
ဒုတိယတရားသူကြီးချုပ် Rod Rosenstein တရားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲ (ဇူလိုင် ၁၃၊ ၂၀၁၈)

၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲအတွင်း ဒီမိုကရက်ပါတီရဲ့ ကွန်ပြူတာ စနစ် ထဲကို ခိုးဝင်ဖို့ လျှို့ဝှက်ကြံစည်မှုနဲ့ ရုရှား စစ်ထောက်လှမ်းရေးအရာရှိ ၁၂ ယောက်ကို တရားစွဲဆိုဖို့ အမေရိကန် ဖက်ဒရယ် Grand Jury အဖွဲ့တဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။ ဒါဟာဖြင့် ရွေးကောက်ပွဲမှာ ရုရှားဝင်နှောက်မှုကို စုံစမ်းစစ်ဆေးနေတဲ့ အထူးစုံစမ်း စစ်ဆေး ရေးမှူးက ရုရှားနိုင်ငံသားတွေ အပေါ် တရားစွဲဆိုထားတာတွေထဲ နောက်ဆုံးပေါ်လာတဲ့ဖြစ်ရပ်ပါ။

သောကြာနေ့က ဆုံးဖြတ်ချက်ထဲမှာ ရွေးကောက်ပွဲမှာ ရုရှားဝင်နှောက်တဲ့ ပုံစံနှစ်မျိုးထဲက တမျိုးကို GRU လို့ခေါ်တဲ့ ရုရှား စစ် ထောက်လှမ်းရေးအဖွဲ့က လုပ်ဆောင်တယ်လို့ စွပ်စွဲ ထားပါတယ်။ အဲဒါကတော့ ဟီလာရီ ကလင်တန်ရဲ့ သမ္မတရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး အဖွဲ့ ဥက္ကဋ္ဌအပါအဝင် လုပ်အားပေးတွေနဲ့ ဝန်ထမ်းတွေရဲ့ အီးမေးလ်တွေ ထဲကို ခိုးဝင်ပြီး အီးမေးလ်တွေနဲ့ တခြားအထောက်အထားတွေကို လူသိရှင်ကြား ထုတ်ပြန်တဲ့လုပ်ရပ်ပါ။

ရုရှားဝင်နှောက်တဲ့ နောက်ပုံစံတမျိုးကတော့ စိန့်ပီတာစဘာ့ဂ်မြို့အခြေစိုက် Internet Research Agency ဆိုတဲ့ ကုမ္ပဏီက ကြံစည်အကွက်ချပြီး မဲဆန္ဒရှင်တွေရဲ့ သဘောထား ကို လွှမ်းမိုးဖို့ ဆိုရှယ်မီဒီယာပေါ်မှာ နည်းအမျိုးမျိုးနဲ့ အကြီးအကျယ် လှုံ့ဆော်တာပါ။ အဲဒီ ကုမ္ပဏီရဲ့ ဝန်ထမ်း ၁၂ ယောက်နဲ့ ဘဏ္ဍာငွေထောက်ပံ့သူကို တရားစွဲဆိုဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ Grand Jury အဖွဲ့တဖွဲ့က ဆုံးဖြတ်ထားပါတယ်။

သမ္မတထရမ့်ပ်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ ဖင်လန်နိုင်ငံ၊ ဟယ်လ်ဆင်ကီးမြို့ မှာ ထိပ်သီးအစည်းအဝေးလုပ်မယ့် တနင်္လာနေ့မတိုင်ခင်လေးမှာပဲ ရုရှားထောက်လှမ်းရေး အရာရှိတွေကို အခုလို တရားစွဲလိုက်တာပါ။ သမ္မတထရမ့်ပ်ကတော့ အမေရိကန် ရွေးကောက်ပွဲမှာ ရုရှားဝင်နှောက်တဲ့ကိစ္စ သမ္မတပူတင်ကို “သေချာပေါက်မေးမယ်” လို့ သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG