သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-ရုရှား စစ်ရေး ပူးပေါင်းမှု သဘောတူ


ရုရှားသမ္မတ Vladimir Putin နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi နယူးဒေလီမှာ တွေ့ဆုံ (ဒီဇင်ဘာ၊ ၂၀၁၄)
ရုရှားသမ္မတ Vladimir Putin နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi နယူးဒေလီမှာ တွေ့ဆုံ (ဒီဇင်ဘာ၊ ၂၀၁၄)

အိန္ဒိယနိုင်ငံကို ရုရှား သမ္မတ Vladimir Putin ရောက်ရှိနေစဉ်အတွင်းမှာပဲ၊ ရုရှားနဲ့ အိန္ဒိယအကြား နျူ ကလီးယားစွမ်းအင်နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်သစ်တွေကို နှစ်ဖက် လက်မှတ်ရေးထိုးလိုက်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ ရုရှား သမ္မတ Putin တို့ နှစ်ဦး အခုကြာသာပတေးနေ့မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက်တော့ ရုရှား အစိုးရပိုင် Rosatom ကုမဏီဟာ အိန္ဒိယမှာ နျူကလီယားဓါတ်ပေါင်းဖို ၁၀ ခုထက်မနည်း တည်ဆောက်သွားဖို့ရှိတယ်ဆိုပြီး နှစ်ဖက်စလုံးက ကြေညာပါတယ်။ ဒါ့အပြင် ရုရှားလုပ် ခေတ်မှီ ရဟတ်ယာဉ်တွေကို အိန္ဒိယ ဝယ်ယူဖို့ကိုလည်း သဘောတူညီခဲ့ကြပါတယ်။

မစ္စတာပူတင်ဟာ အိန္ဒိယ သမ္မတ Pranab Mukherjee နဲ့ တွေ့ဆုံသလို၊ အတိုက်အခံခေါင်းဆောင် Sonia Gandhi နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာ ယူကရိန်းအရေးကိစ္စနဲ့ပတ်သက်လို့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးအရ အရေးယူဒဏ်ခတ်မှုတွေ ခံနေရတာပါ။ ဒါကြောင့် ဒီလို စီးပွားရေးအရေးယူမှုကြောင့် ဖြစ်လာတဲ့ ဂယက်တွေကြောင့်၊ တဖက်မှာ စွမ်းအင်ဈေးကွက်သစ် ဖွင့်ဖို့ ရည်မှန်းချက်နဲ့ မစ္စတာပူတင် အခု အိန္ဒိယနိုင်ငံကို ရောက်လာတာဖြစ်တယ်လို့ သုံးသပ်သူတွေ ယူဆကြပါတယ်။

အိန္ဒိယနိုင်ငံဟာဆိုရင် ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး စွမ်းအင်တင်သွင်းတဲ့နိုင်ငံဖြစ်တာကြောင့် စွမ်းအင်လိုအပ်ချက်တွေရှိနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ရုရှားနိုင်ငံတွင်း သဘာဝဓါတ်ငွေနဲ့ ရေနံရှာဖွေရေးမှာ ပိုပြီး ပါဝင်ဆောင်ရွက်ဖို့ လိုလားမှုလည်း ရှိနေပါတယ်။

XS
SM
MD
LG