သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားဆဲ Kurile ကျွန်းမှာ ရုရှား စစ်စခန်း ဆောက်မည်


ရုရှားသမ္မတ ပူတင်နဲ့ ရုရှား ကာကွယ်ရေးဝန်ကြီး Sergei Shoigu ။ (အောက်တိုဘာ ၇၊ ၂၀၁၅)
ရုရှားသမ္မတ ပူတင်နဲ့ ရုရှား ကာကွယ်ရေးဝန်ကြီး Sergei Shoigu ။ (အောက်တိုဘာ ၇၊ ၂၀၁၅)

အာတိတ်ဒေသက စစ်အခြေစိုက်စခန်း ၄ ခုနဲ့အတူ Kurile ကျွန်းတွေပေါ်မှာ စစ်စခန်း ၁ ခုကို ၂၀၁၈ နောက်ဆုံးထား တည်ဆောက်သွားမှာ ဖြစ်တဲ့အကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

နယ်စပ်ကာကွယ်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေအပါအဝင် ကျွန်းပေါ်မှာ ခေတ်မီတဲ့ စစ်အခြေစိုက်စခန်းကြီးတခု ရုရှားစစ်တပ်က ထားရှိဖို့ စီစဉ်နေတယ်လို့ ဝန်ကြီး Sergei Shoigu က ရုရှားသတင်းဌာနကို ကြာသပတေးနေ့က ပြောဆိုခဲ့တာပါ။

ရုရှားက နိုဗာစီဘစ် ကျွန်းစုတွေထဲက Novosibirsk၊ Kotelny ကျွန်းပေါ်မှာ အကြီးဆုံးစခန်းနဲ့အတူ စခန်းသစ်တချို့ တည်ဆောက်နေတာ ပြီးစီးခါနီးပြီလို့လည်း ဝန်ကြီး Shoigu က ပြောပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Chukchi ဒေသရဲ့ အရှေ့ဖက်ကမ်းရိုးတန်းက ရှမစ် အငူ နဲ့ ချုပ်ချီ ဒေသရဲ့ အရှေ့မြောက်ဖက်တလျှောက်မှာ တည်ရှိတဲ့ Wrangel ကျွန်းတွေပေါ်မှာ စစ်စခန်းတွေ ထားရှိမှာဖြစ်သလို၊့ ဖရန်ဇ်ဂျိုးဇက်ဖ်လန်း ကျွန်းစုပေါ်က စခန်းကတော့ ပြီးစီးကာနီးပြီလို့လည်း ရုရှားကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

ရုရှားစစ်စခန်းအသစ်တွေဟာ အမေရိကန် အနောက်ဘက်စွန်း ကမ်းရိုးတန်းကနေ ကီလိုမီတာ ရာဂဏန်းလောက်သာ ကွာဝေးပါတယ်။

ကျွန်းတွေ ပိုင်ဆိုင်မှုအတွက် ရုရှားနဲ့ ဂျပန် နိုင်ငံအကြား အငြင်းပွားမှုတွေဟာ ဒုတိယကမ္ဘာစစ် ကတည်းက အခုထိ ဖြေရှင်းလို့ မရဘဲ ရှိနေဆဲပါ။ ဒါကြောင့်လည်း နှစ်နိုင်ငံအကြား တရားဝင် ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်မထိုးနိုင်သေးပဲ ဖြစ်နေရပါတယ်။

ဒုတိယကမ္ဘာစစ်မှာ ဂျပန်က လက်နက်ချပြီးပြီးချင်း ဆိုသလိုပဲ ၁၉၄၅ ခုနှစ်မှာ ဆိုဗီယက်ယူနီယံကနေ ဒီကျွန်းတွေကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG