သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသမ္မတကို အတိုက်အခံလုပ်သူ လုပ်ကြံခံရ


ရုရှားဒုဝန်ကြီးချုပ်ဟောင်း Boris Nemtsov လတ်တလော လုပ်ကြံခံရတဲ့နေရာမှာ ထောက်ခံသူတွေက ဂါရဝပြု ပန်းခွေပန်းစည်းများ လာရောက်ချထားစဉ်။ (နိုဝင်ဘာ ၂၈၊ ၂၀၁၅)
ရုရှားဒုဝန်ကြီးချုပ်ဟောင်း Boris Nemtsov လတ်တလော လုပ်ကြံခံရတဲ့နေရာမှာ ထောက်ခံသူတွေက ဂါရဝပြု ပန်းခွေပန်းစည်းများ လာရောက်ချထားစဉ်။ (နိုဝင်ဘာ ၂၈၊ ၂၀၁၅)

ရုရှားနိုင်ငံ Moscow မြို့ထဲမှာ အတိုက်အခံခေါင်းဆောင် Boris Nemtsov သောကြာနေ့က အသတ်ခံခဲ့ရတဲ့အပေါ် ယူကရိန်းသမ္မတ Petro Poroshenko က အပြစ်တင်လိုက်ပါတယ်။

ယူကရိန်းမှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ပတ်သက်လို့ ရုရှားသမ္မတ Vladimir Putin အပေါ် ဆန္ဒပြကြဖို့တိုက်တွန်းခဲ့ပြီးနောက်မှာ Boris Nemtsov အသတ်ခံခဲ့ရတာပါ။ မစ္စတာNemtsov ဟာ ယူကရိန်းနဲ့ ရုရှားကြားက ပေါင်းကူးတံတားဖြစ်တယ်လို့ သမ္မတ Poroshenko ကပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ ကျင်းပဖို့စီစဉ်ထားတဲ့ သမ္မတပူတင်ကို ဆန့်ကျင် ဆန္ဒပြချီတက်ပွဲမှာ မော်စကိုမြို့သူမြို့သားတွေ ပါဝင်ကြဖို့ မစ္စတာ Nemtsov က
ရုရှား Ekho Moskvy ရေဒီယိုပေါ်ကနေ တိုက်တွန်းပြောကြားခဲ့ပြီး နာရီပိုင်းအကြာမှာပဲ Moscow မြို့လယ်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မစ္စတာNemtsov အသတ်ခံခဲ့ရတာနဲ့ပတ်သက်လို့ ပြင်သစ်သမ္မတ Francois Holland က ဒေါသထွက်ရကြောင်း ထုတ်ဖော်ပြောခဲ့ပြီး အခုသတ်ဖြတ်မှုဟာ အမုန်းပွားသတ်ဖြတ်မှုဖြစ်တယ်လို့ပြောခဲ့ပါတယ်။ မစ္စတာ Nemtsov ဟာ ဒီမိုကရေစီ ဘက်တော်သားတယောက် ဖြစ်တယ်လို့လည်း ပြင်သစ်သမ္မတက ပြောခဲ့ပါတယ်။ သမ္မတပူတင်ကို အဓိကဝေဖန်သူတယောက်ဖြစ်တဲ့ Boris Nemtsov ဟာ ဒုတိယဝန်ကြီးချုပ်ဟောင်းတယောက်ဖြစ်ပါတယ်။

Kremlin နန်းတော်ဘေးက Moscow မြစ်ပေါ် ဖြတ်ဆောက်ထားတဲ့ တံတားတခုမှာ Boris Nemtsov လမ်းလျှောက်နေစဉ် ကားတစင်းပေါ်ကနေ သေနတ်နဲ့ ၄ ချက် ပစ်ခတ် သတ်သွားတာဖြစ်တယ်လို့ ရုရှား ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ သတ်ဖြတ်မှုပုံစံဟာ ကြေးစားအငှား လူသတ်သမားတို့ရဲ့ လက်ချက်တွေလို့ပြသနေပြီး ရန်စတဲ့လုပ်ရပ်ဖြစ်တယ်လို့ သမ္မတပူတင်ပြောခွင့်ရသူက ဆိုပါတယ်။

သတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုကို ရုရှားအစိုးရက ကြီးကြပ်သွားမယ်လို့လည်း ပြောပါတယ်။ အခုသတ်ဖြတ်မှုဟာ ရက်စက်တဲ့သတ်ဖြတ်မှု
ဖြစ်တယ်လို့ အမေရိကန်သမ္မတ Barack Obama ကအပြစ်တင်ခဲ့ပြီး ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို အမြန်ဆုံးလုပ်ဖို့ ရုရှားကို
တောင်းဆိုခဲ့ပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG