သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရိုင်းမီးယားက ယူကရိန်းရဲ့ နောက်ဆုံး စစ်အခြေစိုက်စခန်း ရုရှားသိမ်းပိုက်


Belbek လေတပ်အခြေစိုက်စခန်းကို သိမ်းပိုက်ဖို့ ချီတက်လာကြတဲ့ ရုရှားစစ်သားတွေနဲ့ ရုရှားလိုလားသူများ။ (မတ် ၂၂၊ ၂၀၁၄)
Belbek လေတပ်အခြေစိုက်စခန်းကို သိမ်းပိုက်ဖို့ ချီတက်လာကြတဲ့ ရုရှားစစ်သားတွေနဲ့ ရုရှားလိုလားသူများ။ (မတ် ၂၂၊ ၂၀၁၄)
ခရိုင်းမီးယားဒေသက နောက်ဆုံးကျန်နေသေးတဲ့ အဓိက ယူကရိန်းစစ်စခန်းကို ရုရှားတပ်တွေက သိမ်းလိုက်ပါပြီ။ ရုရှားတပ်ဖွဲ့တွေဟာ သေနတ်တွေ ပစ်ဖောက်ပြီး သံချပ်ကာကားတွေနဲ့ Belbek လေတပ်အခြေစိုက်စခန်းရဲ့ ဂိတ်တွေကို စနေနေ့ က ချိုးဖျက် ဝင်ရောက်ခဲ့ကြတာပါ။

ယူကရိန်းတပ်ဖွဲ့တွေက မခုခံခဲ့ပါဘူး။ သူတို့လက်နက်တွေကို လက်နက်တိုက်ထဲ မထည့်ခင်မှာ ယူကရိန်းစစ်သားတွေက သူတို့ နိုင်ငံတော်သီချင်းကို သီဆိုခဲ့ကြပါတယ်။ ယူကရိန်းစစ်သားတစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

စစ်စခန်းသိမ်းတာကို သတင်းယူတဲ့ သတင်းထောက်နဲ့ ကင်မရာသမားတချို့ကို ရုရှားစစ်သားတွေက ကြမ်းကြမ်းတမ်းတမ်း ပြုမူဆက်ဆံပြီး ပစ္စည်းကိရိယာတွေကို သိမ်းယူခဲ့ပါတယ်။

Belbek လေတပ်စခန်းဟာ ခရိုင်းမီးယားကို ရုရှားက သိမ်းလိုက်တာမှာ နောက်ဆုံးကျန်နေသေးတဲ့ အဓိက စစ်စခန်းဖြစ်ပါတယ်။

စနေနေ့တရက်ထဲမှာပဲ ရုရှားလိုလားသူတွေက Novofedorovka မှာရှိတဲ့ ယူကရိန်းရေတပ်စခန်းထဲ အတင်းဝင်ရောက်ဖို့ ကြိုးစားခဲ့ကြပါသေးတယ်။ ယူကရိန်းတွေဘက်က မီးခိုးဗုံးတွေသုံးပြီး တုံ့ပြန်ခဲ့ပါတယ်။ အခုထိတော့ လူအုပ်က စခန်းကို သိမ်းလိုက်သလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
XS
SM
MD
LG