သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား အသေခံ ဗုံးခွဲမှု ဆယ်ဦးကျော်သေဆုံး


Volgograd က ဘူတာရုံ တစ်ခုမှာ အမျိုးသမီး အသေခံဗုံးခွဲသူတစ်ဦးက ဗုံးဖောက်ခွဲ တိုက်ခိုက်စဉ်။ (ဒီဇင်ဘာ ၂၉၊ ၂၀၁၃)
Volgograd က ဘူတာရုံ တစ်ခုမှာ အမျိုးသမီး အသေခံဗုံးခွဲသူတစ်ဦးက ဗုံးဖောက်ခွဲ တိုက်ခိုက်စဉ်။ (ဒီဇင်ဘာ ၂၉၊ ၂၀၁၃)
ရုရှားနိုင်ငံမှာ မငြိမ်မသက်ဖြစ်နေတဲ့ ကော့ကေးဆပ်စ်မြောက်ပိုင်းဒေသ နား တောင်ပိုင်းမြို့လေးဖြစ်တဲ့ Volgograd က ဘူတာရုံ တစ်ခုမှာ အမျိုးသမီး အသေခံဗုံးခွဲသူတစ်ဦးက ဗုံးဖောက်ခွဲ တိုက်ခိုက်တဲ့အတွက် လူ ၁၃ ယောက်ထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ ရုရှားတောင်ပိုင်း အာဏာပိုင်တွေက ပြောပါတယ်။ အခြေအနေ ဟာ ဆက်ပြီး ပြောင်းလဲနေတာနဲ့အမျှ သေဆုံး ဒဏ်ရာရသူ အရေအတွက် ပြောင်းသွားနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပေါက်ကွဲမှုဟာ တနင်္ဂနွေနေ့အစောပိုင်းက ဘူတာရုံထဲမှာဖြစ်ခဲ့တာလို့ သတင်းတွေကပြောပါတယ်။ ပင်လယ်နက်မြို့ဖြစ်တဲ့ ဆိုချီမှာ ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲကျင်းပဖို့ သီတင်းပတ် အနည်းငယ် အလိုမှာပဲ အခု တိုက်ခိုက်မှုဖြစ်ခဲ့တာပါ။ အောက်တိုဘာလ ၂၁ ရက်နေ့ တုန်းက Volgograd မြို့မှာပဲ အမျိုးသမီး အသေခံဗုံးခွဲသူတစ်ဦးရဲ့ လက်ချက်ကြောင့် လူငါးဦး သေဆုံးပြီး ၃၀ လောက် ဒဏ်ရာရခဲ့ပါတယ်။

အသေခံဗုံးခွဲသူဟာ ရုရှားနိုင်ငံမှာ မူစလင်မ် အများစု နေထိုင်ရာ ဒေသဖြစ်တဲ့ ကော့ကေး ဆပ်စ်မြောက်ပိုင်း Dagestan ဒေသခံ အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ ရုရှား စုံစမ်းရေးကော်မရှင်က ဖော်ထုတ်ခဲ့ပါတယ်။
XS
SM
MD
LG