သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားမြေအောက်ရထားဘူတာဗုံးကွဲမှု မသင်္ကာလူ ၃ဦးဖမ်းဆီး


St. Petersburg မြို့က မြေအောက်ရထား ဘူတာရုံတွေမှာ လုံခြုံရေးတင်ကျပ်
St. Petersburg မြို့က မြေအောက်ရထား ဘူတာရုံတွေမှာ လုံခြုံရေးတင်ကျပ်

ရုရှားနိုင်ငံ St. Petersburg မြို့က မြေအောက်ရထား ဘူတာရုံမှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဖြစ်ပွားခဲ့တဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး လူ ၃ ဦးကို ရဲတပ်ဖွဲ့က ဒီကနေ့ပဲ ဖမ်းဆီးလိုက်ပါတယ်။

သံသယရှိသူတွေအဖြစ် ဖမ်းဆီးလိုက်သူ ၃ ဦးဟာ အသေခံ ဗုံးခွဲသမား Akbarzhon Dzhalilov လိုပဲ အာရှတိုက် အလယ်ပိုင်းဒေသက ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့တာပါ။ St. Petersburg မြို့စွန်က သံသယရှိသူ ၃ ဦး နေထိုင်ရာ တိုက်ခန်းတွဲမှာ ဗုံးတလုံးတွေ့ရှိခဲ့ပြီး၊ ရဲတပ်ဖွဲ့က ရှင်းလင်းခဲ့ရပါတယ်။

သံသယရှိသူ ၃ ဦးနဲ့ ပတ်သက်တဲ့ အမှုမှာ အထောက်အကူ ဖြစ်စေမယ့် အထောက်အထားတွေကိုလည်း တိုက်ခန်းထဲမှာ တွေ့ရှိခဲ့ကြောင်း ရုရှားစုံစမ်းစစ်ဆေးရေး ကော်မတီက ပြောဆိုခဲ့တာပါ။ သံသယရှိသူတွေ တိုက်ခန်းမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ဗုံးဟာ၊ တနင်္လာနေ့တုန်းက မြေအောက်ရထားဘူတာမှာ တွေ့ခဲ့ရတဲ့ မပေါက်ကွဲသေးတဲ့ ဗုံးနဲ့ ဆင်တူတယ်လို့လည်း Reuters သတင်းက ဖော်ပြပါတယ်။

IS အစ္စလာမ်အစွန်းရောက် အဖွဲ့နဲ့ တခြားစစ်သွေးကြွ အဖွဲ့တွေအတွက် လူစုဆောင်းပေးနေတယ်လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ အာရှတိုက် အလယ်ပိုင်းဒေသက လူ ၈ ဦးကို ဖမ်းဆီးခဲ့ပြီး နောက်တရက်မှာပဲ လူ ၃ ဦးကို ထပ်မံဖမ်းဆီးလိုက်တာလည်း ဖြစ်ပါတယ်။ အသေခံဗုံးခွဲသူ အပါအဝင် လူ ၁၄ ဦး သေဆုံးပြီး၊ ၅၀ ကျော် ဒဏ်ရာရခဲ့တဲ့ တနင်္လာနေ့က St. Petersburg မြို့ ဘူတာရုံတိုက်ခိုက်မှုအတွက် ဘယ်သူကမှ သူတို့လက်ချက်ဆိုပြီး ကြေညာတာမျိုးတော့ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG