သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် နဲ့ ရုရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်ဖို့ကြိုးပမ်း


တရုတ် ဒုတိယဝန်ကြီးချုပ် Wang Yang နဲ့ ရုရှား ဒုတိယဝန်ကြီးချုပ် Dmitry Rogozin တို့တွေ့ဆုံ ( Dmitry Olegovich Rogozin Twitter)
တရုတ် ဒုတိယဝန်ကြီးချုပ် Wang Yang နဲ့ ရုရှား ဒုတိယဝန်ကြီးချုပ် Dmitry Rogozin တို့တွေ့ဆုံ ( Dmitry Olegovich Rogozin Twitter)

တရုတ် ဒုတိယဝန်ကြီးချုပ် Wang Yang နဲ့ ရုရှား ဒုတိယဝန်ကြီးချုပ် Dmitry Rogozin တို့က နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်ကြဖို့ တနင်္လာနေ့မှာ သဘောတူလိုက်ကြပါတယ်။

တရုတ်နိုင်ငံ Chongqing မြို့မှာ ကျင်းပတဲ့ ၂၁ ကြိမ်မြောက် တရုတ်-ရုရှား ဝန်ကြီးချုပ်များ ပုံမှန် ပူးတွဲ တွေ့ဆုံပွဲကို မစ္စတာ Wang နဲ့ မစ္စတာ Rogozin တို့ ၂ ဦး ကမကထပြု ကျင်းပခဲ့ကြတာပါ။

ဒီတွေ့ဆုံ ဆွေးနွေးမှုဟာ တရုတ်နဲ့ ရုရှား ဝန်ကြီးချုပ်တို့ရဲ့ ၂၂ ကြိမ်မြောက် ဆွေးနွေးပွဲ အကြိုအဖြစ် ကျင်းပတာလည်း ဖြစ်ပါတယ်။

မစ္စတာ Wang ဟာ ကွန်မြူနစ်ပါတီ နိုင်ငံရေး ဥသျှောင်အဖွဲ့ရဲ့ အမြဲတမ်း ကော်မီတီဝင် ဖြစ်ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ Vladimir Putin တို့ရဲ့ ဦးဆောင်မှုအောက်မှာ နှစ်နိုင်ငံ ဆက်ဆံရေးဟာ ဆထက်တံပိုး တိုးတက် ကောင်းမွန်နေကြောင်းလည်း ဆွေးနွေးပွဲအတွင်း မစ္စတာ Wang က ပြောပါတယ်။

နျူကလီးယားကဏ္ဍ၊ အရပ်ဖက် လေကြောင်းလိုင်း၊ လေကြောင်းဆိုင်ရာ ကိစ္စရပ် စတဲ့ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေအပြင် နယ်စပ်ဒေသ အခြေခံအဆောက်အအုံတွေမှာ တိုးတက် ဖွံ့ဖြိုးမှုတွေ ရှိနေကြောင်းလည်း မစ္စတာ Wang က ပြောပါတယ်။

ဒါ့အပြင် အရှေ့ဖျား ဒေသနဲ့ Artic ဒေသတို့မှာ တိုးတက်ဖွံ့ဖြိုးရေးနဲ့ ဒီဂျီတယ် စီးပွားရေး ကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG