သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားမှာ ရုရှား စစ်အင်အား တိုးမြှင့် တည်ဆောက်


Latakia မြို့အနီးက လေတပ်အခြေစိုက်စခန်းကို Sukoi ရုရှား တိုက်လေယာဉ် ၄ စင်း ရောက်။
Latakia မြို့အနီးက လေတပ်အခြေစိုက်စခန်းကို Sukoi ရုရှား တိုက်လေယာဉ် ၄ စင်း ရောက်။

ဆီးရီးယားနိုင်ငံအတွင်း ရုရှားနိုင်ငံရဲ့ စစ်ရေးတည်ဆောက်မှုဟာ တိုက်လေယာဉ်တွေပါ ရောက်လာတဲ့အတွက် နောက်တဆင့် တိုးမြင့် သွားပြီ ဖြစ်ပါတယ်။

Latakia မြို့အနီးက လေတပ်အခြေစိုက်စခန်းကို Sukoi ရုရှား တိုက်လေယာဉ် ၄ စင်း ရောက်လာတယ်လို့ အမေရိကန် အရာရှိတွေက သောကြာနေ့မှာ ပြောပါတယ်။ ရုရှား ရဟတ်ယာဉ် စုစုပေါင်း ၈ စင်းရောက်နေတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

ရုရှားနိုင်ငံရဲ့ အဆုံးသတ် ရည်ရွယ်ချက်ကို အတိအကျ မသိရပေမယ့်လည်း အစောပိုင်း တွေ့ရတဲ့အခြေအနေအရ ဆီးရီးယားတပ်ဖွဲ့တွေကို လေကြောင်း အကူအညီပေးဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အကူအညီပေးဖို့အတွက် ဖြစ်နိုင်ကြောင်း အမည်မဖော်လိုတဲ့ အမေရိကန် ထောက်လှမ်းရေး အရာရှိတွေက ဗွီအိုအေကို ပြောပါတယ်။

အခုချိန်ထိ ရုရှားခြေလျင်တပ်ဖွဲ့ဝင် ၅၀၀ ဆီးရီးယားနိုင်ငံ အတွင်းကို ရောက်နေပြီး နောက်ထပ် ရောက်လာဖို့လည်း ရှိနေတယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး Ash Carter နဲ့ ရုရှား ကာကွယ်ရေးဝန်ကြီးတို့ တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုပြီး နာရီပိုင်းအကြာမှာပဲ ဆီးရီးယားနိုင်ငံကို ရုရှားက လက်နက်အင်အား တိုးမြင့် ရောက်ရှိနေတယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်လာတာပါ။ ဝန်ကြီး ကာတာဟာ ကာကွယ်ရေးဝန်ကြီးဖြစ်လာပြီး ပထမဆုံးအကြိမ်အဖြစ် ရုရှား ကာကွယ်ရေးဝန်ကြီးနဲ့ စကားပြောတာ ဖြစ်ပါတယ်။

XS
SM
MD
LG