သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသက် (၇၂) အရွယ် အမေရိကန်တဦးကို ရုရှားက ထောင်ဒဏ်ချမှတ်


ယူကရိန်းမှာ နယ်မြေကာကွယ်ရေးတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းခဲ့မှုနဲ့ ရုရှားတရားရုံးတခုက ထောင်ချလိုက်တဲ့ အမေရိကန်နိုင်ငံသား Stephen Jomes Hubbard
ယူကရိန်းမှာ နယ်မြေကာကွယ်ရေးတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းခဲ့မှုနဲ့ ရုရှားတရားရုံးတခုက ထောင်ချလိုက်တဲ့ အမေရိကန်နိုင်ငံသား Stephen Jomes Hubbard

ရုရှားတရားရုံးတခုက အသက် (၇၂) နှစ်အရွယ် အမေရိကန်နိုင်ငံသားတဦးကို ယူကရိန်းမှာ ကြေးစားစစ်မှုထမ်းဆောင်မှုနဲ့ ထောင်ဒဏ် (၆) နှစ်နဲ့ (၁၀) လ ချမှတ်လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု Michigan ပြည်ဖွား Stephen Jomes Hubbard ဟာ တလကို ဒေါ်လာ (၁,၀၀၀) နဲ့ ယူကရိန်းအရှေ့ပိုင်းဒေသမှာ နယ်မြေကာကွယ်ရေးအဖွဲ့ဝင်အဖြစ် ထမ်းဆောင်ခဲ့တယ်လို့ စစ်ဆေးသူတွေက ဆိုပါတယ်။ ရုရှားတပ်တွေဝင်ရောက်လာပြီး ၂၀၂၂ ခု၊ ဧပြီလ ၂ ရက်နေ့မှာ ရုရှားစစ်သားတွေက သူ့ကိုဖမ်းဆီးခဲ့တာလို့ ရုရှားနိုင်ငံပိုင် RIA သတင်းမှာ ဖော်ပြထားပြီး အပြစ်ရှိကြောင်း ဝန်ခံတယ်လို့လည်း ဆိုပါတယ်။

သူ့ညီမနဲ့ဆွေမျိုးတဦးကတော့ Hubbard ဝန်ခံတယ်ဆိုတာ မဖြစ်နိုင်ကြောင်းနဲ့ သူ့အသက်အရွယ်နဲ့ လက်နက်ကိုင်တယ်ဆိုတာလည်း မဖြစ်နိုင်ကြောင်း Reuters ကို ပြောပါတယ်။ Reuters သတင်းဌာနက သူ့ရှေ့နေကို ချက်ခြင်းဆက်သွယ်မရသေးတာကြောင့် အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

မော်စကိုမှာရှိတဲ့ အမေရိကန်သံရုံးပြောခွင့်ရတဦးကတော့ အမေရိကန်နိုင်ငံသားတယောက် ထိန်းသိမ်းခံရတယ်ဆိုတာကလွဲလို့ အသေးစိတ်ပြောဖို့ ငြင်းဆန်ခဲ့ပါတယ်

အသက် (၇၂) အရွယ် အမေရိကန်တဦးကို ရုရှားက ထောင်ဒဏ်ချမှတ်
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG