သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့ ပေါင်းသင့်မသင့် ခရိုင်းမီးယားဆန္ဒခံယူပွဲကျင်းပ


ရုရှားအလံကိုင်ပြီး မဲပေးနေတဲ့ အမျိုးသမီးတစ်ဦး။
ရုရှားအလံကိုင်ပြီး မဲပေးနေတဲ့ အမျိုးသမီးတစ်ဦး။
Crimea ဒေသကို ယူကရိန်းနိုင်ငံတည်းကခွဲထွက်ပြီး ရုရှားနိုင်ငံနဲ့ပူးပေါင်းမလား၊ ပိုပြီးကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ရပ်တည်မလားဆိုတဲ့
ဆန္ဒခံယူပွဲကို Crimea ဒေသမှာ ပြုလုပ်နေပါတယ်။

ရုရှား ရေတပ်မဟာအခြေစိုက်ထားတဲ့ Sevastopol မြို့မှာ မဲရုံတွေ မဖွင့်ခင်ကတည်းက မဲရုံအပြင်မှာ မဲပေးချင်သူတွေ တန်းစီ စောင့်နေခဲ့ကြပါတယ်။ Crimea ရဲ့မြို့တော် Simferopol မြို့မှာလည်း မဲရုံဖွင့်ပြီး မိနစ်ပိုင်း အကြာမှာပဲ ဒေသဝန်ကြီးချုပ် Sergei Aksyonov က မဲထည့်ခဲ့ပါတယ်။ ခုလို Crimea မှာ ဆန္ဒခံယူပွဲ လုပ်နေတာကို Kiev မြို့တော်က ယူကရိန်းပြည်သူတွေက အနီးကပ်စောင့်ကြည့်နေကြပြီး ဒီဆန္ဒခံယူပွဲဟာ တရားမဝင်ဘူးလို့
ပြောနေကြပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Crimea ဒေသမှာလုပ်နေတဲ့ ဆန္ဒခံယူပွဲရလာဒ်တွေကို အသိအမှတ်မပြုဖို့ နိုင်ငံတွေကို တိုက်တွန်းထားတဲ့ ဆုံးဖြတ်ချက် မူကြမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ စနေနေ့က မဲခွဲခဲ့တာမှာ Russia က Veto သုံး ပယ်ချခဲ့ပါတယ်။ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၃ နိုင်ငံမှာ တရုတ်နိုင်ငံက
ဆုံးဖြတ်ချက်ကြောင့် ထိပ်တိုက်ရင်ဆိုင်မှုတွေ ရှုပ်ထွေးမှုတွေ ဖြစ်စေလိမ့်မယ်လို့ ပြောပြီး မဲမပေးဘဲ ကြားနေခဲ့ပါတယ်။

တကယ်လို့သာ ဒီဆုံးဖြတ်ချက်ကို အတည်ပြုနိုင်ခဲ့မယ်ဆိုရင် ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို ထပ်အာမခံပြီး ဆန္ဒခံယူပွဲဟာ တရားမဝင်ဘူးလို့
ကြေညာနိုင်မှာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို အတည်မပြုနိုင်တာက ဝမ်းနည်းစရာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Samantha
Power က ပြောကြားခဲ့ပါတယ်။

အမေရိကန်တို့ ရေးဆွဲခဲ့တဲ့ ဆုံးဖြတ်ချက်မူကြမ်းဟာ နိုင်ငံတကာဥပဒေ အခြေခံမှုတွေကို ဆန့်ကျင်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။ ယူကရိန်းနိုင်ငံတောင်ပိုင်းမှာ ရှိတဲ့ Crimea ဒေသမှာ အများစုက ရုရှား မျိုးနွယ်ဝင်တွေဖြစ်ကြပါတယ်။ ရုရှားအကျိုးစီးပွားအတွက် Crimea ဒေသကို ကာကွယ်ပိုင်ခွင့်ရှိတယ်လို့ ရုရှားအစိုးရက ပြောထားပါတယ်။
XS
SM
MD
LG