သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြေးစားတပ် ပုန်ကန်မှု ပူတင်အုပ်စိုးရေး အက်ကွဲကြောင်းဟု ကန်သုံးသပ်


Russian Wagner fighters start pulling out of Rostov-on-Don
Russian Wagner fighters start pulling out of Rostov-on-Don

ရုရှား စစ်ခေါင်းဆောင်မှုကို ဆန်ကျင်ပြီး ကြေးစားတပ်ခေါင်းဆောင် ယက်ဂျင်န်းနီ ပရီဂိုဇင် Yevgeny Prigozhin က ပုန်ကန်လိုက်တာ ဟာ သမ္မတ ပူတင် ရဲ့ ဆယ်စုနှစ်စုကြာ အုပ်ချုပ်ရေး မှာ အလွန်ကြီးမားတဲ့ အကွဲအအက်ကို ပြသတာ ဖြစ်ပြီး၊ ၁၆ လကြာ ယူကရိန်းစစ်ကို တိုက်ခိုက်ခဲ့တဲ့ အခြေခံအယူအဆအပေါ် မေးခွန်းထုတ်လိုက်တာဖြစ်တယ်လို့ အမေရိကန်က တနင်္ဂနွေနေ့က ပြောပါတယ်။

ယူကရိန်းစစ်ဟာ စီးပွားရေး၊ စစ်ရေး၊ ပထဝီ နိုင်ငံရေး နယ်ပယ်အနှံ့ ပူတင်အတွက် မဟာဗျူဟာ ပျက်သုဥ်းကျဆုံးမှု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အေဘီစီ သတင်းဌာန နဲ့ အင်တာဗျူး မှာ ပြောပါတယ်။ အကွဲအအက်တွေပေါ်လာတာကို မြင်နေရပေမဲ့၊ နောက်ဆုံးခန်းကိုမြင်ရတာတော့ မဟုတ်ပါဘူး လို့ မစ္စတာ ဘလင်ကန်က ဆိုပါတယ်။ ဘယ်လာရုစ်သမ္မတ ကြားဝင်စေ့စပ်ပေးတာကြောင့် ယက်ဂျင်န်းနီ ပရီဂိုဇင် Yevgeny Prigozhin ပြန်ဆုတ်မသွားမီ စနေနေ့ က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ခုလို ပြောခဲ့တာပါ။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ကလည်း မဟာမိတ် အနောက်နိုင်ငံတွေ က ခေါင်းဆောင်တွေ နဲ့ရော၊ အမျိုးသားလုံခြုံရေးတာဝန်ရှိသူတွေနဲ့ပါ Camp David အနားယူစခန်းကနေ စကားပြောခဲ့တယ်လို့ ဝန်ကြီး ဘလင်န်ကန် က ဆိုပါတယ်။

ယူကရိန်းစစ်ပွဲကို ရုရှားဘက်က ဝင်တိုက်ပေးနေတဲ့ ဝက်ဂ်နာ ကြေးစားတပ် ခေါင်းဆောင် ယက်ဂျင်န်းနီ ပရီဂိုဇင် Yevgeny Prigozhin ဟာ ခု အခါမှာ ဘယ်လာရုစ် ကို ရောက်နေပြီလားဆိုတာလည်း မသိကြရသေးပါဘူး။ သူနဲ့အတူ ပုန်ကန်ကြတဲ့ ကြေးစားစစ်သားတွေ ပါသွားလား မသွားလားလည်း မသိကြသေးပါဘူး။ ခုလို ဆုတ်ဖို့ သဘောတူလိုက်တဲ့အတွက် အဲဒီ စစ်သားတွေ ကို အရေးမယူဘူးလို့တော့ ရုရှား အစိုးရက ဆိုပါတယ်။ ပုန်ကန်ရာမှာ မပါဝင်ခဲ့တဲ့ တခြား ကြေးစားစစ်သားတွေ နဲ့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက စာချုပ်ဆက်လက်ချုပ်ဆိုမယ်လို့ ရုရှား အစိုးရ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြောပါတယ်။

XS
SM
MD
LG